တရုတ်က အကောင်အထည်ဖော်မယ့် “ရန်ကုန်မြို့တော်သစ်”

Wednesday, April 27, 2011

(Photo Credit: Picture Ninja)

“ရန်ကုန်မြို့တော်သစ်” အကောင်အထည်ဖော်ရေး စီမံကိန်းအတွက် တရုတ်ကုမ္ပဏီ Zhuhai Zhong Zhu Holding ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ အခု လဆန်းက နေပြည်တော်မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင်နဲ့ တရုတ်င်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ (၁၁) ကြိမ်မြောက် အမျိုးသားကော်မတီ ဥက္ကဌ မစ္စတာ ကျာချင့်လင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်တဲ့ ခရီးစဉ်မှာ အဆိုပါ သဘောတူ တွေ စာချုပ်တွေ လက်မှတ်ထိုးခဲ့တာပါ။

လက်ရှိ ရန်ကုန်မြို့ဟာ လူဦးရေ ထူထပ်သိပ်သည်းလာခြင်း၊ မြို့တွင်းက ကားသွားလာတဲ့ အဓိက ပင်မလမ်းတွေ ကျဉ်းမြောင်းလာခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုကြုံတွေ့လာခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် “ရန်ကုန်မြို့တော်သစ်” စီမံကိန်းကို ပြုလုပ်ဖို့ သဘောတူညီခဲ့တာ ဖြစ်တယ်လို့ Zhuhai Zhong Zhu Stock ကုမ္ပဏီနဲ့ နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က “လက်ရှိ ရန်ကုန်မြို့မှာ လူနေသိပ်သည်းဆတွေက အရမ်းများလာတယ်။ လူတွေများလာသလို အဆောက်အအုံတွေကလည်း အထပ်မြင့် တွေဖြစ်လာတယ်။ မြို့လည်ကောင် တ၀ိုက်မှာ ပြည့်နေပြီ။ ဒီအတွက် မြို့စွန်မှာသွားပြီး စီမံကိန်းဖော်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးအရလည်း အလုပ်မဖြစ်ဘူး” လို့ ပြောပါတယ်။

“သူတို့ ပြောပုံအရ မြို့တော်သစ်နေရာကို အနီးဆုံး ရန်ကုန်တဖက်ကမ်း ဒလကို လုပ်မယ်။ ဒီအတွက်ကလည်း ၀န်ကြီးဌာန တခုတည်းနဲ့ မပြီးဘူး။ လျှပ်စစ်၊ အိုးအိမ်၊ စည်ပင်သာယာ၊ အဆောက်အအုံ၊ လမ်းတံတား ၀န်ကြီးဌာန အကုန်ပါမှာဆိုတော့ ၀န်ကြီးဌာတွေ အများကြီးနဲ့ ပေါင်းပြီး လုပ်ရမှာ” လို့ အဲဒီ စီးပွားရေးလုပ်ငန်းရှင်က ဆက်ပြောပါတယ်။

အဲဒီ စီမံကိန်းကို ၅ နှစ်အတွင်း အကောင်အထည်ဖော်ဖို့ သဘောတူညီ ထားပြီး လက်တလောမှာ တရုတ်ကုမ္ပဏီက ကနဦး လေ့လာရေးဆန်းစစ်မှု ပြုလုပ်တဲ့ အဆင့်ပဲရှိသေးကြောင်း၊ ဘယ်အချိန်မှာ စတင် အကောင်အထည်ဖော်မယ်ဆိုတာ မသိရသေးကြောင်း သိရှိရပါတယ်။

Zhuhai Zhong Zhu Holding ကုမ္ပဏီဟာ တရုတ်ပြည်မှာ နာမည်ကြီးကုမ္ပဏီတခုဖြစ်ပြီး ယင်းပိုင် လုပ်ငန်းစု အများအပြား ရှိပါတယ်။

နရီလင်းလက်



11 comments :

  1. Anonymous said... :

    တကယ်သာမှန်တယ် ဆို ၇င် တော့ တော် တော် သောက် သုံးမ ကျ တဲ့ အကြံ အစည် ဘဲ
    ရှိတဲ့ ဟာကို ကောင်းအောင်လုပ် စိမံမယ် ဆို တာ ဘယ် တော့မှ မစဉ်းစားဘူး

  1. Anonymous said... :

    It will be called Sinoid Yangon.

  1. Anonymous said... :

    Just carry on if u think it will be good. Who dare say what?

  1. ကွမ်ရင် မယ်တော် ကွိုင် said... :

    သူတို့ ဘိုးအေ တရုပ်အားကိုး နေကြရတဲ့ အစိုးရသစ် ပါလား..တရုပ်လက်ထဲ ဝကွက်အပ်.. လုပြည် ဝပြည် တူတူနေကြတော့မယ်ပေါ့..
    ဘာဦးနှောက်တွေနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ် နေကြတာပါလိမ့်..
    နေပြည်တော်ကြီးကိုတောင်( ကြွားဝါစွာ) ဆောက်နိုင်ခဲ့ပြီး ရန်ကုန်မြို့ အသစ်ပြင်ဖို့ တရုပ်အားကိုးနေရတယ်ဆိုတာ ရှက်တတ်ရင် လဲသေဖို့ပဲကောင်းတော့တယ်..

    မယ်တော်ကွိုင်...

  1. Anonymous said... :

ူသူပါပါးက ပိုက်ဆံပေးတယ်လေ။ စင်ကာပူက တရုပ်မှာ သွား Business Park တွေသွားဆောက်ကြတယ်။ ဒီတော့ တရုပ်က ရန်ကုန်မှာ ပြန်ပြီးတော့ ရိုက်စားလာလုပ်တာပေါ့။

  1. Nwe Thiri said... :

    မန်းတလေးမြို.ကတရုတ်ပြည်ဖြစ်တာ အားမရသေးလို. ရန်ကုန်ကိုချဲ.လာပြီ ဒါဒို.လူမျိုးတွေအတွက်မဟုတ်ဘူး သူတို.တရုတ်တေါအတွက်ချဲ.တာ ပထွေးမတွက်မျက်နှာလုတ်ရတာ ပထွေးကြည်ဖြူမှ သူတို.ကိုကါကွယ်ပေးမှာ ရင်လေးစရာဘဲ

  1. Anonymous said... :

    မြန်မာပြည်ရှိမြို့တော်များဖြစ်ကြသောရန်ကုန်နှင့် မန္တလေးသို့အလည်အပတ်သွားလိုသူများအတွက်ဘာသာရေး
    လွယ်ကူစေရန်တရုပ်ဘာသာသင်တန်းအခမဲ့သင်ပေးနေသည်

  1. Anonymous said... :

    If you don't know how to speak Mandarin Chinese, do not go to the Yangon and Mandalay. You will face difficulty of language problem. Better learn Chinese language first.

  1. Anonymous said... :

    တရုပ်ကဖိရှမ်းကအိ။ရှိသည်.မြန်မာအနောက်မှာ ဝါ ဘယ်နားမှာ
    မျိုးချစ်ကြပါတဲ.ဟဲ.ဟဲ.......ဒို.ကတော.ငွေဘဲချစ်တယ် စီမံကိန်းတခုပြီးရင်စိန်နားကပ် ကြီးကြီးဆယ်ခုဘဲပိုင်ချင်ပါတယ်

  1. ကျွန်တော်ထင်တာတော့( သူများအားကိုး ပိန်ဆိန်ရိုး ) နေရာမှာ (တရုတ်အားကိုး ဒို့ကောင်းစားဖို့) ဆိုတဲ့ စာသားပြောင်းတင် သင့်ပြီလို့ ထင်တယ် ) ပြည်သူလူထုဘက်မကြည့်ဘဲ

    ကိုယ်ဘက်ကိုကြည့်တဲ့ အစိုးရသစ်ရေ.....

  1. အပေါ်မှာရေးထားတဲ့ တဦးတယောက်အား မကောင်းကြောင်းပြောတယ်ဆိုတာက မကောင်းတဲ့လူကို မကောင်းဘူးလို့ ပြောတာ ပြောတဲ့လူဘက်က လွန်တာလား မကောင်းအောင် လုပ်တဲ့လူဘက်က လွန်တာလား နည်းနည်းတော့ စဉ်းစားကြည့်ပါအုံးဗျာ.......ဘုရားကိုယ်တိုင်ကလည်း မကောင်းတဲ့လူက်ု ကောင်းတယ်လူလို့ ဟောခဲ့လို့လားးးးးးး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved