လွတ်ငြိမ်းချမ်းသာခွင့်အတွက် ပြည်သူလူထု ကိုယ်စားပြုသူများ လက်မှတ်ထိုးပြီး သမ္မတထံတောင်းဆို

Thursday, April 28, 2011



နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံတင်တဲ့ ဒီစာကိုတော့ ဒါရိုက်တာ ချိုတူးဇော်ရဲ့ facebook ကရယူပါတယ်

အစိုးရသစ် ကျမ်းကျိန်ပြီးတဲ့ မတ်လ ၃၀ ရက်နေ့ နောက်ပိုင်းမှာ အနှစ် ၂၀ ကျော်မှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ အရပ်သားအစိုးရရဲ့ ပထမဆုံး သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဖော်ဆောင်တဲ့ အနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးတဲ့ ကိစ္စရပ်အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတော့မလားဆိုပြီး မျှော်လင့်ခဲ့ကြပါတယ်။
သမ္မတ ဖြစ်ဖြစ်ချင်းမှာ မလွှတ်ပေးရင်တောင်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမှာပဲ ဆိုတဲ့ ထင်မြင်ချက်တွေ မျှော်လင့်ချက် တွေလည်း ရှိနေကြပါတယ်။ ဒါပေမယ့် ထင်သလို ဖြစ်မလာဘဲ အခုအချိန်ထိ ဒီကိစ္စကို အစိုးရသစ်က စကားတောင် မဟသေးပါဘူး။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူတန်းစား အသီးသီးထဲက ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စာပေ၊ ဂီတ၊ ပန်းချီ၊ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေ၊ ဝါရင့် နိုင်ငံရေး သမားဟောင်းတွေ၊ မျိုးဆက်သစ် လူငယ့်ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ၊ လက်ရှိနိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေက အမျိုးသားရင်ကြားစေ့ရေးကို အဓိက ဖော်ဆောင်တဲ့ လုပ်ရပ်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ နိုင်ငံတော်သမ္မတထံ မြန်မာ နှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇) ရက်နေ့ ရက်စွဲနဲ့ ပြည်သူလူထုကို ကိုယ်စားပြု လက်မှတ်ရေးထိုး စာတင်ကြပါတယ်။

လက်မှတ် ရေးထိုးတဲ့ သူတွေထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်၊ ဦးတင်ဦး၊ ဝါရင့်နိုင်ငံရေးသမားကြီး သခင် သိန်းဖေ၊ သခင်ချန်ထွန်း၊ စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာ၊ ဝါရင့်သတင်းစာ ဆရာကြီး လူထုစိန်ဝင်း၊ စာရေးဆရာ ဇော်ဇော်အောင်၊ စာရေးဆရာ မောင်မိုးသူ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ချိုတူးဇော်၊ ကဗျာဆရာ အောင်ဘညို၊ ကဗျာဆရာ ငြိမ်းသစ်၊ HIV/ AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ပေးနေတဲ့ NLD လူငယ် မဖြူဖြူသင်း စတဲ့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved