ရယ်စရာ ပဟေဠိ အမှတ် ဝဝ၉ အဖြေများ
Friday, April 1, 2011
မေးခွန်း ၁ - ၀ိုင်းစုခိုင်သိန်းကို ဘာကြောင့် ဘောင်းဘီတိုနဲ့ အတွေ့ရများသလဲ။
(သဲလွန်စ - ရန်ကုန်)
အဖြေ - ဘာကြောင့်ဝတ်လဲ ကျနော်လည်း မသိဘူး။ ကြည့်လို့တော့ ကောင်းနေတာပဲ။ ဘာကြောင့်လဲ သိချင်ရင် သူ့ကို မေးကြည့်ပါ။ သူ ရန်ကုန်မှာ နေပါတယ်။
-----------------------
မေးခွန်း ၂ - ရှေးလူကြီးတယောက်က ပဟေဠိ ထုတ်ခဲ့ဖူးတယ်။ ဦးခေါင်း ၃ လုံး ရှိသူကို ဆည်းကပ်ပါ တဲ့။ ဘာကြောင့် ဒီလို ဆုံးမရတာလဲ။
(သဲလွန်စ - စီးပွားရေး)
အဖြေ - စီးပွားဖြစ်စေချင်လို့ ဒီလို ဆုံးမခဲ့တာပါ။ မူရင်း ဆုံးမချက်က "ခေါင်း ၃ လုံး ရှိတဲ့သူကို အပိုင် ချည်းကပ်ထားပါ" တဲ့။ ကာလရွေ့လာတော့ ဆည်းကပ် ဖြစ်သွားပါတယ်။ ဒီလူကို ပိုင်ပြီ ဆိုရင် ရုံသွင်းပြပါ၊ ထူးဆန်းလွန်းလို့ လာကြည့်ကြပါလိမ့်မယ်။ ၀င်ကြေးလည်း သောက်သောက်လဲ ရမှာ သေချာတယ် ဆိုပဲ။
-----------------------
မေးခွန်း ၃ - အိမ်နောက်ဖေး ဈေးဆိုင်တည် လို့လည်း သူက အသေအချာ မှာခဲ့သေးတယ်။ ဘာကြောင့်များလဲ။
(သဲလွန်စ - တာဝန်မသိ လုပ်သားပြည်သူ)
အဖြေ - ဒီဆုံးမချက်ကို ပြည်ပရောက် မြန်မာပြည်သားတွေ လိုက်နာကြတာ တွေ့ရတယ်။ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ကြတယ်။ ဒါကြောင့် စာရွက်စာတမ်းကိစ္စ၊ ရုံးကိစ္စတွေအတွက် ခေါင်းမခဲရတော့ပါဘူး။
အခွန်အရပ်ရပ်လည်း ဆောင်စရာ မလိုပါဘူး။ ဆိုင်ဖွင့်သူတွေ အကျိုးရှိပေမယ့် အုပ်ချုပ်သူတွေ အခွန်မရတဲ့ စီးပွားရေးဖြစ်ပါတယ်။
----------------------
စာဖတ်သူတို့ရဲ့ အဖြေတွေက ပိုရယ်ရပါတယ်။ ဟောဒီမှာ
3 comments :
  1. Anonymous said... :
    ဒီအတိုင်း ဓါတ်ပုံကို မကြည့်ဘဲနဲ့ သူ့အောက်တည့်တည့်က ရပ်နေတဲ့သူနေရာက
    ကြည့်ပြီး ပြောတာဖြစ်ရမယ်..။ ဘာအရောင်လေး ၀တ်ထားလဲဟင်..
    အဖြေ ၃ ကတော့ လာဘ်ပေးရင်ရန်မလို ဆိုတဲ့ မြန်မာသံရုံးတွေအကြောင်းကိုး..။
    နောက်ဖေးပေါက်က တက် ပေါ့လေ။ ဆြာဇက် ရေ ကျန်သေးတယ်ဗျ..။
    ဒီမှာလည်း..ထိုနည်း လည်းကောင်း.. ထိုနည်းလည်းကောင်း ဆိုတာလေ..။
  1. Anonymous said... :
    ပဟေဠိ နဲ့ သတင်း ကို ခွဲခြားတင်ပေးရင်ကောင်းမယ်..
    ကြိုက်တဲ့သူကြိုက်တာဝင်ကြည့်ကြပေါ့....
  1. hlaing ka said... :
    Is she have a mum or a dad?
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved