တရုတ်ထိပ်တန်းခေါင်းဆောင် မြန်မာပြည်သို့ လည်ပတ်

Saturday, April 2, 2011

မန္တလေး ကောင်စစ်ဝန်ရုံးတွင် တွေ့ရသော မစ္စတာ ကျာ ချင်းလင် (ဓာတ်ပုံ - Sina)

ဝင်းလက်၊ ဧပြီ ၂၊ ၂၀၁၁

တရုတ်ထိပ်တန်း ခေါင်းဆောင်များထဲမှာ တဦးအပါအဝင်ဖြစ်သော တရုတ်ပြည်သူ့ နိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသားကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကျာ ချင်းလင်ဟာ ယနေ့ မွန်းလွဲပိုင်းမှာ တရုတ်နိုင်ငံကနေ မန္တလေးမြို့ သို့ ရောက်ရှိလာပါတယ်။ ရောက်ရှိလာပြီးနောက် တရုတ်ကောင်စစ်ဝန်ရုံးကို သွားရောက်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ ပထမဦးဆုံး လာရောက်လည်ပတ်တဲ့ ပြည်ပခေါင်းဆောင်တဦးပါ။ ဦးသိန်းစိန်ရဲ့ အစိုးရသစ်အဖွဲ့နည်း တွေ့ဆုံမယ်လို့ ဆိုပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ဖိတ်ကြားချက်အရဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ၆၁ နှစ်မြောက်မှာ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုတို့မှာ ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို အဓိကထား ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံသဘောတူ စာချုပ်များကိုလည်း ချုပ်ဆိုသွားမည်လို့ သိရပါတယ်။ မြန်မာခရီးစဉ်ပြီးရင် ဩစတေးလျနဲ့ ဆာမိုအာ နိုင်ငံများကို ချစ်ကြည်းရေခရီးစဉ် ဆက်လက်သွားမှာ ဖြစ်ပါတယ်။

မစ္စတာ ကျာချင်းလင်က မြန်မာနိုင်ငံဟာ တရုတ်ရဲ့အဓိက ခင်မင်ရင်းနှီးတဲ့ နိုင်ငံဖြစ်တဲ့အလျောက် နှစ်နိုင်ငံအကျိုးစီးပွားနဲ့ ပေါ်လစီများကိုလည် အဓိကထားပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းအောင် အတူတကွပူးပေါင်းဆောင်ရွက်သွားမယ်လို့ မန္တလေး လေဆိပ်အရောက်မှာ ပြောကြားကြောင်း တရုတ်သတင်းဌာနများက ဖော်ပြပါတယ်။

3 comments :

  1. Anonymous said... :

    ဧရာဝတီသတင်းဌာနခင်ဗျာ ထိရောက်သော ထိုင်းနိုင်ငံသတင်း
    များကို လက်ခံပေးပါဖို့အစီစဉ်ရှိပါလားခင်ဗျာ။

  1. Anonymous said... :

    လာရောက်ဂါရဝပြုတယ်လို့များ.......ရေးမှာလား။လာရောက်လမ်းညွန် တယ်လို့များ တိုက်ရိုက်ရေးမှာလား....

  1. Anonymous said... :

    မြန်မာတစ်ယောက်ကို မေးကြည့်တယ်။
    "အစိုးရကို ဘယ်လို သဘောထားသလဲ"
    "ကိုယ့်မိန်းမလို သဘောထားပါတယ်"
    "လင်းစမ်းပါဦး"
    "နည်းနည်း ကြောက်တယ်၊
    နည်းနည်း ချစ်တယ်၊
    နည်းနည်း အပြစ်တင်ချင်တယ် ၊
    နည်းနည်း ချီးကျူးတယ်၊
    ဒါပေမယ့် နောက်တစ်ယောက်ကို လိုချင်တယ်"

    "အခုမဟုတ်သေးပါဘူး၊ သူ့ကိုစောင့်ကြည့်ရဦးမယ်"

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved