မိမိုးကို မုန်းလိုက်ပြီ …

Wednesday, March 16, 2011

ကျနော် “ငအင်” နုနယ်စဉ် နှပ်ချေးတွဲလောင်း အရွယ်မှစ၍ ယခု ၁၇ ကို ၂ နဲ့မြောက် အရွယ်အထိ မိုးနှင့်ပတ်သက်လာလျှင် အလွန်ပျော်ခဲ့သည်၊ အလွန်ခံစားတတ်ခဲ့သည်။ ငယ်စဉ်က မိုးလေထဲ ဆော့ကစား ပြေးလွှားနေရတာကိုက နတ်ပြည်ရောက်သည်ထင်ခဲ့သည်၊ ဆရာ ဆရာမများ၏ ထားဝယ်ကြိမ်ကို မကြောက်တတ်ပဲ မိုးရွာလျှင် ကျောင်းပြေးကာ မိုးရွာထဲတွင် ဘောလုံးကန်၊ ကျိုင်းကောင်ဖမ်း၊ ပုဇွန်လုံး (ဂဏန်း) နှိုက်ဖြင့် အတော်လေးကို အပျော်ကျူးခဲ့သည်။

လူပျိုပေါက် ဂီတာ စတီးတတ်အရွယ်မှစ၍ ယခုချိန်အထိလည်း မိုးသီချင်းများကို ခံစားချက်ဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ သီဆိုဟစ်ကြွေးခဲ့သည်။ ကောင်မလေး အိမ်ရှေ့ ညညဂစ်တာသွားတီးတာတောင် နွေခေါင်ခေါင်တွင်ပင် မိုးသီချင်းများကို မဆီမဆိုင် သီဆိုခဲ့သည်၊ ထိုသီချင်းများကြောင့်ပင် ကောင်မလေးက အိမ်ပေါ်ထပ်မှနေ၍ သနပ်ခါးတုံးဖြင့် ထုခဲ့ဖူးသည်ကိုလည်း အမှတ်ရနေခဲ့သည်။ ကောင်မလေးနှင့် ပတ်သက်တာကို မသီဆိုဘဲ မိုးသီချင်းကိုသာ သီဆိုသောကြောင့် ကောင်မလေးက အပေါ်ထပ်မှနေ၍ “နင် ငါ့ဆီမလာနဲ့တော့ … နင့်မိုးဆီကိုသာသွားတော့ … သောက်ညင်ကပ်တယ်” ဟု ဆုပေးခဲ့ဖူးသည်။ မိုးကို အဲလောက် အဲလောက်ချစ်တာ။

အခု လူလတ်ပိုင်းအရွယ် ရောက်လာသည်အထိ မိုးကို ခင်တွယ်နေတုန်း၊ သို့သော် အရင်လို နှစ်နှစ်ကာကာ မရှိသလို ခံစားရသည်။ အကြောင်းကား …


သူများလို ကားမစီးနိုင်သဖြင့် ဆိုင်ကယ် ဖွတ်ချက် ဖွတ်ချက်လေးစီးကာ မိုးရွာထဲတွင် သွားရသည့်ဘဝကို ရွံမုန်းလာသည်၊ ပင်ပန်းလွန်းသည်ဟု ခံစားရလာသည်။ အလုပ်သွား မိုးမိ၊ အလုပ်ပြန်မိုးမိ၊ စိုစိုစိစိဖြင့် ညညအိပ်လျှင်လည်း ခေါင်းမိုးယိုသည့် ကိစ္စအား ဖြေရှင်းရသည်မှာလည်း တစ်မှု။ မနေ့ညက အလုပ်က အပြန် ဖောက်ပြန်သည့်မိုးက အညှိုးကြီးစွာ နွေခေါင်ခေါင် ရွာသွန်းလေတော့ မောင်မင်းကြီးသား ငအင် မိုးမိပါလေရော။ အိမ်ရောက်သည်နှင့် ဆေးတွေ ကမန်းကတန်းသောက် နွေးနွေးထွေးထွေး နေလိုက်တော့ မဖျားဖြစ်လိုက်ပါ။


သို့သော် … မနက်မိုးလင်း အလုပ်သွားတော့ တစ်လမ်းလုံး မိုးမိပြန်သည်၊ ဆိုင်ကယ်မောင်းရင်း မိုးကို တစ်လမ်းလုံး ကြိမ်ဆဲလာသည် (မိုးကြိုးမကလို့ ဘာကြီးနဲ့ပဲ ပစ်စေတော့)။

ဘယ်လိုပင် ဖြစ်စေ မိုးနှင့်ပတ်သက်လာလျှင် ငယ်စဉ်ကလို သံယောဇဉ် မရှိတော့တာ အမှန်ပင်၊ အမှန်တကယ်လည်း မိုးကို မုန်းလာမိသည်၊ အမှန်အကန် ပက်ပက်စက်စက်ကို မုန်းသွားမိသည်။ အဘယ်ကြောင့်ဆိုသော် … “ဟတ် … ဟတ် … ဟတ်ချိုး …” မိမိုးကို မုန်းလိုက်တာလေ ... မိမိုးကို မုန်းလိုက်တာလေး ဟေး ......................

ရွှင်လန်းချမ်းမြေ့ပါစေ …
ငအင်

5 comments :

  1. တင်ပြစရာ ဧရာဝတီမှာ ရှားနေလားမသိပါ။ ဟာသတဲ့ ။ ဘာမှ ခံစားလို့ မရတာဟာ ဟာသဆိုရင်ဖြင့် ဒီဘလောက်ပိုင်ရှင်များ ရဲ့  စူးရောက်တဲ့ ရွေညန်တော်ရှင်ကို မှတ်တမ်းတင်ပါကြောင်း။ (ဘာအိုင်ဒီယာနဲ့မှ ခံစားလို့ မရပါ။ နိုင်ငံရေး။ သရော်စာ. ဘာနဲ့ မှ အကြုံးဝင်သည်ကို မတွေ့  ရပါ၊)
    ဒေါက်တာလွမ်းဆွေခင်ဗျား အရည်အချင်းမရှိတာတွေကို လင့်မလုပ်စေလိုပါ။

  1. ဒီဆိုဒ်က ခုတစ်လောတော်တော်ပေါလာတယ်..နော်...

  1. Anonymous said... :

    ကျွန်တော်ဧရာဝတီသတင်းနှင့်ဆက်သွယ်လိုပါ၏။

  1. Khet Htan said... :

    ထူးခြားသော သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များအပြင် ဝေဖန်စာ၊ အကြံပြုစာ စသည်တို့ကို ဧရာဝတီ အရေးပေါ်မေးလ် theirrawaddynews@gmail.com သို့ ပေးပို့နိုင်ပြီး အရေးပေါ် ပြောဆိုချင်သည့် ကိစ္စများ ရှိပါက +66 884 319 466 ကို ခေါ်ဆိုနိုင်ပါတယ်။

  1. Anonymous said... :

    ထိုင်းနိုင်ငံတွင်မြန်မာနိုင်ငံသားများအခက်ခဲတွေကြားထဲကယခုချိန်
    ထိကြုံတွေ့နေဆဲပါ။ ထိုင်းလူမျိုးများ၏သွေးဆုတ်အမြတ်ထုတ်မှုကို
    လဲယနေ့ချိန်ထိခံနေရဆဲပါ။ ယာယီနိုင်ငံကူးရရှိသောလဲ မြန်မာ
    ပြည်သို့လွယ်လွယ်ကူကူမပြန်ရခြင်းများနှင့်ဆက်လျင်းပြီးပြောကြား
    လိုပါ၏။ ၁။ အိမ်ပြန်တဆိပ်တုံးထုခြင်းကိုမတရားယူခြင်း ဘတ်ငွေ
    ၁၀၀၀ ကန့်သတ်ထားသော်လဲ ၁၀၀၀အထက်တောင်းယူခြင်း
    ၂။ အပြန်လမ်းတွင်ငွေညစ်ယူခြင်း ၃။မြန်မာပြည်ဘက်မှကောက်ခံ
    ခြင်း ၄။မြန်မာပြည်အ၀င်တွင်အစစ်ဆေးနည်းမျိုးစုံနှင့်ငွေညစ်ယြူ
    များပြုလုပ်နေပါကြောင်းပြောကြားလိုပါ၏။
    ပြောကြားသူ .........ရွှေပြောင်းအလုပ်သမား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved