နိုင်ငံခြားရေး ဝန်ကြီးသစ်

Sunday, May 8, 2011


ဒါကတော့ ဦးသိန်းစိန် အစိုးရသစ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့ ဦးဝဏ္ဏမောင်လွင်ပါ။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ မေလ ၅ ရက်နေ့က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ တွေ့ရတာပါ။ ဦးဝဏ္ဏမောင်လွင်ဟာ အရင် ဥရောပသမဂ္ဂဆိုင်ရာ သံအမတ်၊ ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်ပါတယ်။ အတုအယောင် ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် ထိမ်းသိမ်းထားမှုတွေ ရှိပေမယ့် ဦးသိန်းစိန်က မြန်မာနိုင်ငံဟာ ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဌရာထူးယူဖို့ အသင့်ဖြစ်နေပါပြီဆိုပြီး ဦးဝဏ္ဏမောင်လွင်ကို အာဆီယံအတွင်းရေးမှူးဆီ စာပို့ခိုင်းပါတယ်။ (ဓာတ်ပုံ - Getty Images)

10 comments :

  1. Anonymous said... :

    အဖားကောင်းလို့ ၀န်ကြီးဖြစ်လာတဲ့ ဗိုလ်မှူးကြီးဟောင်း ဦးဝဏ္ဏမောင်လွင်ကို သမတ ထိပ်ပြောင်သိန်းစိန်အတွက် အာဆီယံ ဥက္ကဌ ရာထူး ရဘို့ အခြားနိုင်ငံဝန်ကြီးတွေကို ဘယ်လို့ဖားအုံးမလဲ မသိဘူးနော်. အရမ်းအဖားတော်လို့ နိုင်ငံခြားရေးရာ ၀န်းကြီးဖြစ်လာတဲ့သူ အရည်အချင်းကတော Zero အဆင့်ရှိတဲ့သူ ဆိုပဲ

  1. mya said... :

    ဦးဝဏ္ဏမောင်လွင် ပုံ က ဖားပြုတ်ပုံ ပေါက်နေတာ ထူးခြားမူဘဲနော်။တိုင်းပြည်အတွက်ကတော့နာဘို့နဲ့ ပြည်သူ တွေကတော့ ဒုက့နဲ့ကြုံကြ၇အုန်းမဲ့ သဘောလေ။

  1. Anonymous said... :

    ဘယ်အဖွဲ့စည်းမှာမဆို အရည်ချင်းရှိလို့ ခေါင်းဆောင်လုပ်နေကြတဲ့သူတွေကြည့်ပါပဲ။လူဆိုးခေါင်းဆောင်တွေတောင်မှ အရည်ချင်းရှိလို့ ခေါင်းဆောင်ဖြစ်လာတာပဲ။ဘင်လာဒင် အရည်ချင်းမရှိပဲ အကြမ်းဖက်ခေါင်းဆောင်မဖြစ်နိုင်ဘူး။သေနတ်ပစ်တတ်တိုင်း ဗုံးခွဲတတ်တိုင်း အကြမ်းဖက်ခေါ်င်းဆောင်ဖြစ်မလာနိုင်ဘူး။ထိပ်ဆုံးကို ရောက်နေတဲ့သူတွေ အရည်ချင်းတစ်ခုခုတော့ ရှိကြတဲ့သူတွေကြည့်ပါပဲ။အဖားတော်လို့ ထိပ်ဆုံးရောက်ရင်တောင်မှ အရည်ချင်းမရှိရင် မတည်မြဲနိုင်ပါဘူး။ဘာမှမသိနားမလည်ပဲနဲ့တော့ ဘယ်သူမှ ခေါင်းဆောင်မတင်ဘူးဆိုတာတော့ အသေချာပါပဲ။

  1. Anonymous said... :

    အင်း၊ အခုခေတ်က အဲလို Zero အဆင့်ရှိသူတွေ ကြီးပွါးတဲ့ ခေတ် ဆိုတာ ခင်ဗျား မသိဘူးလားဗျာ့။ Zero အဆင့်ရှိသူတွေ အုပ်ချုပ်တဲ့ နိုင်ငံမှာ Zero အဆင့်ရှိသူတွေ ၀န်ကြီးဖြစ်တာ သဘာဝ ကျပါတယ်။ ဘာမှ မနာလိုစရာ မရှိကြပါနဲ့။

  1. Truth sayer... said... :

    မြန်မာနိုင်ငံကို ၂၀၁၄မှာ အာဆီယံဥက္ကဋ္ဌဖြစ်ရေး အာဆီယံ မူအားဖြင့် သဘောတူ
    http://www.voanews.com/burmese/news/asean-meeting-burma-121437529.html

    နောက်ဆုံးတော့လည်း တို့မြန်မာနိုင်ငံ အာဆီယံ အကြီးအကဲ နေရာရတော့မှာ သေချာသလောက်ပါပဲ။
    သနားလိုက်တာ HRW တို့၊ AIPMC တို့ရေ။ ခင်ဗျားတို့ ဘယ်လောက် ကုန်းအော်ပြီး ကန့်ကွက်၊ ကန့်ကွက် နောက်ဆုံးတော့လည်း ပတ္တမြားမှန်တော့ နွံမနစ်ဘူးဆိုတဲ့ သာဓကပဲ။

    အတိုက်အခံတို့ရေ ခင်ဗျားတို့စကားကို ဘယ်သူမှ အလေးအနက်မထားတော့ပါဘူးကွယ်။
    ၂၀၁၄ကျရင် အာဆီယံနဲ့ အလုပ်လုပ်ချင်တဲ့ အမေရိကန်နဲ့ ဥရောပခေါင်းဆောင်အားလုံး နေပြည်တော်ကို လာရပါတော့မယ်။

  1. aunghtut said... :

    မှန်ပါသည်။ ဂျနီဖာတွင် နေတုန်းကလည်း ယူအန်အစည်းအဝေး တွေတက်ပြီး ဗြောင်လိမ်ပေးရသူပါ ။

  1. Anonymous said... :

    အဖားကောင်းတာလဲအရည်အချင်းလိုသတ်မှက်ရင်မကောင်းတဲ့အရည်ချင်းပဲပေါကွာမကောင်းတဲ့အရည်ချင်းနဲ့အုပ်ချုပ်ရင်မကောင်းကျိုးပဲရမှာကွာနော်ဒါကိုကလေးလဲသိပါတယ်

  1. Anonymous said... :

    အဖါး‌ကောင်း၍မဟုတ်ပါ...တကယ်အရည်အချင်းရှိ‌သောလူ‌တော်လူ‌ကောင်းတ‌ယောက်ဖြစ်ပါသည်..သို့‌သော်အထက်...အထက်..ကကျလာ
    ‌သော..မူဝါဒများကိုသာတ‌သွေမတိမ်းအ‌ကောင်အထည်‌ဖေါ်ရုံနှင့်‌တော့...။

  1. Anonymous said... :

    Truth Sayer is a Pro Govement Thug.... dont let him have his say here..... They controlled the newspapers in Burma, we should control their thugs post here...

  1. Anonymous said... :

    That MAN is considered to be qualified for FM post. He is son of Col.Mg Lwin (Revolution Council Member), but he was not alike nowadays' Sons of SPDC Members.
    Perhaps, he was best Cadet of mm army academy.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved