လူ နှစ်ယောက် မျောက်တကောင်

Monday, March 14, 2011



ကောလာဟလတွေကို မယုံပါနဲ့တဲ့။ သူတို့ ဘာမှမဖြစ်ကြပါဘူး ဆိုတဲ့သဘော ဖြေရှင်းထားတဲ့ပုံပါ။ ပြီးခဲ့တဲ့ အပတ်က ကောလာဟလတွေ အမျိုးမျိုး ထွက်တယ်မဟုတ်လား။ အဆိုတော်တွေနဲ့ မျောက်လောင်းလေး ရိုက်ကြလို့၊ ရဲလေးတောင် သေသွားတယ် ဘာညာနဲ့။ အဲဒါကို ပြန်ရှင်းတာ ထင်ပါရဲ့ (လတ်စသတ်တော့ ရိုက်ကြတာဟုတ်တယ် ... ဒါပေမယ့် ဓာတ်ပုံဖြစ်မယ်)။

ပုံကတော့ အရမ်းချစ်နေကြတဲ့ ပုံပါပဲ။ ဒါပေမယ့် အလယ်က မျောက်လောင်းလေးက ဘေးက အဆိုတော် ၂ ယောက်ကို ဓားထောက်ပြီး ဓာတ်ပုံ အရိုက်ခံခိုင်းထားတာကော မဖြစ်နိုင်ဘူးလား၊ စဉ်းစားကြည့်တာပါ။ သူ့ ဘိုးအေကြီးခိုင်းလို့ နေမပေါ့။

ဒါပေမယ့် မျောက်လောင်းလေး ကိုယ်တိုင်ကလည်း နာမည်ကြီးတွေနဲ့ ဓာတ်ပုံတွဲရိုက်ရတာ ကြိုက်ပုံပေါ်တယ် (သူကိုယ်တိုင်က နာမည်ဆိုးနဲ့ပဲ ကျော်ကြားတာဆိုတော့ နာမည်ကြီးတွေနား ကပ်ကပ်ပြီး အမှတ်ယူတာပေါ့။ ဇော်ဝင်းထွဋ်တို့ မျိုးလှိုင်ဝင်းတို့နဲ့လည်း တွဲရိုက်ဖူးသေးတယ်လေ) အခုလည်း အဆိုတော် ၂ ယောက်နဲ့ ...။

အဲ သူကတော့ အဆို တော်သလား မတော်သလား မပြောတတ်ဘူး ... သူ့ ဘိုးအေကြီးကတော့ အသံက လူနဲ့မလိုက်အောင် ညှောင်နာနာနဲ့မို့လို့ ရေဒီယိုမှာတောင် ပြည်သူတွေကို တခါမှ အသံထုတ် မိန့်ခွန်းမပြောတာ သိကြမှာပေါ့။ အခုတော့ ပြောဖို့လည်း မလိုတော့ဘူး ... သူက ကာချုပ်မှ မဟုတ်တော့ဘဲ ... နိုင်ငံ့ အုပ်ပြောင် ဆိုလား ဖြစ်သွားပြီ။ တနိုင်ငံလုံးကို အုပ်တာ ပြောင်ရောမို့လို့ပါ ...။

7 comments :

  1. Anonymous said... :

    irrawaddy....stop messing around!

  1. Anonymous said... :

    keep it up guys!!! don't care whatever they say,we love u!!!

  1. ငတွတ် said... :

    အနောက်က ကားကြီးကိုပဲ ကြိုက်တယ်ကွာ ... ရှယ်ပဲ ...

  1. Anonymous said... :

    သောက်တင်း၊ သောက်တလွဲပြောဖို့လောက်ပဲသိတယ်

  1. Anonymous said... :

    ခေါင်းစဉ်မှာကတည်းက တွယ်လိုက်တာပဲ။ ဆဲလိုက်တာပဲ။ သတင်းသမားစစ်စစ်တွေဟာ လူမချဘူး မူကိုပဲ ချတယ်လို့ ကြားဖူးတယ်။ အခုဟာက သရော်စာ မဟုတ် ဘာမဟုတ်နဲ့ ခေါင်းစဉ်မှာကတည်းက ဆဲထားတာပဲ၊ ဟိုဘက်ကို ဆဲတတ်သူဟာ ဒီဘက်ကိုလည်း ဆဲဖို့ ၀န်မလေး။ ဒီဘက်ကို ဆဲတတ်သူဟာ ဟိုဘက်ကို ဆဲဖို့လည်း ၀န်းမလေးတဲ့။ ဆဲတတ်တဲ့ အကျင့်က ပါနေပြီကိုး။ ဘယ်ဝန်လေးပါတော့မလဲ။စာနယ်ဇင်းကျင့်ဝတ်ဆိုတာလည်း နားမှ မလည်တာပဲဟာ။ ဆဲပါ။ စာဖတ်သက်ရင့်တဲ့ သူတွေကို ကော့ပြနေသလို့ပဲ ခံစားရတယ်

  1. Anonymous said... :

    ဒါဘလော့ဂ်ပဲလေ၊ ရေးသင့်တာပဲ၊ သူတို့ဘက်က နာနေတာ သူတို့အသင်းအပင်းမို့လား

  1. Anonymous said... :

    russia မောင်စစ်သည်တွေပဲဖြစ်မှာပေါ့...
    ဒီကောင်တွေပဲသူ့အဖေထိရင်နာတာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved