ထိုင်းသင်္ကြန်ကာလ ယာဉ်မတော်တဆမှုကြောင့် ၂၂၉ ဦး သေ

Monday, April 18, 2011

ဆင်များ ရေကစားသည့် အယုဒ္ဓယ သင်္ကြန် (ဓာတ်ပုံ - Getty Images)

ထိုင်းနိုင်ငံ သင်္ကြန်ကာလ ၆ ရက်တာအတွင်း ကားလမ်းပေါ်မှာ မတော်တဆဖြစ်မှုကြောင့် စုစုပေါင်း သေဆုံးသူ ၂၂၉ ဦးအထိအရှိပြီး ဒဏ်ရာရသူ ၃၁၇၂ ဦး ရှိတယ်လို့ ထိုင်းအာဏာပိုင်များက ပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့ကနေ ၁၆ ရက်အတွက် အသေအပျောက်နဲ့ ဒဏ်ရာရမှု အဲလောက် အထိ ရှိခဲ့တာ ဖြစ်ကြောင်း ဘေးဒဏ်များ တားဆီးကာကွယ် လျှော့ချရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဧပြီ ၁၆ ရက် တနေ့တည်းမှာတင် ၄၁ ဦးသေပြီး ၃၈၆ ဦး ဒဏ်ရာရပါတယ်။

ယာဉ်မတော်တဆ ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းမှာ မူးပြီး မောင်းတာကြောင့်က ၃၉ ရာခိုင်နှုန်းနဲ့ နမော်နမဲ့ မောင်းတာကြောင့်က ၃၀ ရာခိုင်နှုန်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

Ref: BNO

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved