ကိုရီးယားဇာတ်လမ်းတွဲသစ်မှာ ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု ပါဝင်

Thursday, May 26, 2011


မနေ့ကအစပြုပြီး တောင်ကိုရီးယား SBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်တဲ့ City Hunter
ဇာတ်လမ်းတွဲမှာ မြန်မာပြည်အကြောင်း ပါဝင်မယ်လို့ သိရပါတယ်။ ၁၉၈၃ ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှုကို ဇာတ်ဝင်ခန်းထဲ ထည့်ထားတာပါ တဲ့။ ဇာတ်ကားကြော်ငြာအရ ဆိုရင်တော့ အပစ်အခတ်တွေ ပါဝင်တဲ့ အချစ်ကား ဖြစ်ဖို့ များပါတယ်။

တောင်ကိုရီးယား၊ မြန်မာ အလံ တို့နဲ့ ဗုံးထိတဲ့ကားတစီး ရိုက်ချက်
(ဗုံးအကြောင်း ဒီမှာ ဖတ်ပါ)


YouTube မှာ မြင်ရတဲ့ အမြည်း။ ဗုံးကွဲခန်း ထည့်ထားတယ်။


www.squidoo.com မှာ တွေ့ရတဲ့ ဒီဓာတ်ပုံတွေ အရ ဆိုရင် Lee Min Ho က တောင်ကိုရီးယား သမတ အိမ်တော်မှာ အလုပ်လုပ်တဲ့ Lee Yoon Sung အဖြစ် သရုပ်ဆောင်ထားပါတယ်။


မင်းသမီး Park Min Young က သမတအိမ်က ဘော်ဒီဂတ် Kim Na Na ဖြစ်ပါသတဲ့။ မင်းသမီးနဲ့ မင်းသား ကြိုက်ကြပါလေရော လို့ ဇာတ်လမ်းအကျဉ်းက ခပ်တိုတို ဆိုပါတယ်။

အပိုင်း ၂၀ ရှိတဲ့ ဒီဇာတ်လမ်းတွဲကို ဇူလိုင် ၂၈ အထိ ထုတ်လွှင့်ပါမယ် တဲ့။

တခြား သရုပ်ဆောင်များကတော့ -







Lee Joon Hyuk



Goo Ha Ra





Hwang Sun Hee

6 comments :

  1. weikzar said... :

    အာဇာနည်ကုန်း ဗုံးခွဲ မှု နဲ့ဦးသန့် ဘယ်လိုဆက်စပ် လိုက်လဲ နားမလယ်ပါ။

  1. Anonymous said... :

    ကြောင်တောင်တောင်နဲ့၊ ဘယ်သူက ဦးသန့်အကြောင်း ဒီထဲမှာ ပြောထားလို့လဲ....

  1. noheart said... :

    မြန်မာအလံနဲ့တူတာက ရှိသေးတယ်လေ မြန်မာအလံ လုံးဝမဖြစ်နိုင်ပါ ဟောင်ကောင် အလံဖြစ်နိုင်ပါတယ် သေချာပြန်ကြည့်စေလိုပါတယ်....

  1. Anonymous said... :

့မြန်မာအလံနဲ့တူတာ ထိုင်ဝမ်အလံပါခင်ညာ။ ဟောင်ကောင်ဟုတ်ပါဘူး။ သေချာပြန်ကြည့်စေလိုပါတယ်။

  1. Anonymous said... :

    အပေါ်က လူတွေ ထင်ရာ မြင်ရာ လျှေက်မပြောသင့်ပါဘူး ခင်ဗျာ။ (မြန်မာ အလံ မဟုတ်ဘူးတို့ ဘာတို့ အစရှိသဖြင့်)
    ဇာတ်လမ်းအရ မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။

    http://www.burmastrangenews.com/2011/05/blog-post_2255.html မှာ ပေးထားတဲ့ အောက်ဆုံးက လင့်ခ်ကို တစ်ချက်လောက် သွားကြည့်စေလိုပါတယ်။

    Lee Jin-Pyo (Kim Sang-Jung) and Park Moo-Yul (Park Sang-Min) worked as bodyguards at the South Korean President's home - the blue house. While the president and other high ranking public officials were visiting Myanmar an explosion occurred, set off by North Korean agents. The explosion did not harm the South Korean President, but other South Korean officials were killed. မြောက်ကိုးရီးယားက ရန်ကုန် အာဇာနည်ကုန်းမှာ ဗုံးခွဲခဲ့တာ ဖြစ်ပါတယ်။ လွတ်မြောက်သွားတဲ့ ကိုးရီးယား သမ္မတက ချန်ဒူးဝှမ်ပါ။ ရန်ကုန်မှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်ကို ထည့်သွင်း ရိုက်ကူးထားပေမဲ့ မော်တော်ကားတွေက ထိုင်းနိုင်ငံက မော်တော်ကားတွေ ဖြစ်နေတဲ့ အမှားတွေကို တွေ့ရပါတယ် ခင်ဗျာ။

    မြန်မာ့ အလံ မဟုတ်ဘူး လို့ ဘုမသိ ဘမသိ၊ ထင်ရာ မြင်ရာ လျှောက် ပြောကြသူတွေ အနေနဲ့
    http://asianmediawiki.com/City_Hunter_(Korean_Drama) မှာ အစအဆုံး ဖတ်ကြည့်ပါလေ။ မြန်မာပြည်မှ မြန်မာပြည်၊ မြန်မာ့ အလံမှ မြန်မာ့အလံ ဆိုတာ သိနိုင်မှာပါ။

  1. Anonymous said... :

    City Hunter ဇတ်ကားက တစ်ပိုင်းပဲထွက်ပါသေးတယ်။ အပေါ်မှာ ကြေငြာထားသလို ဇူလိုင် ၂၈ ထိ ထွက်မယ့် ဇတ်ကားရှည်ပါ။ မနေ့ညက တစ်ပိုင်း ကြည့်ပြီးပါပြီ။ ကိုယ့်နိုင်ငံ အကြောင်းပါတယ်ဆိုလို့။ ရိုက်တာတော့ ထိုင်းနိုင်ငံမှာပါ။ စင်တင်နဲ့ back ground နောက်ခံကို 1983 ဗုံးပေါက်ကွဲစဉ်က ဖြစ်စဉ်အတိုင်း ရိုက်ထားပါတယ်။ မြန်မာနိုင်ငံ အလံကိုလဲ ကွက်ကွက်ကွင်းကွင်း မြင်အောင်ထည့်ထားပါတယ်။ ဇတ်လမ်းဆင်ပုံက ဗုံးပေါက်ကွဲချိန် မင်းသား မွေးပြီး။ မင်းသားနဲ့ တော်စပ်သူ တစ်ယောက်ယောက် အဲဒီ ပေါက်ကွဲမှူမှာ သေဆုံးသွားတဲ့ ပုံရိုက်ထားတာပါ။ ကိုရီးယား စကားနားမလည်ပါ ၊ Eng subtitles မထွက်သေးပါ။ ရုပ်ကို ခန့်မှန်းပြောချင်း ဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved