ကလောင်ဆရာဝန်ရဲ့ မွေးနေ့

Wednesday, April 27, 2011

ဒေါက်တာစိုင်းခမ်းလိတ်
ဒီနေ့ ဧပြီ ၂၇ ရက်နေ့ဟာ တေးရေး ဒေါက်တာ စိုင်းခမ်းလိတ်ရဲ့မွေးနေ့ဖြစ်ပါတယ်။ ဒေါက်တာ စိုးခမ်းလိတ်နဲ့ ပတ်သက်လို့ ဒီမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။ သူ့ရဲ့ သီချင်းတွေအကြောင်းတော့ အထူးတလည် ပြောစရာလိုမယ် မထင်ပါဘူး။ သူဟာ မြန်မာပြည်ရဲ့ ဂီတလောကကို အကျိုးပြုခဲ့သူ အနုပညာရှင်၊ ပါရမီရှင်တဦးပါ။ ရှမ်းစာပေ အများအပြားကိုလည်း ရေးသားပြုစုခဲ့သူ ဖြစ်တဲ့အတွက် သူ့ကို ကလောင် ဆရာဝန်လို့လည်း တင်စားခေါ်ဝေါ်ကြတယ်လို့ သူ့အကြောင်း ဆောင်းပါးမှာ ရေးထားပါတယ်။ ဒေါက်တာ စိုင်းခမ်းလိတ်ကို ၁၉၄၉ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ မွေးဖွားပါတယ်။

ဇာတိကတော့ ရှမ်းပြည်မြောက်ပိုင်း သိန္ဒီမြို့ဖြစ်ပါတယ်။ ၁၉၇၀ ဝန်းကျင်က မြန်မာပြည်အနှံ့မှာရှိတဲ့ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ သူ့သီချင်းတွေ ပျံ့လွင့်ခဲ့ပါတယ်။ အများစုကို ကွယ်လွန်သူ ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းထီးဆိုင်က ဆိုခဲ့ပါတယ်။ “ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ” ဆိုတဲ့ သီချင်းလေးကတော့ ကလေးဘဝကို လွန်မြောက်လာတဲ့ ဘယ်သူမဆို ဆွေးဆွေးမြေ့မြေ့နဲ့ ဆိုမိမယ့် သီချင်းလေးလို့ ထင်ပါတယ်။ သူ့မွေးနေ့အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ ဒေါက်တာစိုင်းခမ်းလိတ်ရေးပြီး ကွယ်လွန်သူ ဂီတပညာရှင် ထူးအိမ်သင် သီဆိုထားတဲ့ “နောက်ဆုံးသီချင်း” ဆိုတဲ့ သီချင်းနဲ့ အဆိုတော် စိုင်းထီးဆိုင် သီဆိုထားတဲ့ “ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ” သီချင်း ၂ ပုဒ်ကို ဧရာဝတီ ပရိသတ်အတွက် တင်ဆက်လိုက်ပါတယ်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved