အမျိုးအမည်မသိ ထူးဆန်းသောယာဉ်ပျံနှစ်စင်း ရွှေဘိုမြို့ပေါ် ပျံဝဲခဲ့

Sunday, May 8, 2011

(The Yangon Times ဂျာနယ်ထဲက တွေ့လို့ စိတ်ဝင်စားတာနဲ့ ကူးယူဖော်ပြလိုက်ပါတယ်။ ပန်းကန်ပြားပျံလား၊ မြန်မာ့လေတပ်ရဲ့ မောင်းသူမဲ့ လေယာဉ်လား၊ ဘယ်က ထောက်လှမ်းရေး လေယာဉ်လဲ။ ဆက်သွယ်ရေးလိုင်းတွေက ဘာကြောင့် ပြတ်တောက်ရတာလဲ။ ဘင်လာဒင်အိမ်ကို ဝင်စီးဖို့ ပါကစ္စတန်နိုင်ငံထဲ ဝင်ရာမှာ ပါကစ္စတန် ရေဒါတွေ ဖမ်းမမိအောင်လုပ်ပြီး အမေရိကန်က ဝင်ရောက်ခဲ့တဲ့အကြောင်းတော့ ဟိုလေးတကြော် ဖြစ်နေတုန်းပါပဲ)

မုံရွာ၊ အမျိုးအမည်မသိ ထူးဆန်းသော ယာဉ်ပျံနှစ်စင်း ဧပြီ ၂၁ ရက်က ရွှေဘိုမြို့ပေါ် ဖြတ်ပျံသန်းသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီ ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခံတွင် ထုလုံးရှည် (စလင်ဒါ) ပုံသဏ္ဌာန် ယာဉ်ပျံ နှစ်စင်း သည် ရွှေဘိုမြို့အထက်ကောင်းကင်ပေါ်တွင် အချိန်အတော်ကြာ ပျံသန်းခဲ့ပြီး အဆိုပါအမျိုးအမည်မသိ ယာဉ်ပျံနှစ်စင်း ပျံသန်းချိန်တွင် ရွှေဘိုမြို့အတွင်း ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်ခဲ့ကြောင်း မြို့ခံသတင်းထောက်ဦးကျော်ဇောက သတင်းပို့သည်။

“အဲဒီအချိန်က မှန်သာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ ကိုရင်အပါး ၃၀ လောက်က ကောင်းကင်ကို လက်ညှိုးထိုးပြီး ဝိုင်းကြည့်နေတာကို ကိုရင်တစ်ပါးကလာပြောလို့ သွား ကြည့်မိတော့ ဂျက်လေယာဉ်ပျံသွားတဲ့ အမြင့်လောက်နီးနီးမှာ ထုလုံးရှည်ပုံသဏ္ဌာန် ယာဉ်ပျံ နှစ်စင်းကို တွေ့ခဲ့ရတယ်။

တစ်စင်းက ခပ်မွဲမွဲ အနက်ရောင်နဲ့ တစ်စင်းက ဂျက်လေယာဉ်ရဲ့ အရောင်မျိုး၊ ဂျက်လေ ယာဉ် အရောင်မျိုးနဲ့ ယာဉ်က ခပ်မွဲမွဲ အနက်ရောင်ယာဉ်ရဲ့ အထက်တော်တော် လေးမြင့် မြင့်မှာ ရှိတယ်”ဟု မှန်သာဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဇနက မိန့်ကြား ခဲ့သည်။

အဆိုပါ လေယာဉ်နှစ်စင်းသည် ကောင်းကင်ယံရှိနေစဉ် ရွှေဘိုမြို့သူ၊ မြို့သားများက မြင် တွေ့ လိုက်ရကြောင်း သိရသည်။ “အဲဒီယာဉ်နှစ်စင်းက တော်တော်နဲ့ မရွေ့လျားဘဲ ဒေါင် လိုက် အလျားလိုက်ပုံစံအမျိုးမျိုး ပြောင်းပြီး ကောင်းကင်ယံမှာ တည်နေတယ်။ တစ်ခါတစ် လေ ဘယ်ဘက်လှိမ့်လိုက် ညာဘက်လှိမ့်လိုက် လုပ်နေကြတယ်။

အဲဒီလို ကောင်းကင်ယံမှာ ရှိနေချိန်မှာ မြို့သားအားလုံး နီးပါး မြင်လိုက်ကြတယ်။ ထူးဆန်း တဲ့ တိုက်ဆိုင်မှုလား မသိဘူး။ အဲဒီအချိန်မှာ မြို့ပေါ်က စလောင်းတီဗွီတို့၊ မိုဘိုင်းဖုန်းတို့၊ ရေဒီယိုလှိုင်းတို့ ခေတ္တ ပြတ်တောက်သွားတာကို သိလိုက်ရတယ်”ဟု မြို့ခံတစ်ဦးက ပြော သည်။

ယင်းနှင့်ပတ်သက်၍ မှန်သာကျောင်းမှ ကိုရင်အရှင်ဝိမလက “ဒီလို မြင်တာ ဒါပါနဲ့ဆို လေးခါ ရှိပြီ။ သင်္ကြန်မတိုင်မီတစ်ပတ်အလိုက ရွှေဘိုဈေးကြီး အထက်မှာ တစ်ခါ၊ သင်္ကြန် မတိုင်မီ နှစ်ရက်လောက်က ရွှေဘိုဘောလုံးကွင်းအထက်မှာ တစ်ခါ၊ သင်္ကြန်တွင်းမှာလဲ ရွှေသိမ်တော် ဘုရားရဲ့အထက်မှာ တစ်ခါတွေ့ခဲ့သေးတယ်”ဟု မိန့်သည်။

ဧပြီ ၂၁ ရက်က မြင်ရသော ယာဉ်နှစ်စင်းသည် ကောင်းကင်ယံတွင် အချိန်အတော်ကြာ ရှိ နေခဲ့ပြီး အထက်မှာ တစ်စင်းက အရှေ့မြောက်ဘက်ဆီကိုလည်းကောင်း၊ အောက်ဘက်ရှိ အစင်းသည် အနောက်ဘက်ဆီကို ပျံသန်းသွားကြကြောင်း မြို့ခံများက ဆိုသည်။

Source : The Yangon Times

13 comments :

  1. Anonymous said... :

    တရုတ်က မြန်မာပြည်ကိုလာပြီးမောင်းသူမဲ့ လေယာဉ်များ ပျံသန့်လေကျင့်နေတာလား မသိဘူးနော် မြန်မာပြည်အစိုးရက တရုတ်အစိုးရကို အဖေ တော်ထားတယ်ဆိုတော..

  1. Anonymous said... :

    မောင်းသူမဲ့လေယာဉ်တော့မဖြစ်နိုင်ပါဘူး။ပုဂံပြားပျံတွေပဲဖြစ်နိုင်တယ်။မောင်းသူမဲ့လေယာဉ်လာရင် ဆက်သွယ်ရေးတွေပြတ်တောက်သွားတာ သိပ်မရှိဘူးလေ။ဘာပဲဖြစ်ဖြစ် အချိန်ကြာကြီးတွေ့ရတာဆိုတော့ မြိုံခံတွေအနေနဲ့ ဓာတ်ပုံလေးတော့ ရိုက်ထားသင့်တယ်...

  1. Anonymous said... :

    ဓါတ်ပုံမပါဘူးဆိုတော့လဲ ယုံရခက်သား ကိုယ်တိုင်လဲသွားမှမမေးနိုင်တာ ဓါတ်ပုံနဲ့ပါပြသင့်တယ် ဒီလောက်အကြာကြီးဆိုရင် ဓါတ်ပုံမရိုက်ပဲတော့မနေကြပါဘူး ရိုက်ကြမှာပါ သတင်းထောက်ဆိုတဲ့လူကကော ကင်မရာမပါဘူးလား ဓါတ်ပုံမရိုက်ထားဘူးလား

  1. Anonymous said... :

    သိန်းစိန်ကွ!
    ဒါမျိုးတော့ ပျင်းတယ်။
    ငါကြောက်တာက ကျော်သူဆိုတဲ့ကောင်။ ဘဂန်ဘျားဘျံ ပျင်းတယ်။
    :(

  1. Anonymous said... :

    မင်းတို့ဟာတွေကလဲတော်တော်ထူဆန်းပါလားဟေ့ ကမ္ဘာမြေပုံအတွက်ဓါတ်ပုံလာရိုက်တာများလားလို့ 

  1.့ ခုနောက်ပိုင်း နိုင်ငံတော်တော်များများမှာ UFO တွေ အမြဲလိုလို တွေ့လာရတယ်။ တချိန်ချိန် မှာ တခုခုထူးခြားလာ လိမ်မယ့်။

  1. Unknown said... :

    ဓာတ်ပုံအထောက်အထား မရှိ သတင်း ရင်းမြစ်က လဲ မခိုင်လုံ .. ထို့ ကြောင့် မယုံပါဘူး ခင်ဗျာ.. :)

  1. Anonymous said... :

    ဟိဟိ မီးမီးကြောက်ကြောက် မဟုတ်တာတွေလုပ်ထားတဲ.လူတွေကို ဘာလုပ်မယ်မသိ

  1. Anonymous said... :

    tha gyar min gyi U MARGa sin kyitar bar.bar ma ma hut par buu.

  1. Anonymous said... :

    ထင်ရာမြင်ရာတွေလျောက်ပြောမနေကြနဲ့ ကွ

  1. ttn said... :

    ဟုတ်ချင်ဟုတ် မဟုတ်ချင်နေ. ယုံလည်းယုံတယ် မယုံလည်းမယုံဘူး

  1. Anonymous said... :

    အလကားငကြောင်တွေ အဒါ ဒို့ ရွာဦးကျောင်းက မီးပုံးပျံလွှတ်လိုက်တာကွ

  1. Anonymous said... :

    ရန်ကုန်တိုင်းဂျာနယ်က စာပေစိစစ်ရေးကြောင့် ရေးစရာ မရှိတော့လို့ ဂျာနယ်စောင်ရေတက်အောင် လျှောက်ရေးတာနေမှာပါ .. ဟီးဟီး ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved