လူပျိုပေါက် ဂီတာ စတီးတတ်အရွယ်မှစ၍ ယခုချိန်အထိလည်း မိုးသီချင်းများကို ခံစားချက်ဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ သီဆိုဟစ်ကြွေးခဲ့သည်။ ကောင်မလေး အိမ်ရှေ့ ညညဂစ်တာသွားတီးတာတောင် နွေခေါင်ခေါင်တွင်ပင် မိုးသီချင်းများကို မဆီမဆိုင် သီဆိုခဲ့သည်၊ ထိုသီချင်းများကြောင့်ပင် ကောင်မလေးက အိမ်ပေါ်ထပ်မှနေ၍ သနပ်ခါးတုံးဖြင့် ထုခဲ့ဖူးသည်ကိုလည်း အမှတ်ရနေခဲ့သည်။ ကောင်မလေးနှင့် ပတ်သက်တာကို မသီဆိုဘဲ မိုးသီချင်းကိုသာ သီဆိုသောကြောင့် ကောင်မလေးက အပေါ်ထပ်မှနေ၍ “နင် ငါ့ဆီမလာနဲ့တော့ … နင့်မိုးဆီကိုသာသွားတော့ … သောက်ညင်ကပ်တယ်” ဟု ဆုပေးခဲ့ဖူးသည်။ မိုးကို အဲလောက် အဲလောက်ချစ်တာ။
အခု လူလတ်ပိုင်းအရွယ် ရောက်လာသည်အထိ မိုးကို ခင်တွယ်နေတုန်း၊ သို့သော် အရင်လို နှစ်နှစ်ကာကာ မရှိသလို ခံစားရသည်။ အကြောင်းကား …
သူများလို ကားမစီးနိုင်သဖြင့် ဆိုင်ကယ် ဖွတ်ချက် ဖွတ်ချက်လေးစီးကာ မိုးရွာထဲတွင် သွားရသည့်ဘဝကို ရွံမုန်းလာသည်၊ ပင်ပန်းလွန်းသည်ဟု ခံစားရလာသည်။ အလုပ်သွား မိုးမိ၊ အလုပ်ပြန်မိုးမိ၊ စိုစိုစိစိဖြင့် ညညအိပ်လျှင်လည်း ခေါင်းမိုးယိုသည့် ကိစ္စအား ဖြေရှင်းရသည်မှာလည်း တစ်မှု။ မနေ့ညက အလုပ်က အပြန် ဖောက်ပြန်သည့်မိုးက အညှိုးကြီးစွာ နွေခေါင်ခေါင် ရွာသွန်းလေတော့ မောင်မင်းကြီးသား ငအင် မိုးမိပါလေရော။ အိမ်ရောက်သည်နှင့် ဆေးတွေ ကမန်းကတန်းသောက် နွေးနွေးထွေးထွေး နေလိုက်တော့ မဖျားဖြစ်လိုက်ပါ။
သို့သော် … မနက်မိုးလင်း အလုပ်သွားတော့ တစ်လမ်းလုံး မိုးမိပြန်သည်၊ ဆိုင်ကယ်မောင်းရင်း မိုးကို တစ်လမ်းလုံး ကြိမ်ဆဲလာသည် (မိုးကြိုးမကလို့ ဘာကြီးနဲ့ပဲ ပစ်စေတော့)။
ဘယ်လိုပင် ဖြစ်စေ မိုးနှင့်ပတ်သက်လာလျှင် ငယ်စဉ်ကလို သံယောဇဉ် မရှိတော့တာ အမှန်ပင်၊ အမှန်တကယ်လည်း မိုးကို မုန်းလာမိသည်၊ အမှန်အကန် ပက်ပက်စက်စက်ကို မုန်းသွားမိသည်။ အဘယ်ကြောင့်ဆိုသော် … “ဟတ် … ဟတ် … ဟတ်ချိုး …” မိမိုးကို မုန်းလိုက်တာလေ ... မိမိုးကို မုန်းလိုက်တာလေး ဟေး ......................
ရွှင်လန်းချမ်းမြေ့ပါစေ …
ငအင်
တင်ပြစရာ ဧရာဝတီမှာ ရှားနေလားမသိပါ။ ဟာသတဲ့ ။ ဘာမှ ခံစားလို့ မရတာဟာ ဟာသဆိုရင်ဖြင့် ဒီဘလောက်ပိုင်ရှင်များ ရဲ့  စူးရောက်တဲ့ ရွေညန်တော်ရှင်ကို မှတ်တမ်းတင်ပါကြောင်း။ (ဘာအိုင်ဒီယာနဲ့မှ ခံစားလို့ မရပါ။ နိုင်ငံရေး။ သရော်စာ. ဘာနဲ့ မှ အကြုံးဝင်သည်ကို မတွေ့  ရပါ၊)
ဒေါက်တာလွမ်းဆွေခင်ဗျား အရည်အချင်းမရှိတာတွေကို လင့်မလုပ်စေလိုပါ။