ရှင့်ကိုပဲ ကြိုက်တယ်

Thursday, April 21, 2011

ဆရာဟန်လေးရဲ့ လက်ရာမြောက် ကာတွန်းတကွက်ပါ၊ ဘလော့ဂ်ဖတ်ရတာ လေးလေးပင်ပင် ဖြစ်နေတယ်ဆိုလို့ ပေါ့ပါးသွားအောင် ဥထားတာလေး ထုတ်သုံးလိုက်ပါတယ်။ (အောင်အောင် / ဧရာဝတီ)

9 comments :

  1. ko naing said... :

    ဒီကာတွန်းလေးမြင်တော့ စာရေးဆရာ စွယ်စုံ အနုပညာရှင် ဦးသုမောင် ပြောပြတာလေး သတိရတယ်။ သူငယ်ငယ်ကပေါ့။ သူ့ အဖေ ဒါရိုက်တာကြီးရဲ့ တပည့်တွေကို သူတို့ အေ၀မ်း ရုပ်ရှင်ခြံထဲမှာပဲ အိမ်ပေးနေတယ်တဲ့။ စက်အဖွဲ့တွေ နေဖို့ အိမ်တန်းလျားလေးပေါ့။ ကို့မိသားစု ကို့အိမ်ခန်းလေးနဲ့ ကို နေကြတာပေါ့။ တစ်နေ့ စက်အဖွဲ့ထဲ တစ်ယောက် အရက်မူးပြီး မိန်းမနဲ့ စကားများကြတာ အကြီးအကျယ်ပဲ။ ကွာမယ်ရှင်းမယ်အထိဖြစ်ကြတယ်ပေါ့။ အဲ့ဒါနဲ့ ယောင်္ကျားကလည်း မူးနေတော့ ''ကွာမယ်ဆို ကွာ'' လို့ပြောလိုက်တာကိုး။ လူကြီးတွေ ခေါ် ပြီး မိသားစုပိုင်တဲ့ ပစ္စည်းတွေ တစ်ယောက်တစ်ဝက်ခွဲမယ်လို့ဆိုပါတယ်။ လူကြီးတွေ အပေါင်းအသင်းတွေကလည်းတားတာပေါ့ ။သမီးလေး တစ်ယောက်နဲ့ ဒီအချိန် ဒီလိုမဖြစ်သင့်ဘူးပေါ့။ ဟိုဆရာကလည်း လက်မခံဘူး။ မူးနေတာကိုးဗျာ။ ကွာမယ်ပဲပြောနေတာဆိုတော့ ။ လူကြီးတွေလည်း ဘာမှ မတတ်နိုင်ဘူး။အဲ့ဒါနဲ့ ပစ္စည်းတွေ ခွဲဝေယူကြပါတယ်။
    မိန်းမ - '' ဒီသေတ္တာ ကျွန်မမိဘတွေ မင်္ဂလာတောင်တုန်းက ပေးထားတဲ့ ပစ္စည်း ကျမယူသွားမယ်။ ''
    ယောင်္ကျား - '' ယူကွာ။'' (မူးနေတာဆိုတော့ စကားကလည်း လုံးနေတာပေါ့)
    မိန်းမ - '' ဒီ ကုလားထိုင်လည်း ကျမယူသွားမယ်။ ''
    ယောင်္ကျား - '' ယူကွာ ''
    မိန်းမ - အိပ်ခန်းထဲက ခြင်ထောင်နဲ့ စောင်ကို ခြင်ထောင် '' ခြင်ထောင်နဲ့ စောင်တစ်ထည် ကျမ ယူသွားမယ် ''
    ယောင်္ကျား - ယူကွာ။ လိုချင်တာအကုန်ယူသွား.....
    အဲ့လိုနဲ့ ပစ္စည်းတွေ ဝေခွဲကြတာပေါ့....နောက်ဆုံးတော့
    မိန်းမ - ကျမသမီး ကျမ ခေါ်သွားမယ်။
    အဲဒီ့အခါကျတော့ ကိုကို ငမူးက ခဏကြာအောင်စဉ်းစားတယ်။ ဘာတွေစဉ်းစားလဲတော့ သူပဲ သိမယ်ပေါ့။ မူးတာလည်း တော်တော်မူးနေတာကိုးဗျ.....
    နောက်ဆုံးတော့ သူလည်း ခေါင်းငိုက်စိုက်ကျပြီ " ယူကွာ "။ မိန်းမကလည်း ပြောသာပြောနေတယ် မျက်ရည်လေးက တရွဲရွဲနဲ့ စိတ်မကောင်းပုံရပါတယ်တဲ့။ ဘေးကလူကြီးတွေလည်း စောင့်ကြည့်နေကြတာပေါ့...မူးပြီးအိပ်ပျော်သွားလို့ အမူးပြေရင် စိတ်ပြောင်းသွားမယ် အထင်နဲ့ ကြည့်နေကြတာပေါ့......သူလည်း တော်တော်မူးနေပုံရတယ်။ ကိုကို ငမူးက '' ပြီးပြီလား ဘာကျန်သေးလဲ လိုချင်တာ အကုန်ယူ'' အဲဒီ့အချိန်မှာ မိန်းမက ငိုပါတယ်တဲ့ ကိုကို ငမူးကလည်း '' ယူကွာ '' '' ကွာမယ်'' ဒါချည်းပြောနေတယ်။ အားလုံးလည်း ငြိမ်နေတာပေါ့ နောက်ဆုံးတော့
    မိန်းမက '' ကျမ ရှင့်ကိုလည်း ယူမယ် '' ငမူးက '' ယူကွာ'' ဆိုပြီး ခေါင်းငိုက်ကျသွားပါတော့တယ်တဲ့။ ဆိုလိုရင်းက အိပ်ပျော်သွားတောပေါ့ဗျာ။ အဲ့ဒါနဲ့ လူကြီးတွေ လည်း '' ကဲကဲ ဒါဖြင့် ကျုပ်တို့လည်း ပြန်ကြရအောင်ဆိုပြီး ထပြန်လာခဲ့ကြရတယ်တဲ့။ '' (လွန်ခဲ့တဲ့ ၁နှစ်ခွဲလောက်က မန်းFM က ဆရာဦးသုမောင် စကားပြောအစီအစဉ်လေးက လွင့်ခဲ့တာပါ။) တစ်ခုခု မှားတာ ပါရင်ခွင့်လွှတ်ပါ။

  1. Anonymous said... :

    Thanks for sharing, ko naing! :D

  1. ဆရာသာဓုရဲ့အရေး---ဆရာသု ရဲ့အပြောတို့ကို
    ဆရာဟန်ရဲ့ သရုပ်ဖော်လေးနဲ့တွဲလိုက်ရင်ဖြင့်ဗျာ။

  1. Anonymous said... :

    တခါက ရွာတရွာမှာ အရက်မူးပြီး ပြန်လာရင် မိန်းမနှိပ်စက်တဲ့ လူတယောက်
    ရှိတယ်။ ဒီလူက သူ့မိန်းမကို နှိပ်စက်တာများတဲ့အခါ မိန်းမရဲ့အဖေအမေက မခံနိုင်လို့ သူ့သမီးကို ကွာခိုင်းတယ်ပေါ့။ သမီးကလဲ အဖေအမေပြောပါများ
    လို့ သူကြီးအိမ်သွားပြီး တိုင်ကြားပါတယ်၊ သူကြီးကလဲအဖြစ်မှန်သိနေတော့ သူ့ယောက်ျားကို ဆင့်ခေါ်လိုက်တယ်ပေါ့၊ မိန်းမလုပ်သူက သူ့ယောက်ျား အိမ်နောက်ဖေးလမ်းကြားက လာတာမြင်တဲ့အခါ “ဟဲ့ သေနာ ရှေ့ပေါက်က လာခဲ့ နောက်ဖေးလမ်းကြားက ခွေးကိုက်တယ်”လို့ အော်ပြောလိုက်ပါတယ်၊
    သူကြီးကလဲ ငယ်ရာကကြီးလာတဲ့သူဆိုတော့ အကင်းပါးလို့ ကွာရှင်းမပေး ဘဲ ဆုံးမလွှတ်လိုက်ရပါတယ်။
    အကင်းပါးတဲ့ သူကြီးမို့လို့ အိမ်ထောင်တခု မပြိုကွဲတာပေါ့။ “အရိုးကွဲမှ အသဲ
    စွဲတယ်”ဆိုတဲ့စကားလဲ သူကြီးက သိပုံရတယ်၊ ဒီလိုသူကြီးမျိုး အုပ်ချုပ်တာ ကောင်းတာပေါ့ဗျာ။ ခုတော့-----

  1. Anonymous said... :

    ဒါကြီးက ဦးသုမောင်ရဲ့ အိုက်ဒီယာကြီးကို ခင်များတို့ကလည်း ဟန်လေးဆိုတာနဲ့ ဘာလုပ်လုပ် လွှတ်ချီးမြှောက်ကြသကိုးကွဲ့.....

  1. ZAW MIN said... :

    HI, PL ... DONT SAY LIKE THIS TO THAN SHWE .BEC OF HE WILL BE REALLY TAKE ALL ... TAKE CARE

  1. မောင်ရန်နောင် said... :

    အေ၀မ်းရုပ်ရှင်ခြံ နှင့် သာဓု ရုပ်ရှင်ခြံ နာမည်ခြင်းမှားနေပါတယ်။

  1. Ko Ko said... :

    ကာတွန်း ဟန်လေးရဲ့ပုံ ကြည့်ချင်ပါတယ်ဗျို့။ ကျေးဇူးပြုပြီး တင်ပေးပါ။

  1. ko naing said... :

    ကျေးဇူးအထူးတင်ပါတယ်...ကိုရန်နောင်ရေ

    (အေ၀မ်းရုပ်ရှင်ခြံ နှင့် သာဓု ရုပ်ရှင်ခြံ နာမည်ခြင်းမှားနေပါတယ်။ )

    ကျွန်တော်လည်း ရေဒီယို အသံလှိုင်းက နားထောင်ရတာပါ။ အဲဒါကြောင့် အကုန် မသိလိုက်ဘူးဖြစ်သွားတယ်။ ဗဟုသုတနည်းတာလည်းပါပါတယ်။ ခွင့်လွတ်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved