အပေါ်ပိုင်းဗလာနဲ့ ကတဲ့ ကောင်မလေးသုံးယောက် ဘတ် ၅၀၀ စီ ဒဏ်ရိုက်ခံရ
Tuesday, April 19, 2011
ဒါတော့ ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ တင်ထားတဲ့ အပေါ်ပိုင်းဗလာနဲ့ ပုံတွေပါ။ ဝိုင်းပြီး ဝေဖန်ကြလို့ အခုတော့ ပုံလဲလိုက်ပါပြီ
ထိုင်းနိုင်ငံ သင်္ကြန်တွင်း လူစည်ကားရာနေရာမှာ အင်္ကျီချွတ်ပြီး ကတဲ့ ဆယ်ကျော်သက် ထိုင်းမိန်းကလေး ၃ ယောက်ကို ထိုင်းရဲတွေက ဘတ် ၅၀၀ (ကျပ် ၁ သောင်းခွဲခန့်) စီ ဒဏ်ငွေ ရိုက်လိုက်ပါတယ်။
ဘန်ကောက်မြို့ ဆီလွန်နဲ့ နာရာသီဝပ် လမ်းဆုံမှာယ ယောက်ျားပရိတ်သတ်တွေက တရုန်းရုန်းနဲ့ အားပေးရာက အပျော်တွေလွန်ပြီး ကားခေါင်မိုးပေါ် တက်ကရာကနေ စိတ်မထိန်းဖြစ်ပြီး အင်္ကျီချွတ်ပစ်ကာ ရွှေရင်ဗလာနဲ့ ကတဲ့ဆီ ရောက်ကုန်ပါသတဲ့။
“သူတို့ကတော့ မမူးပါဘူး ပြောပါတာပဲ” လို့ ရဲအရာရှိ ဆူဝပ်က ဆိုပါတယ်။
အဲလို ချွတ်ကတဲ့ ကောင်မလေးတွေဟာ အသက် ၁၄ နှစ်ကနေ ၁၆ နှစ် အထိ အရွယ်တွေပဲ ရှိကြပါသေးတယ်။
ထိုင်းရဲက မဖွယ်မရာ ပြုမူမှုနဲ့ ဒဏ်ငွေ ဘတ် ၅၀၀ စီ ရိုက်လိုက်တာပါ။
ဘယ်လိုကကြပါလိမ့်ဆိုပြီး အင်တာနက်ပေါ် တက်ရှာဖို့ မကြံနဲ့ဦး။
သူတို့တွေ အင်္ကျီချွတ်ပြီး ကနေတုန်း ဗီဒီယိုတွေ ဘာတွေ ရိုက်ထားလိုက်သူတွေအနေနဲ့ ဒီ အင်္ကျီဗလာနဲ့ ပုံတွေ အခွေတွေကို အင်တာနက်ပေါ်တင်ရင် အရေးယူမှုနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ထိုင်းရဲအရာရှိတွေက တဆက်တည်း သတိပေးထားပါတယ်။
ထိုင်းရဲ ပြောခွင့်ရပုဂ္ဂိုလ် ထာဗော်ဆရီကတော့ ဒီမိန်းကလေးတွေ ဒီလို အဝတ်တွေချတ်ပြီး ကဖြစ်အောင် အားပေးအားမြှောက် လုပ်သူတွေဟာလည်း ရာဇဝတ်မှုကို အားပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဘန်ကောက်ပို့စ် သတင်းစာက အဲလို ရေးပေမယ့် ပတ္တယား နေ့စဉ်သတင်းဆိုဒ်မှာ အဲဒီအကြောင်း ပုံတွေနဲ့ ထပ်တင်ထားတာ ဒီနေရာမှာ တွေ့ရပါတယ်။
Source: Bangkok Post, Pattaya Daily News
8 comments :
  1. Anonymous said... :
    ဓါတ်ပုံပါတင် ပေးမှ ပိုကောင်းလာမည်လို ထင်ပါတယ်
  1. Anonymous said... :
  1. Anonymous said... :
    I am not quite clear:
    "Did Thai Police give Baht 500 each to all 3 girls?"
    or
    "Did Thai Police take Baht 500 from all 3 girls into their pockets?"
    All 3 girls are nude and almost no clothes. How could they have Baht 500 each? How did they pay these money; in cash or in other form of payment?
    Many many questions ... please clarify clearly !! :)
  1. Anonymous said... :
    ချက်ကြီးဆီပို့ဆိုတဲ့လူ
    ခဗျားဝါသနာက ပေါ်လွင်နေတယ်
    ဗန်ကောက်ပို့စ်တောင်ေ၇းသေးတာဘဲ
    ဘာဖြစ်လို့လဲ
  1. Anonymous said... :
    ဘန်ကောက်ပို့စ်ရေးတာ ပုံတင်မထားဘူးသား ရဲ့
  1. Anonymous said... :
    It is just a news which was really happened. just try to read from point of news. ok? Mr.... :) we have to thank Irrawaddy as we can read all the update news in a site... positive view...
  1. Anonymous said... :
    ထိုင်းနှိုင်ငံကတော့ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပဲ။ဒါလည်းဒီမိုကရေစီထင်ပါရဲ့။
  1. Anonymous said... :
    ဒီမှာ http://www.youtube.com/watch?feature=player_embedded&v=vcJ77y1RKJA video ကြည့်နိုင်ပါတယ်ဗျား ...
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved