ကချင်ပြည် မန်စီဒေသက ပေးစာ

Wednesday, March 9, 2011

ကချင်ပြည်နယ် ဗန်းမော် မန်စီဒေသ ကားလမ်းမတလျောက် တနေ့ထက် တနေ့ သစ်တွေ ခိုးထုတ်နေတဲ့အတွက် မန်စီဒေသခံ (နယ်ခံ) တွေ အိမ်ဆောက်ဖို့ သစ်အခက်အခဲ ကြုံတွေ့နေရပါတယ်။

သစ်တွေကို ခိုးထုတ်ပြီး မန်စီကားလမ်းမ တလျောက် ၂၁၊ ၂၆၊ ၃၁၊ ၃၄၊ ဘော်နွယ်၊ ကျောက်ဖျာ၊ မန်ဝန်းကြီး စတဲ့ ထွက်ပေါက်တွေကနေတဆင့် တရုတ်ပြည်ဘက်ကို ပို့နေပါတယ်။

ဒီ သစ်ကုန်သည်တွေကို ကျနော်တို့ နယ်ခံတွေအနေနဲ့ ဟန့်တားမှုတွေ ပြုလုပ်ချင်ပေမယ့် ခက်ခဲမှု အပိုင်း အများကြီးရှိနေပါတယ်။ နာမည်အကြီးဆုံး အဆိုးဆုံး သစ်ကုန်သည် အုပ်စုတစု ကတော့ မန်စီက ကြံ့ဖွံ့ အမတ် ဦးခွန်ဆန့် (Hkun San) နဲ့ ပူးပေါင်းပြီး တရုတ်လူမျိုးဖြစ်တဲ့ မော်ရုံး၊ ကချင်လူမျိုး ၂ ဦးဖြစ်တဲ့ ဘရန်နူးနဲ့ D တန်ဂွန်းတို့ အဖွဲ့ပဲ ဖြစ်ပါတယ်။

ဒီအဖွဲ့တွေက မန်စီဒေသခံ ကချင်တွေအပေါ် အနိုင်ကျင့် အာဏာပြမှုတွေ တနေ့ထက်တနေ့ အခြေအနေ ပိုမိုဆိုရွား နေပါတယ်။ ဒီလူတွေကို ရာဇ၀တ်ကောင်တွေအဖြစ် သတ်မှတ်သင့်တယ်။ ကချင် KIA အဖွဲ့အစည်း ကလည်း ကိုယ်လူမျိုးအပေါ် အနိုင်ကျင့် အာဏာပြနေတဲ့ ဒီလူတွေကို စုံစမ်း စစ်ဆေးသင့်တယ်လို့ မြင်ပါတယ်။

မန်စီဒေသခံများ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved