ပြန်လာမယ်

Wednesday, April 27, 2011

အင်္ဂလန်၊ လန်ဒန်မြို့မှာနေတဲ့ ကိုမိုးမြင့်မြတ် ရေးစပ်သီဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတာကို ပြန်လည်ကူးယူ ဖော်ပြပါတယ်။ သီချင်းစာသားကိုလည်း တဆက်တည်း ဖော်ပြထားပါတယ်။



နံရံတွေကာဆီးလည်း ယုံကြည်တယ် တို့တသွေးတည်း
မိုင်ထောင်ချီကွာဝေးလည်း ယုံကြည်တယ် တို့တသားတည်း
ခိုင်မြဲနေဆဲလက်တွေ မျှော်လင့်ချက်လဲရှိစေ
ယုံမှားသံသယကင်းစေ ဒါ တို့ပြည် တို့မြေ တို့အမွေ

ယုံကြည်ရာဒီခရီးအတွက် ညီအစ်ကိုမောင်နှမများနဲ့
အတူချီမယ်လက်ချင်းဆက် အိမ်ပြန်ချိန်လွန်ခဲ့လည်း
နေ့များ ညများမေ့ခဲ့ကိုယ့်အရေးအတာများဘေးဖယ်
တို့များညီညွတ်ခြင်းနဲ့ တို့သမိုင်းတို့ရေးကြမယ်

ထောင်နံရံကြားမှာ ခွန်အားအပြည့်နဲ့
သံတိုင်တွေနောက်မှာ မျှော်လင့်ချက်နဲ့
ယုံကြည်ဆဲ သေချာတယ် တချိန်မှာတို့တတွေပြန်လာမယ်

တချိန်ချိန်အရောက်ပြန်ခဲ့မယ်
ယုံကြည်ခြင်းတွေရှိသေးတယ်
တချိန်မှာတို့ပြန်ခဲ့မယ်
ကမ္ဘာမကျေသီချင်းကိုဆိုရင်းနဲ့
တချိန်မှာတို့အိမ်ပြန်လာမယ်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved