ကာတွန်းဟန်လေးရဲ့ ပထမဆုံး နိုင်ငံရေးကာတွန်း

Saturday, May 28, 2011




ကာတွန်းဟန်လေးရဲ့ ပထမဆုံး နိုင်ငံရေးကာတွန်း (Editorial Cartoon) မှာ ဇာတ်လိုက်ကျော်က ဗိုလ်ချုပ်မှူးကြီးစောမောင် ဖြစ်ပါတယ် တဲ့။
ချောက်ထဲရောက်တော့မယ့် တိုင်းပြည်ကို လက်မတင်လေး ကယ်တင်လိုက်ရတဲ့ ဗိုလ်ချုပ်ကြီးကို တကွက်ကာတွန်းနဲ့ သရုပ်ဖော်ထားတာပါ။ ၁၉၈၈ ခုနှစ်က သူ့လက်ရာ။

ဒီအကြောင်းကို ကိုဟန်လေးက ဒီနေ့မနက် ကာတွန်းနှင့်အနုပညာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ CBO Resource Center စာပေဟောပြောပွဲ အစပိုင်းမှာ ပြောပြသွားပါတယ်။

နိုင်ငံရေးကာတွန်း၊ ရုပ်စုံကာတွန်း၊ ဟာသကာတွန်း၊ ကွက်ဆက်ကာတွန်း၊ ရုပ်ပြောင်ကာတွန်း၊ ကာတွန်းရုပ်ရှင် ဆိုပြီး ကာတွန်းကို ခွဲခြားနိုင်ကြောင်း၊ ရေးဆွဲခဲ့တဲ့ ကာတွန်းတချို့၊ သူ ဖြတ်သန်းခဲ့ သူကြုံတွေ့ခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ပြောပြသွားပါတယ်။

သူဝတ်ထားတဲ့ ပုဆိုးက တန်ခိုးကြီး ဘုန်းကြီးမှ မြင်ရတာ လို့ ဆိုတဲ့ ဟာသပုံပြင်ထဲက ဘုရင် အကြောင်း ပြောပြနေတဲ့ ကာတွန်းဆရာ

ငါးကန် ကျကွဲတာ ကျနော်မလုပ်ပါဘူး၊ ကျနော့်အရိပ်က လုပ်တာပါ တဲ့။
ဒါက လက်သံပြောင်ခဲ့တဲ့ ဒီပဲယင်းလုပ်ကြံမှု အကြောင်း လို့ ဆိုတယ်။


ပန်းချီအကြောင်း ပြောတုန်းက ပြသခဲ့တဲ့ မိုနာလီဇာ နဲ့ ကာတွန်းဆရာ

1 comments :

  1. Anonymous said... :

    မကြုံလိုက်တာ နာသဗျာ့  ကြားရတာ ၀မ်းသာပီတိ ဂွမ်းဆီထိပဲဗျို့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved