NLD ပရိတ်တရားနာနှင့် သက်ကြီး ပူဇော်ပွဲ

Monday, April 18, 2011

ဝင့်နဒီ၊ ဧပြီ ၁၈၊ ၂၀၁၁

၂၀၁၁ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း ၁ရက်နေ့၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီိမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပရိတ်တရားတော်နာနှင့် သက်ကြီးပူဇော်ပွဲကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် မြို့နယ်ပေါင်းစုံ ဗဟိုအမျိုးသမီးအဖွဲ့ဝင်များမှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါနေ့တွင် မြို့နယ်အသီးသီးမှ အမျိုးသမီးအဖွဲဝင်များ၊ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် အမျိုးသားဒီမိုကရေစီရုံးချုပ်မှ ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအ၀င် အဖွဲဝင် ၂၂ဦး တို့အားလည်း ဂါရ၀ပြု ကန်တော့ခဲ့ကြကြောာင်း သိရှိရသည်။

ထို့နောက် အထွေအထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ဗဟိုအမျိုးသမီးအဖွဲ့ဝင်များမှ နှစ်သစ် နှစ်ဦးမင်္ဂလာအချိန်အဖြစ် ဂါရ၀ ပြုကန်တော့ကြောင်းနှင့် နှစ်သစ်ကူးအတွက် ဆုမွန်ကောင်း မိန့်ခွန်းပြောဆိုသည်။

"ကိုယ်လုပ်နေတဲ့ အလုပ်က တိုင်းပြည်အတွက် တကယ်အကျိုးရှိပြီး ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေလို့ နှစ်သစ်ကူးအတွက်ကတော့ တကယ်တော့ လူတွေက ကိုယ့်ရဲ့ နှစ်သစ်ကူးနဲ့ကိုယ်ရှိကြတာဘဲ ဘာလို့နှစ်သစ်ကူးလုပ်ချင်ကြလဲဆိုတော့ လူတွေကပြန်ပြန်ပြီးတော့ အသစ်တဖန် လုပ်ချင်ကြတာ အသစ်တဖန်လုပ်နိုင်မယ့် အခွင့်အရေးတွေ ထူထောင်နိုင်မယ့် အခွင့်အရေးအတွက် မျှော်ခိုးကြလို့ပေါ့ သဘာဝအရ ပြန်လည်လာတာပေါ့ သစ်ဆန်းဖို့က ကိုယ့်ဘာသာကိုယ် လုပ်ရမှာ ကျမတို့နိုင်ငံမှာဆိုရင် နိုင်ငံသူ နိုင်ငံသားတွေအတွက် သာယာစေမယ့် စနစ်မျိုး လုံခြုံစေမယ့်စနစ်မျိုး လွတ်လပ်စေမယ့် စနစ်မျိုး အဲ့ဒါတွေကို ကြိုးစားစေချင်တယ် တာဝန်ယူစေချင်တယ်" ဟု အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ဆုတောင်းပေးခဲ့သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စင်ကာပူ နှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ အလှူငွေများလှူဒါန်းခြင်းနှင့် စစ်ကိုင်းတိုင်းမှ မြို့ခံတစ်ဦးမှလည်း အထွေအထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ လူမှုရေးလုပ်ငန်းများအတွက် အလှူငွေ လှူဒါန်းခဲ့ကြောင်းသိရှိရသည်။




1 comments :

  1. zaw min said... :

    ah may su kyanmar chan thar par say .....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved