မဇ္ဈိမလှိုင်း တေးဂီတဝိုင်းရဲ့ နှစ် ၃၀ ပြည့်ခရီး စင်မြင့်ဖျော်ဖြေပွဲ သီချင်း ၃ ပုဒ်။
တေးရေးကိုနေ၀င်းအတွက် အမှတ်တရပွဲလည်း ဖြစ်တဲ့အတွက် သူရေးထားတဲ့သီချင်းတွေကို အဆိုတော်တွေက ဒီပွဲမှာ ဆိုကြပါတယ်။
အဲဒီထဲက ၃ ပုဒ်ကို နားဆင် ကြည့်ရှုနိုင်ဖို့ ဒီနေ့ တင်ပေးလိုက်ပါတယ်။
သီချင်းအမည် - ရေစီးကြောင်း
ဆို- ကိုရဲလွင်
၁၉၈၈ ၀န်းကျင် အဆိုတော် မွန်းအောင်ရဲ့ မိုးလုံးမှိုင်း စီးရီးမှာ ပါဝင်ခဲ့ပါတယ်။ နူးညံ့တဲ့ ဂီတသံ၊ ကိုနေ၀င်းရဲ့ စာသားအဖွဲ့အနွဲ့တို့ကြောင့် မွန်းအောင်ရဲ့ ပရိသတ်တွေ ကြိုက်ကြတဲ့ သီချင်းပါ။
အခု စတိတ်ရှိုးမှာတော့ တူရိယာပြောင်းပြီး တင်ဆက်ထားပါတယ်။ ကိုရဲလွင်ရဲ့ ဆိုဟန်မှာ တယောဦးတင်ရီကလည်း ပါဝင် အားဖြည့်ထားတဲ့အတွက် သီချင်းက အသွင်သစ် ဖြစ်နေပါတော့တယ်။
သီချင်းအမည် - စဉ်းစားထား
ဆို- သားထွေး
သားထွေးက မဇ္ဈိမလှိုင်းရဲ့ ၀ိုင်းတော်သားတယောက် ဖြစ်ပါတယ်။ ဒီ ၂ ပုဒ်လုံးက သားထွေးရဲ့ အသံနဲ့လည်း လိုက်ဖက်ပါတယ်။ သီချင်း ၂ ပုဒ်လုံးက ကိုနေ၀င်းရဲ့ ငယ်လက်ရာတွေ ဆိုတော့ သီချင်း သက်တမ်း အနှစ် ၃၀ ၀န်းကျင်တော့ ရှိပါပြီ။
ဒါတွေကို ပထမဆုံး ယူဆိုခဲ့သူက ခိုင်ထူး ဖြစ်ပါတယ်။ အဆိုတော် ခိုင်ထူးရဲ့ အဉ္စလီ၊ တေးမြုံငှက် စီးရီးတွေမှာ မြူးမြူး သွက်သွက် ဒီသီချင်း ၂ပုဒ်ကို ရှေ့ဆုံးက တွေ့နိုင်ပါတယ်။
သီချင်းအမည် - စိုးစံစားစေ
ဆို- သားထွေး
ဆက်စပ် ကြည့်ရှုရန်
လပြည့်ဝန်းသို့ တမ်းခြင်း ၁ ကို ဒီမှာ irrawaddyblog.com ကြည့်နိုင်ပါတယ်။
မဇ္ဈိမလှိုင်း အကြောင်းကိုတော့ ၀ီကီမြန်မာ wikimyanmar မှာလည်း ဖတ်နိုင်တယ်။
ဧရာဝတီဝိုင်းတော်သားများခင်ဗျ
ကျနော်တခုလောက် တောင်းဆိုချင်လို့။ ဇေယျာသော် ထောင်ကလွတ်ပြီဆိုတော့ သူပါဝင်ခဲ့တဲ့ နာမည်ကျော် သီချင်းတပုဒ်လောက် ဘလောက်ပေါ် တင်ပေးနိုင်မလားလို့။ ဒီသီချင်းဆိုရင် ဂွတ်ရှယ်ဖြစ်မယ်
(အချစ်သီချင်း - ဇေယျာသော်၊ စိုင်းစိုင်း၊ အဲလက်စ်၊ မျိုးကျော့မြိုင်၊ ကောင်းမြတ်)http://www.youtube.com/watch?v=TbxSzKDac3E)