ရေကြီးတာကြောင့် မြေပြိုတာတွေ၊ လမ်းနဲ့ တံတားတွေ ပျက်စီးတာတွေ ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတာလည်း ရှိပါတယ်။ ထိုင်းလွှတ်တော်ကတော့ ရေကြီးမှု ကူညီကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ သုံးဖို့ ခွင့်ပြုထားပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်းက ရာဘာခြံတွေနဲ့ စက်ရုံ အလုပ်ရုံတွေမှာ မြန်မာတွေ ထောင်ပေါင်းများစွာလည်း ရှိနေကြပါတယ်။ မြန်မာတွေလည်း ရေဘေးလွတ်ရာကို ထောင်နဲ့ချီ အစုလိုက် ရွှေ့ပြောင်းနေရတာ၊ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတာ၊ ထိုင်းတောင်ပိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက အကူအညီပေးဖို့ ကြိုးစားနေတာတော့ သိရပါတယ်။ မြန်မာအလုပ်သမားရဲ့ အသေအပျောက်စာရင်းကိုတော့ စုံစမ်းလို့ မရသေးပါဘူး။




နခွန်ဆီမာရတ်ပြည်နယ်အတွင်းမှ မြေပြိုမှုကြောင့် ပျက်စီးနေသော တံတား (ဓာတ်ပုံ - AP)



နခွန်ဆီမာရတ် ပြည်နယ်တွင် တံတားကျိုးနေသောကြောင့် ရွာသားတဦး ကြိုး စက်သီးဖြင့် တဖက်ကမ်းသို့ ကူးနေစဉ် (ဓာတ်ပုံ - Reuters)
0 comments :
Post a Comment