ရှမ်းပြည် အရှေ့ပိုင်းငလျင် အကူအညီများ လိုအပ်ဆဲ

Monday, March 28, 2011

မိုင်းလင်းတွင် မြေခသွားသော စေတီတဆူကို ရှင်းလင်းနေသော စစ်သားများ (ဓာတ်ပုံ - Reuters)

တာလေမြို့က ငလျင်ကြောင့် သေဆုံးသွားသူတဦးရဲ့ ဈာပနအခမ်းအနားမှာတွေ့ရတဲ့ ကလေးငယ်တဦး။ ပြင်းထန်တဲ့ သဘာဝဘေးဒဏ်တွေကြောင့် ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရသွားတတ်ပါတယ် (ဓာတ်ပုံ - Getty Images)

မိသားစုဝင်များ ဆုံးရှုံးသွားသူ တဦး၏ သောက။ တချို့မိသားစုများတွင် မိသားစုဝင် အားလုံးနီးပါး အသက်ဆုံးရှုံးမှုမျိုးလည်း ရှိသည် (ဓာတ်ပုံ - Reuters)


တာလေတွင် ငလျင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာပေးဝေရာတွင် တန်းစီနေကြသူများ (ဓာတ်ပုံ - Reuters)

လာရောက်ဝေငှသူများထံမှာ အလုပ်အယက်တောင်းယူနေစဉ် (ဓာတ်ပုံ - Getty Images)

(ဓာတ်ပုံ - Reuters)


2 comments :

  1. Anonymous said... :

    တို့ နိုင်ငံသားတွေအတွက် ကိုယ်ချင်းစာပါတယ် .. ထောက်ပံ့ပစ္စည်းဝေတဲ့လူတွေလဲ စနစ်ကျကျ ဝေငှထောက်ပံ့မယ် ... လက်ခံရယူတဲ့ ဒုက္ခသည်များကလည်း စနစ်ကျကျလေး တန်းစီယူမယ်ဆိုရင် နိုင်ငံတကာက ပိုပြီးတော့ လေးစားလာမယ် .. ပိုပြီးထောက်ပံ့လာမယ်လို့ ထင်ပါတယ် .. ကြိုက်မရှက် ငတ်မရှက် ဆိုတဲ့စကားရှိပေမဲ့ ဂျပန်နိုင်ငံ ငလျှင်ဒုက္ခသည်တွေဆိုရင် တန်းစီပြီး စနစ်ကျကျ လက်ခံယူကြတာကို တွေ့ရလို့ ပြောမိတာပါ ...

  1. Anonymous said... :

    ကယ်ဆယ်ရေး လုပ်ငန်းဆိုတာ ပစ္စည်းတွေကို လူတွေလက်ထဲရောက်အောင်ပို့ ပေးတာလောက် ရိုးစင်းတဲ့လုပ်ငန်းမဟုတ်။ အလှူပေး၊ဆွမ်းကျွေးမှုမျှမဟုတ်။ လူသားတစ်ယောက်ရဲ့ ဂိုဏ်သိက္ခာ၊ ကျင့်ဝတ်၊ စိတ်ဓါတ်ခွန်အားနဲ့  ပြန်လည်ရှင်သန်နိုးကြားမှု လိုအင်ကို မထိခိုက်စေမည့် ကိစ္စတွေပါ ထည့်သွင်းထောက်ပံ့ရတဲ့ သိမ်မွေ့ နက်နဲတဲ့ ကူညီမှုဖြစ်တယ်။ ဒုက္ခသည် လို့ တောင်မသုံးနှုန်းရ။ အကျိုးခံစားခွင့်ရှိသူဟု သုံးနှုန်းရတယ်။ ဒါကို မသိတဲ့ ကယ်ဆယ်ရေးအဖွဲ့ ဆိုသူများရဲ့  သူတောင်းစား မုန့် ပေးသလို လုပ်ကြတဲ့အန္တရာယ်က သဘာဝဘေးဒုက္ခရဲ့ နောက်ဆက်တွဲ စိတ်ဓါတ်ရေးရာဖျက်ဆီးမှုကိုပြုကြတော့တာပဲ။ အစိုးရက ဒါကို ထိန်းချုပ်ပြန်တော့ ပြည်ပမီဒီယာတွေက မသိနားမလည်တဲ့လူထုနဲ့ ရန်တိုက်ပေးစရာအချက် အဖြစ်သုံးကြပြန်ရော။ သဘာဝဘေးအန္တရာယ်လိုပဲ ဒီလိုမီဒီယာတွေဟာ သာမန်လူထုအတွက် ကြီးမားတဲ့ အန္တရယ်တွေဖြစ်လို့ လာနေပြီ..။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved