၃/၈၈ အင်းလျား

Saturday, March 12, 2011

၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်ရဲ့ နွေနေ့ခင်းအောက်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းတော်သားတွေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ မတရားမှုတွေကို ရှုတ်ချသပိတ်မှောက် ဆန့်ကျင်ရင်း ပြည်လမ်းတလျှောက် ချီတက်ခဲ့ကြတယ်။

အင်းလျားကန်ဘောင်ရိုးတလျှောက် အော်ဟစ်ချီတက်နေဆဲ လုံထိန်းရဲတွေနဲ့ စစ်တပ်ဟာ လမ်းနှစ်ဖက်စလုံးက ရှေ့ကရော၊ နောက်ကပါ ရောက်လာကြပြီး ညှပ်ပူး ညှပ်ပိတ် လူမဆန်စွာ အတင်းရိုက်နှက် နှိမ်နင်းခဲ့တယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသူကျောင်းသားတွေဟာ ကစဥ့်ကလျားနဲ့ လူစုခွဲ ထွက်ပြေးကြရတယ်။ လူနေရပ်ကွက်တွေထဲ ပြေးဝင်နိုင်သူတွေက ဘေးကနေ လွတ်ငြိမ်းခဲ့ပေမယ့် ကန်ဘောင်ရိုးဘက် ထွက်ပြေးသူတွေကို တရားလက်လွတ် ရိုက်နှက်ဖမ်းဆီးတာကြောင့် ကျောင်းသားကျောင်းသူတွေရဲ့သွေး မြေကျခဲ့ရတယ်။

ငယ်ရွယ်နုပျိုတဲ့ ကျောင်းသူတချို့ အသက်ဆုံးရှုံးခဲ့တယ်။ တံတားဖြူဟာ တံတားနီလို့ သမိုင်းတွင်ရတဲ့အထိ ကျောင်းတော်သားတွေရဲ့ ရင်ထဲ နာကျင်ခံစားခဲ့ရတယ်။

ဒီသီချင်းကို ၁၉၈၉ ခုနှစ် ဘုရားသုံးဆူနယ်မြေမှာ ရေးဖြစ်ခဲ့တယ်။ အမှတ်တရ ဒဏ်ရာအဖြစ်ပေါ့။ ကိုမွန်းအောင်က “ငြိမ်းချမ်းရေးတိုက်ပွဲ” ဆိုတဲ့ သီချင်းခွေ ၁၉၉၂ ခုနှစ်မှာ ထုတ်တော့ ဒီသီချင်း ပါတယ်။

ယခုနှစ်ပတ်လည်မှာ ကျဆုံးသွားသူတွေရော ထောင်ထဲရောက်နေသူတွေကိုပါ လွမ်းလို့ရယ်၊ နားမထောင်ဖူးသေးတဲ့ မျိုးဆက်သစ်တွေကို နားဆင်စေချင်တာရယ်ကြောင့် တင်ပေးလိုက်ပါတယ်။

ရဲနည်


1 comments :

  1. timothy said... :

    ဥဒါန်းမကြေကမ္ဘာတည်သရွေ့၊ဒို့တတွေမမေ့အစဉ်ပါ။
    ၈၈ အရေးတော်ပုံကြီးမှာလူသတ်သမားများရဲ့ရက်ရက်စက်စက်ရိုက်နှက်သတ်ဖြတ်မှုကြောင့်၊
    တိုင်းပြည်အတွက်စတေးခံသွားကြတဲ့ရဲဘော်အာဇါနည်များကို
    အလေးပြုပါတယ်။
    လူသတ်သမားအသေဆိုးနဲ့သေသွားသူ၊အဝီဇိဂျိုးကပ်နေပြီဖြစ်တဲ့နေဝင်းကို
    ဘယ်တော့မှခွင့်မလွှတ်နိုင်သလို၊
    နေဝင်းအမျိုးအနွယ်ဝင်အားလုံးလူညွန့်တုံးအောင်၊
    လူ့လောကမှလက်မခံပြစ်ပါယ်တဲ့ဒါဏ်ခတ်နည်းများနဲ့၊
    ဘာမှလုပ်ကိုင်မစားသောက်နိုင်အောင်လုပ်ကြမယ်လို့၊
    ကတိပြုကြပါတယ်။
    ဘယ်တော့မှမမေ့နိုင်ပါဘူး။

ို

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved