မနေ့ကအစပြုပြီး တောင်ကိုရီးယား SBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်တဲ့ City Hunter ဇာတ်လမ်းတွဲမှာ မြန်မာပြည်အကြောင်း ပါဝင်မယ်လို့ သိရပါတယ်။ ၁၉၈၃ ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှုကို ဇာတ်ဝင်ခန်းထဲ ထည့်ထားတာပါ တဲ့။ ဇာတ်ကားကြော်ငြာအရ ဆိုရင်တော့ အပစ်အခတ်တွေ ပါဝင်တဲ့ အချစ်ကား ဖြစ်ဖို့ များပါတယ်။
(ဗုံးအကြောင်း ဒီမှာ ဖတ်ပါ)

www.squidoo.com မှာ တွေ့ရတဲ့ ဒီဓာတ်ပုံတွေ အရ ဆိုရင် Lee Min Ho က တောင်ကိုရီးယား သမတ အိမ်တော်မှာ အလုပ်လုပ်တဲ့ Lee Yoon Sung အဖြစ် သရုပ်ဆောင်ထားပါတယ်။

မင်းသမီး Park Min Young က သမတအိမ်က ဘော်ဒီဂတ် Kim Na Na ဖြစ်ပါသတဲ့။ မင်းသမီးနဲ့ မင်းသား ကြိုက်ကြပါလေရော လို့ ဇာတ်လမ်းအကျဉ်းက ခပ်တိုတို ဆိုပါတယ်။
အပိုင်း ၂၀ ရှိတဲ့ ဒီဇာတ်လမ်းတွဲကို ဇူလိုင် ၂၈ အထိ ထုတ်လွှင့်ပါမယ် တဲ့။
တခြား သရုပ်ဆောင်များကတော့ -

Lee Joon Hyuk

Goo Ha Ra

Hwang Sun Hee





အာဇာနည်ကုန်း ဗုံးခွဲ မှု နဲ့ဦးသန့် ဘယ်လိုဆက်စပ် လိုက်လဲ နားမလယ်ပါ။