ပိတ်လှောင် ခိုင်းစေခံထားရသော မြန်မာ အလုပ်သမားများ လွတ်မြောက်

Wednesday, April 20, 2011

ပိတ်လှောင်ထားတဲ့ စက်ရုံထဲက ထွက်နေကြစဉ် (ဓာတ်ပုံ - Manager Online)


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ တရုတ်လင်မယားပိုင် အထည်ချုပ်စက်ရုံကို မနေ့က ထိုင်းရဲတွေ ဝင်ရောက်စီးနင်းပြီး ပိတ်လှောင် ခိုင်းစေခြင်းခံထားရတဲ့ မြန်မာအလုပ်သမား ၆၀ ဦးကို ဝင်ရောက် ကယ်တင်ခဲ့ပါတယ်။

အဲဒီစက်ရုံက အလုပ်သမားတဦး လွတ်မြောက်လာပြီး သတင်းပေးရာကနေ အဲဒီလို ဝင်ရောက် ကယ်တင်နိုင်တာ ဖြစ်ပါတယ်။

တလကို လစာ ဘတ် ၇ ထောင်ပေးမယ် ပြောပြီး ဘတ် ၂၀၀ သာရကြောင်း၊ တနေ့လျှင် အလုပ် ၁၆ နာရီ လုပ်ရကြောင်း မြန်မာအလုပ်သမားများတွေက ပြောပါတယ်။

ပိုင်ရှင် တရုတ်မကတော့ မြန်မာအလုပ်သမားတွေဟာ သူတို့ကို ဘတ် ၁ သောင်းခွဲစီ အကြွေးပေးစရာရှိလို့ လခလျှော့တာလို့ အကြောင်းပြပါတယ်။ ပိတ်လှောင်ထားတယ် ဆိုတာကိုတော့ ထိုင်းရဲတွေကို ဝန်ခံပါတယ်။ အလုပ်ထွက်ထွက်သွားတတ်လို့ အဲလို ပိတ်လှောင်ထားတာလို့ ပြောပါတယ်။

တရုတ်လင်မယားကို အလုပ်သမား အက်ဥပဒေနဲ့ အရေးယူမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

လောလောဆယ်မှာ လွတ်မြောက်လာတဲ့ အလုပ်သမားတွေကို မြန်မာအဖွဲ့အစည်းတခုဖြစ်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (BAT) က အကူအညီပေးနေတယ်လို့ သိရပါတယ်။

(သတင်း အပြည့်အစုံဖတ်ရန်)

Ref: Bangkok Post, Manager Online

1 comments :

  1. ကမ္ဘာမှာ အိမ်ဖော်ရောင်းစားတာ ဖိလိပိုင် နဲ့ အင်ဒိုကနာမည်ကြီး
    အလုပ်သမားရောင်းစားတာက ဘင်းဂလားဒေ့။
    ဒါနှိမ်တာမဟုတ်ဘူး တင့်စားပြီးပြောတာ။
    သူတို့တိုင်းပြည်ရဲ့ ဂျီဒီပီ ကိုတရားဝင်ဖြည့်ပေးနေတာ။
    အစိုးရတွေကလည်း သူတို့အလုပ်သမားတွေကိုဘယ်နိုင်ငံရောက်ရောက်
    လုံးဝအကာအကွယ်ပေးတယ်။
    လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်လောက်တုန်းက
    အခုမှကြော်ကြားလာတဲ့ယူအေအီးနိုင်ငံရဲ့မြို့တော် အဘူဒါဘီမှာ
    အိမ်ဖော်လုပ်ပြီးမိဘကိုငွေပို့နေတဲ့ ဖိလိပိုင်မလေးတစ်ရောက်မိဘကိုငွေမှန်မှန်ပို့နေပေမဲ့အဆက်အသွယ်မလုပ်တာအတော်ကြာလို့
    အလုပ်ပွဲစားကနေအလုပ်သမားဝန်ကြီးဌာနကတစ်ဆင့်သံရုံးကိုအကူအညီတောင်ပြီးရှာခိုင်းတော့
    အလုပ်ရှင်ကမတော်မတယားစော်ကားပြီးသတ်ပြစ်လိုက်တယ်
    မပေါ်အောင်ဖုံးဖိပြီးမိဘတွေဆီမှန်မှန်ငွေပို့နေတယ်ဆိုတာပေါ်လာတယ်။
    အဲ့ဒီအချိန်တုန်းက ဖိလိပိုင် သမတ က
    ဖိလိပိုင်နိုင်ငံ ဒီမိုကရေစီ ဘက်တော်သားများဖက်က ရပ်တည်ခဲ့တဲ့အငြိမ်းစားဗိုလ်ချုပ်ကြီးရာမို့ ပါ။
    သူက သူ့တိုင်းပြည်က သာမာန်အရပ်သူလေးအတွက် နိုင်ငံခြားရေးဝန်ကြီးကိုစေလွတ်ပြီးဒီအရေးကိုဖြေရှင်းခဲ့တယ်။
    ဒါပုံပြင်မဟုတ်ပါဘူး တစ်ကယ်အဖြစ်အပြက်ပါ။
    ရက်စွဲနဲ့ပါခဲ့တဲ့စာစောင် သတင်းစာအမည်တို့မမှတ်မိတော့လို့ပါ။
    တို့မြန်မာအစိုးရမှာ အဲလိုအထောက်အထားများ ရှိခဲ့ရင် ဖော်ပြပေးကြပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved