ရယ်စရာ ပဟေဠိ အမှတ် ဝ၁၃ အဖြေများ

Monday, May 30, 2011


သုခမိန်လှိုင် ရေးတဲ့ သီချင်းတပုဒ် မှာ ဟောဒီလို ဆိုထားတယ် -
xxxx ရာဇ၀င်မှာ ပင်လယ်ပြင် သင်္ဘောပျက် အို မေခလာ ရောက်လာတယ်၊
နင်ပင်လယ်ပြင်မှာ အို ငါ့ရွက်လှေ အချစ်ရှုံး နစ်မြှုပ်သွားလေတယ် xxxx

မေးခွန်း က -
အို မေခလာ ရောက်လာတယ် ဆိုတာ ဘာလဲ။ ဘာအဓိပ္ပာယ်လဲ။
သဲလွန်စ - ၅၀ ၀န်းကျင်
အဖြေ - ဘာအဓိပ္ပာယ်လဲ မသိပါ။ အခုတော့ အဆိုတော် မေခလာကို ရည်ရွယ်သလို ဖြစ်နေပါတယ်။ မေခလာက အသက် ၅၀ ၀န်းကျင် ရှိပြီ မဟုတ်လား။ အိုပြီပေါ့။

မေးခွန်း ခ - ဇနက မင်းသား သင်္ဘောပေါ်က ခုန်မချခင် ဘာပြောသွား၊ ဘာအော်သွားသလဲ။
သဲလွန်စ - အရှိန်
အဖြေ - တစ်...၊ နှစ်...၊ သုံး...... လို့ အော်မယ် ထင်ပါတယ်။

မေးခွန်း ဂ - မေခလာက ဇနကမင်းသားကို သွား ... လူဆိုး လို့ ပြောတာ ဘာကြောင့်များလဲ။
သဲလွန်စ - လူဆိုး ဆိုတော့ အင်း ... ဆိုးလို့ ဖြစ်မှာပေါ့။
အဖြေ - ဇနက မင်းသား ပင်လယ်ထဲ ရေကူးနေတုန်း မေခလာကို လှမ်းမြင်လိုက်တယ်။ ဘယ်လောက်ပဲ ကူးကူး ကယ်တင်ရှင် မေခလာက အနား ရောက်မလာဘူး။ ဒါကြောင့် ရေကူးတာ ရပ်လိုက်တယ်။ သို့ကလို ရပ်လိုက်မှ မေခလာက စိတ်ပူသွားပြီး ကယ်ဆယ်ရေးလုပ်ပါတော့တယ်။ ဒီတော့မှပဲ မင်းသား ဇနက မေခလာရင်ခွင်ထဲရောက်သွားတယ်။ ရင်ခွင်ထဲရောက်တော့ မင်းသား သဘောကျပြီပေါ့။
အဲ ... ရင်ခွင်ထဲက ဇနကမင်းသား ပြုံးနေတာကို မေခလာ တွေ့တော့ သွား ... လူဆိုး လို့ ပြောလိုက်တာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved