ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မြန်မာ ပြည်ဝင်ခွင့်ဗီဇာ အငြင်းခံရ
Wednesday, March 9, 2011
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းကို မြန်မာ ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဒုတိယအကြိမ် အငြင်းခံရတယ်လို့ DVB သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ ဂေါ်ဒွန် ဘရောင်းက “ကျနော်တို့ မျိုးဆက်ရဲ့ ဒီမိုကရေစီအရေး မဟာ ဖိုက်တာကြီး” ကို သွားတွေ့ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
၂၀၁၀ မေလမှာ ရာထူး ၃ နှစ်သက်တမ်းပြည့်လို့ အနားယူခဲ့တဲ့ မစ္စတာ ဂေါ်ဒွန် ဘရောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။ အရင်တကြိမ်းကလည်း မစ္စတာ ဂေါ်ဒွန် ဘရောင်း ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။
Ref: DVB
13 comments :
  1. yoo said... :
    " ဟူး....ငါလဲ ဟို အမေရိကန်ငတ ကို လှမ်းမေးရမဲ့ကိန်းဆိုက်
    နေပြီ...၊ ဘယ်လို ရေကူးပြီး ခိုးတွေ့ တယ်ဆိုတာကိုပါ..၊
    အဟဲ..ဗြိတိသျှဘဦး ပေါ့..အဟဲ.."
  1. Anonymous said... :
    ဂေါ်ဒွန် ဘရောင်း လိုနိုင်ငံတကာက အသိအမှတ်ပြု ခေါင်းဆောင်ဟောင်းတယောက်ဟာ မြန်မာနိုင်ငံကို အဝင်မခံနိုင်လောက်အောင် ဘယ်လိုပြစ်ချက်တွေများ ကျူးလွန်ထားလို့လဲ။ ဒါတွေဟာ စစ်အစိုးရက အရာအားလုံးကို သတိကြီးကြီးထားပြီး အရင်ကထက် မလျှော့တဲ့ (ပိုတောင်ပိုနိုင်တဲ့) စီစစ်မှုတွေကို အမေစု လွတ်လာပြီးကတည်းက လုပ်နေတာ သိသာလွန်းပါတယ်။ အခုတောင် ရန်ကုန်မှာ အင်တာပျက်တွေ လိပ်ထက်နှေးနေတာ အသိသာကြီးပါ။ လွှတ်တော် အမတ်တွေ တာဝန်မဲ့လွန်းတယ်။ ရေငုံနှုတ်ပိတ် လက်ညှိုးထောင်ခေါင်းညှိပ် နေနိုင်လွန်းတယ်။ အမတ်မဖြစ်ခင်ကမှ အပြောလေးနဲ့ပြောသေးတယ်။ အမတ်ဖြစ်မှ လေတောင် ကောင်းကောင်းမလည်ရဲတော့တဲ့ဘဝ။ သမိုင်းမှာ ဒီအမတ်တွေ သာပေါင်းညာစားတွေဖြစ်သွားပြီ။ စစ်အစိုးရရဲ့ အတိုက်အခံမဟုတ်တော့ဘူး။ သာပေါင်းညာစားတွေဖြစ်သွားပြီ။ ဘာလဲ ဂေါ်ဒွန်ဘရောင်းက ဗုံးခွဲမှာစိုးလို့လား။ အင်္ဂလန်လို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံက ဝန်ကြီးချုပ်ဟောင်းတယောက်ကို ပြည်ဝင်ခွင့်ငြင်းတာ စစ်အစိုးရ ရဲ့အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ စောက်ကျင့်တွေ ပဲဆိုတာ သိသာလွန်းတယ်။ ရွံဖို့တောင်ကောင်းတယ်။
  1. Anonymous said... :
    ဟုတ်တယ် သူငယ်ချင်း မင်းပြောတာငါလည်းထောက်ခံတယ်ကွာ
    ဘာမှ မဟုတ်တဲ့ လူဆိုးသူခိုးတွေကျတော့ ပြည်ဝင်ခွင့်ဗီဇာပေးပြီး
    တော့ တကယ့်ခေါင်းဆောင်ကြီးကျတော့ ဗီဇာငြင်းပယ်ရတယ်လို့
    တော်တော်အလိုက်ကန်းဆိုး မသိတဲ့နအဖဘဲ.....
  1. Anonymous said... :
    ပထွေးဘက်က နာနေကြပါလား။ မြန်မာနိုင်ငံအစိုးရခေါင်းဆောင်တွေကျ UK ဗီဇာမပေးဘူး။ သူတို့ကျ လာချင်တိုင်းလာရအောင် ဒါ ၁၈၈၆ မဟုတ်ဘူး။
  1. mg said... :
    အပေါ်က ပညာရှိ သုခမိန် ပုဂ္ဂိုလ်ကြီးများ-
    နိုင်ငံတစ်ခုအတွင်းကိုဝင်ဖို့ဆိုတာ ဂေါ်ဒန်ဖယောင်းလို ၀န်ကြီးချုပ်ဟောင်းမဆိုထားနဲ့ ကုလသမဂ္ဂဘန်ကီးမွန်းတောင်မှ
    အဲဒီသက်ဆိုင်ရာ နိုင်ငံအစိုးရက ခွင့်ပြမှ ၀င်လို့ရတာ။ပေါက်လားတော့မသိဘူး။
    မြန်မာအစိုးရက ဘယ်အ၀င်ခံမလဲ။တစ်ချိန်လုံး မြန်မာအစိုးရကို ပုတ်ခတ်နေတဲ့သူ အကောင်းမြင်တာတစ်ခုမှမရှိတဲ့သူ။ဒီတော့ မြန်မာအစိုးရရဲ့ ငြိုငြင်မှုကိုခံရပြီပေါ့။သူတို့အနောက်နိုင်ငံတွေတောင်မှ မြန်မာစစ်အစိုးရကို ဗီဇာပိတ်ထားတာပဲ အခုသူတို့က ပြန်ပိတ်တာ ဘာဆန်းလို့လဲ?
  1. Anonymous said... :
    ပြောတော့နအဖကိုစီးပွားပိတ်ဆို့တယ် မြန်မာပြည်စီးပွားရေးကျတော့ ပတ်စပို့အနီကိုင်တဲ့မြန်မာပြည်သားကို ဖိနှိပ်တယ် ..နိုင်ငံတကာရဲ့အလယ်ကျတော့ ကယ်တင်ရှင်ကြီးလုပ်တယ် မြန်မာပြည်သားတွေကျတော့ သူနိုင်ငံေ၇ာက်ဘက်စုံက ဖိနှိပ်တယ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေပါတယ်ဆိုပြီး နာမည်ကောင်းယူဦးမယ် ..ဘာပြောချင်သေးလဲ ဗီဇာအပယ်ခံရတော့ ကျစမ်းသိက္ခာတထွေးကြီး..နည်းတောင်နည်းသေးတယ်
  1. အားရတယ်ဗျာ... ၀ဠ်လည်တာပဲ... နည်းတောင်နည်းသေးတယ်... သူတို့ကို သူတို့ဘာများ အောက်မေ့နေကြလဲမသိဘူး စီးပွားရေးပိတ်နေသ၍ အဲဒီလိုကောင်တွေကို နှစ်ကြိမ်မဟုတ်ဘူး တစ်သက်လုံး ပေးဝင်စရာ အကြောင်းမရှိဘူး..
  1. Anonymous said... :
    တို့လိုဖြစ်မှာပေါ့နော်
    ဘာပြောချင်သေးလဲ နည်းတောင်နည်းသေးတယ် အားရတယ်ဗျာ
    အကောင်းတစ်ခုမှမရှိတဲ့သူ ဘာဆန်းလို့လဲ
  1. swarne said... :
    သွးသစ္စာ said...
    အားရတယ်ဗျာ... ၀ဠ်လည်တာပဲ... နည်းတောင်နည်းသေးတယ်... သူတို့ကို သူတို့ဘာများ အောက်မေ့နေကြလဲမသိဘူး စီးပွားရေးပိတ်နေသ၍ အဲဒီလိုကောင်တွေကို နှစ်ကြိမ်မဟုတ်ဘူး တစ်သက်လုံး ပေးဝင်စရာ အကြောင်းမရှိဘူး..
    ha ha ha, do you really Gordon Brown will be very regret because he could not visit Myanmar in his life time? Nothing to lose for him. Only reason he want to come is just to learn how can he help this troubled and poor people..all who lose is Myanmar people whom he can help at least.
    @Anonymous said.မန်မာပြည်သားတွေကျတော့ သူနိုင်ငံေ၇ာက်ဘက်စုံက
    ဖိနှိပ်တယ် Have you ever been to UK?
    In UK you will be treated more or less equally.
    The worst places is around Asian countries..China, India, Singapore, Malaysia, Thailand..They really discriminated red passport of Myanmar..This is a living witness because I've been to all this places..
  1. swane said... :
    @ mg (သုခမိန်)..
    အကောင်းမြင်တာတစ်ခုမှမရှိတဲ့သူ။ဒီတော့ မြန်မာအစိုးရရဲ့ ငြိုငြင်မှုကိုခံရပြီပေါ့။
    Do you really understand what matter in world politic is? To day's world UN Ge-Sec Bankinmoon is nothing more than a puppet of so called United Nation convention. Actually no one including Myanmar gov cares about UN. Countries like USA, UK,France, Russia and China are 10 times more important than UN itself because they are permanent members of UN Security Council. Even though you don't know this, that is well understood by Myanmar gov.
    Positive view အကောင်းမြင် is not really important. The important view is realistic view.
    Can you really positively view if some one robs and kill your parents? by saying oh yes the robbers really need some money.(positively)
  1. ဂေါ်ဒွန်ဘရောင်း ပြည်ဝင်ခွင့်ရ၊မရသည် မြန်မာပြည်သားများအတွက် ဘယ်လောက်အရေးကြီး သည်မသိ??? သူ မလာရ၏၊ လာရ၏ကို မြန်မာပြည်သူများ ဘာဖြစ်လို့ နာသူကနာ၊ သာသူကသာဖြစ်နေကြသည်မသိ??? သူလာလာ မလာလာဒါပါပဲ။ သူပြောချင်တာရှိဖုန်း၊အင်တာနက်နဲ့ပြောလို့ရသပ။ လာချင်တယ်ဆိုတာ သူ့အလုပ်သူလုပ်ခြင်းသာဖြစ်သည် (ရှင်းရှင်းပြောရရင်တော့ သူ့အတွက်ပဲ)။ မြန်မာပြည်သူများကိုယ့်အလုပ်ကိုယ်လုပ်ပါ။ :)
  1. Anonymous said... :
    နာသူက ပြည်သူ
    သာသူက မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ
    အင်္ဂလန်ကထေက်ပံ့ငွေတွေ ယူခိုးက
    ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ :)
  1. Anonymous said... :
    ဒီလူမှ မဟုတ်ပါဘူး.. လက်ရှိ ၀န်ကြီးချုပ်ဖြစ်ဖြစ်.. ဘုရင်မကြီး ဖြစ်ဖြစ် လာမယ်ဆိုရင်တောင် မြန်မာဟာ ဗီဇာမပေးသင့်ပါဘူး.. ကိုယ့်အစိုးရပိုင်းကို ပြည်ဝင်ခွင့်ပိတ်တယ်လို့ သူတို့ပြောချိန်မှာ သူတို့အစိုးရပိုင်းကို ပြည်ဝင်ခွင့် ပေးရလောက်အောင်တော့ မနှိမ့်ချပါနဲ့.. ရှင်းရှင်းပြောရင် ဂျင်ဝက်တို့ ဆီးနိတ်အမတ်တို့ကို ပြည်ဝင်ခွင့် ပေးခဲ့တာတောင် စစ်အစိုးရဟာ အရှက်မရှိလို့ ပေးဝင်တာလို့ မြင်ပါသေးတယ်.. မြန်မာဆိုတဲ့ နိုင်ငံနဲ့ အင်္ဂလန်ဆိုတဲ့ နိုင်ငံ နှစ်ခုအနေနဲ့ပဲ ကြည့်ပါ.. သူလက်မခံတဲ့ အချိန်မှာ ကိုယ်ကလက်ခံပေးရအောင် ဘာများ ကျေးဇူးတွေရှိလို့လဲ.. ရှင်းရှင်းပြောရင် ကိုယ့်ဆီက ၀ါးသွားတာတွေတောင် ခုခြေမနဲ့ ကော်ထုတ်လို့ ရသေး..
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved