ထိပ်ဆုံးက အမျိုးသမီး ၁၀၀

Tuesday, March 8, 2011





လန်ဒန်အခြေစိုက် ဂါးဒီးယန်း သတင်းစာက ထိပ်ဆုံးက အမျိုးသမီး ၁၀၀ စာရင်းကို စာရင်းပြုစုလိုက်ပါတယ်။ သူတို့ တွေကတော့ နိုင်ငံရေးနယ်ပယ်မှာ လွှမ်းမိုးမှု အရှိဆုံး၊ သြဇာအရှိဆုံး အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမှတ်စဉ် ၁ ကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။ ၂ က ချီလီ သမ္မတဟောင်းနဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း မီရှဲလ် ဘက်ခ်ျလက်ပါ။ သူကတော့ အခု ကုလသမဂ္ဂ အကြီးအကဲပေါ့။ ၃ ယောက်မြောက်က ဂရို ဟာလန် ဘရန်ဒလန် ဖြစ်ပါတယ်။ သူက နော်ဝေ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ဆရာဝန်အဖြစ် အသက် မွေးခဲ့တဲ့ သူဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ နံပါတ် ၄ ကတော့ အားလုံးသိကြတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ပါ။ ကျန်တဲ့သူတွေကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။

2 comments :

  1. Anonymous said... :

    ဂရို ဟာလန် ဘရန်ဒလန် ဟာ နော်ဝေ နိုင်ငံရဲ့ ဝန်ကြီးချုပ် မဟုတ်ပါ။ တခုခုတော့ မှားနေပါပြီ.. သေချာလေ့လာနိုင်ပါသည်။ http://www.regjeringen.no/nb.html?id=4

  1. Aung said... :

    I live in Norway. Gro is former prime minister of Norway. All the facts are true but IRRAWADDY need to say it is former.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved