မြန်မာနဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောတွေ့ဆုံ

Monday, April 11, 2011

မနေ့က ဘန်ကောက်မြို့တော်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဂျော့ယိုးတို့ တွေ့ဆုံကြပါတယ်။ အရှေ့အာရှ ထိပ်သီးညီလာခံဆိုင်ရာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများရဲ့ အထူးအလွတ်သဘော ဆွေးနွေးပွဲ အားလပ်ချိန်မှာ သီးသန့် တွေ့ဆုံကြတာ ဖြစ်ပါတယ်။

စင်ကာပူ-မြန်မာ နှစ်နိုင်ငံ အရင်အတိုင်း ဆက်ဆံရေး မပြတ်ဖို့ ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြားနဲ့ အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးကိုလည်း သဘောတူကြတယ်လို့ သိရပါတယ်။

လူ့အရင်းအမြစ် ဖွံ့ဖြိုးနဲ့ ပတ်သက်လို့ စင်ကာပူက မြန်မာကို ဆက်လက်ထောက်ပံ့မယ်လို့ မစ္စတာ ဂျော့ ယိုးက ပြောပါတယ်။

Ref: CNA

2 comments :

  1. Anonymous said... :

    လူ့အရင်းအမြစ် ဖွံ့ဖြိုးနဲ့ ပတ်သက်လို့ စင်ကာပူက မြန်မာကို ဆက်လက်ထောက်ပံ့မယ်လို့ မစ္စတာ ဂျော့ ယိုးက ပြောပါတယ်။
    မှားနေပါတယ်
    လူ့အရင်းအမြစ် ဖွံ့ဖြိုးနဲ့ ပတ်သက်လို့ မြန်မာက စင်ကာပူကို ဆက်လက်ထောက်ပံ့မယ်လို့ နိုင်ငံခြားရေးဝန်ကြီးသစ်က ပြောပါတယ်။
    စင်ကာပူကို ဒီလို ဖွံ့ဖြိုးတိုးတက်အောင် ထောက်ကန်ထားပေးတဲ့ ကာယ ဥာဏ လူစွမ်းအားတွေထဲမှာ မြန်မာတွေ အများဆုံးပါ.. ဒါကြောင့်

  1. Anonymous said... :

    မှန်တယ်ဗျာ...ဒါတောင်စလုံးက ဟောင်ကင်းတရုတ်သူဌေးတွေက၊ ဘင်းသယန်၊ မင်းသယန်၊ ဘိုယောင်ဘိုပြင်၊ ကာနီနာချီးဗိုင်းလုပ်တုန်း... သူတို့နိုင်ငံခြားရေးဝန်ကြီးကရောဘာကောင်မို့လဲ..ဒီထဲကပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved