ဓာတ်ပုံ ဖြုတ်/ချိတ် ??

Thursday, March 31, 2011



အီးမေးနဲ့ ဖြန့်တဲ့ စာတစောင်ကို ထပ်ဆင့်ဝေမျှလိုက်ပါတယ်။ မနေ့က "အရပ်သား"အစိုးရ တက်လာချိန်အကြောင်း၊ ချိတ်ရမယ့် ချိတ်နေတဲ့ ဓာတ်ပုံတွေအကြောင်းလည်း ပါပါတယ်။ မင်းပြောင်းမင်းလွှဲ စိတ်ဝင်စားသူများ ဖတ်သင့်ပါတယ်။

-------------

ဒီနေ့ မနက်စောစော နိုးထဖြစ်တယ်။
မနက် ၇း၀၀ နာရီခွဲလောက်ဘဲ ရှိဦးမယ်။ ရ၀တရုံးရှေ့ က ဖြတ်လျှောက်တော့ ညက သတင်းတွေ နားထောင်ထားတဲ့အရှိန်နဲ့ ရုံးဆိုင်းဘုတ်ကို မော့ကြည့်လိုက်ပါတယ်။ ဆိုင်းဘုတ်ပြောင်းသွားပါပြီ။ ညကတည်းက ပြောင်းထားလိုက်တယ်လို့ ယူဆရပါတယ်။

ထို့ အတူပါဘဲ။ မြို့ နယ်ရုံးလည်း ဆိုင်းဘုတ်ပြောင်းထားတာ တွေ့ ရပါတယ်။ “ စမ်းချောင်းမြို့ နယ် မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှုးရုံး ” လို့  အမည်ရ ပါတယ်။ ခရိုင်တို့ တိုင်းတို့ လည်း ဆိုင်းဘုတ်တွေ ပြောင်းလိုက်ပြီ ထင်ပါတယ်။

ညနေပိုင်းက စပြီး သတင်းဌာနတွေရဲ့ အဆိုအရ “ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့  ဖွံ့ ဖြိုးရေးကောင်စီ ” ဆိုတာ နိဋ္ဌိတံခဲ့ပြီလို့ သိရပါတယ်။

ရပ်ကွက်ရုံးတွေထဲမှာ အရင် နအဖဥက္ကဌရဲ့ ဓာတ်ပုံကြီးတွေကို ဒီနေ့ ညအထိ တွေ့ နေရပါသေးတယ်။ ဘယ်လိုသဘော သက်ရောက်တယ်ဆိုတာ မသိနိုင်ပါဘူး။ ညွှန်ကြားချက် ရောက်မလာလို့  မဖြုတ်သေးတာ ဖြစ်နိုင်သလို တခြားအကြောင်းအရာအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်နေ့ တွေကို စောင့်ကြည့်ရပါဦးမယ်။

ကာကွယ်ရေးဦးစီးချုပ်လည်း အသစ်ခန့် အပ်လိုက်ပါပြီ။ သမ္မတသစ်လည်း ကျန်းကျိန်ပြီးပါပြီ။ ယနေ့ မှ စ အရပ်သားအစိုးရ အုပ်ချုပ်ပါပြီ။ ကြိုက် မကြိုက် ခဏထား၊ ဖြစ်နေသည်ကို လက်ခံရပါမယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဆုံးသမ္မတ စပ်ရွှေသိုက်ရဲ့ ဓာတ်ပုံကို အာဏာပိုင် အဖွဲ့ အစည်းများရဲ့ ရုံးတွေမှာ ချိတ်ဆွဲခဲ့ပါတယ်။ နောက်သမ္မတတွေ အသီးသီးဖြစ်လာကြတဲ့ ဦးဘဦး၊ မန်းဝင်းမောင်တို့ ရဲ့ ပုံတွေကိုလည်း ရုံးတွေမှာ တွေ့ ခဲ့ရပါတယ်။ သန့် ရှင်းအစိုးရ လက်ထက် ပါလီမန်က ရာထားတဲ့သမ္မတ သမ္မတဆမားဒူးဝါး ဆင်ဝါးနောင်ရဲ့ ဓာတ်ပုံကိုတော့ မြင်ခွင့်မရလိုက်ကြပါဘူး။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းသွားလို့ ဖြစ်ပါတယ်။ ဒီသမ္မတအားလုံးနဲ့ အတူယှဉ်ပြီး အမြဲမြင်ရတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

နောက်ဆုံး မဆလခေတ်အထိ ဗိုလ်ချုပ်ဘေးမှာ ဦးနေ၀င်းရှိခဲ့ရပါတယ်။ ဒီအကြောင်းတွေကို သက်ကြီးစကား သက်ငယ်ကြားလို့ သိခွင့်ရတာပါ။

ဒီကနေ့ သမ္မတသစ်ရဲ့ ဓာတ်ပုံကို ဌာနဆိုင်ရာရုံးတွေနဲ့ အာဏာပိုင်အဖွဲ့ အစည်းအသီးသီးမှာ ချိတ်ဆွဲထားသင့်တယ်လို့ ပြောကြပါတယ်။ အရင် နအဖဥက္ကဌရဲ့ ဓာတ်ပုံကို ဆက်ပြီး ထားမယ်ဆိုရင် အဓိပ္ဖာယ် မရှိပါဘူး။ ပြည်သူတွေရဲ့ အမြင်မှာ မေးခွန်းတွေ ထုတ်လာနိုင်ပါတယ်။

ထို့ အတူပါဘဲ အရင်ပါလီမန်ခေတ်တွေကလို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ယှဉ်ပြီး အခု သမ္မတသစ်ရဲ့ ပုံကို ရုံးတွေမှာ ချိတ်ဆွဲပြလိုက်ရင် ဘာတွေဘယ်လိုတုန့် ပြန်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။

အောင်မျိုးထွန်း
၃၀- ၃-၂၀၁၁

5 comments :

  1. Anonymous said... :

    လက်ရှိ သမတရဲ့ ချိတ်ဆွဲထားတဲ့ ပုံလေးတွေ လိုချင်တယ်ဗျာ ... ရှယ်ပေးနိုင်ရင် ကျေးဇူးအထူးကို တင်နေမှာ ...

  1. Anonymous said... :

    ဘယ်သူ့ပုံမှ ချိတ်စရာမလိုပါ။ ရုံးတွေမှာ နိုင်ငံတော်အလံကိုပဲ ဘောင်ကွပ်ကာ အသင့်လျှော်ဆုံး အမြင့်တစ်နေရာတွင်သာ ချိတ်ကပ် ထားရန်ဖြစ်သည်။ ခေါင်းဆောင်ပုံချိတ်ဖို့စိတ်ဆန္ဒရှိနေတဲ့ သူတွေက နောက်ထပ် အာဏာရှင်လက်သစ်တစ်ယောက် သူတို့စိတ်ထဲ မသိမသာ ထားချင်နေကြလို့ပဲ။

  1. Anonymous said... :

    flag?
    i don't like the stupid flag.
    ok?

  1. Anonymous said... :

    here is new President's photo

    http://www.google.com.sg/imglanding?q=gorilla&hl=en&sa=X&rlz=1B3GGHP_en___SG423&tbm=isch&prmd=ivnsu&tbnid=YC7ekGuiuodumM:&imgrefurl=http://fineartamerica.com/featured/gorilla-racks-harold-shull.html&imgurl=http://fineartamerica.com/images-medium/gorilla-racks-harold-shull.jpg&w=547&h=700&ei=IYWUTfWFHMTJcfTMmJYH&zoom=1&iact=rc&oei=84SUTdeYLYm8cN6muJkH&page=4&tbnh=142&tbnw=111&start=94&ved=1t:429,r:13,s:94&biw=1440&bih=736

  1. Anonymous said... :

ှုဧရာဝတီက ကောက်ကြောင်းကြိုပေးနေပါပြီ

    ၁၀၉ ၁၁၀ များကြိုတင်ပြင်ဆင်ထားကြပါ

    နိုင်ငံတကာရဲ့ သတင်းအစီအစဉ်တွေမှာ မိနစ်ဝက်ခန့် စာတပိုဒ်ခန့် သာပါတဲ့

    သတင်းကို နအဖ ကိုယ်စားများကြော်ငြာပေးနေတာလားဟင်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved