ဘောလ်ပင် တွမ်တဲ့ သမ္မတကြီး

Sunday, May 22, 2011

ချက်ရီပတ်ဗလစ် နိုင်ငံက ရုပ်သံတခုက ချက်သမ္မတကြီး ဗားကလပ် ကလော့စ် ချီလီနိုင်ငံ အလည်အပတ် ခရီးစဉ်မှာ သတင်းစာရှင်းလင်းပွဲအတွင်း ဘောလ်ပင် အိပ်ထဲထည့်ယူသွားပုံကို ထုတ်လွှင့်သွားပါတယ်။ ၂၀၁၁ ဧပြီလ ၄ ရက်နေ့တုန်းက ချီလီနိုင်ငံ လာ မွန်နေဒါ မြို့မှာ ချီလီသမ္မတနဲ့ သတင်းစာရှင်းလင်းပွဲလုပ်တုန်း ဖြစ်သွားခဲ့တာပါ။

ချီလီသမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဒီဘောပင်ဟာ ဧည့်သမ္မတများ အခမဲ့ ယူဖို့ ထားထားတာပါလို့ ပြောပါတယ်။


2 comments :

  1. Anonymous said... :

    ha ha ha....ရီရတယ်။ ဖြစ်မှဖြစ်ရလေ။ အခမဲ့ဆိုရင်လည်း ဗူးပါယူလို့ ရတာဘဲ ဥစ်စာမလား။ အခုက ခိုးကြောင်ခိုးဝှက်နဲ့ ။

  1. Anonymous said... :

    သမ္မတ ဆိုတာမှာလဲ လူကောင်းတွေရှိသလို သူခိုးတွေလဲ ရှိတတ်တာပဲ ။
    တချို့က ဘောပင်ခိုးတယ် ၊ တချို့ကမဲခိုးတယ် ၊ တချို့ကဓာတ်ငွေ့ကရတဲ့ငွေ ခိုးတယ် ။ စိန်ထည်ခိုးတယ် ၊ ဦးပိုင်က ငွေတွေခိုးတယ် ၊ဗြောင် ခိုး တာ နဲ့  တိတ်တိတ် ခိုးတာနဲ့ပဲ ကွာတယ်
    ၊ ခက်တာက သူတို့ကိုယ်တိုင်ကျတော့ ခိုးတာကိုခိုးတယ်လို့
    မသတ်မှတ်ဘူး ယူခွင့်ရှိသလေးဘာလေးနဲ့ ကာကွယ်တတ်ကျပြန်ေ၇ာ ။
    အရင်းစစ်တော့ အမြစ်မြေက ဆိုသလို သူတို့ရဲ့ မိဘ ကိုသာ အပြစ်တင်ပါလေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved