ပထမဆုံး မြန်မာ အာကာသယာဉ်မှူး

Tuesday, May 10, 2011

မြန်မာတရုတ် အာကာသသိပ္ပံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာအာကာသယာဉ်မှူးတစ်ဦးကို တရုတ်ပြည်မှာ လေ့ကျင့်ပေးလျက်ရှိပါတယ်။

လအတန်ကြာ လေ့ကျင့်သင်တန်းပေးပြီးတဲ့အခါ၊ နောက်ဆုံးမှာတော့ မြန်မာအာကာသယာဉ်မှူးနဲ့ ချန်ပန်ဇီမျောက်တကောင်ကို အာကာသအတွင်းကို စေလွတ်လိုက်ပါတော့တယ်။



ကမ္ဘာပတ်လမ်းထဲရောက်ပြီး ကမ္ဘာကို စတင်လှည့်ပတ်နေတဲ့အခါမှာ မြန်မာ အာကာသယာဉ်မှူးဟာ မြေပြင်က ညွန်ကြားချက်ကို စောင့်နေတယ် ...

အဲဒီအချိန်မှာဘဲ အာကာသယာဉ်အတွင်းက ရုပ်မြင်သံကြားမြင်ကွင်းမှာ ညွန်ကြားချက်ပေါ်လာတယ်။

“ချန်ပန်ဇီ…စမ်းသပ်မှုအမှတ် ၂၃(က) ကို ဆောင်ရွက်ပါ”

ချန်ပန်ဇီက အာကာသယာဉ်ပျံသန်းမှုကို ထိန်းချုပ်လိုက်ပြီး စမ်းသပ်မှုတွေကို ဆောင်ရွက်ပါတော့တယ်။
မြန်မာအာကာသယာဉ်မှူးလဲ မကျေမနပ်ဖြစ်သွားတယ်၊ ဒါပေမဲ့ ဒီထက်ပိုပြီးရှုပ်ထွေးတဲ့ စမ်းသပ်မှုကို သူ့အတွက် ထပ်လာမှာမိုလို့နေမှာဘဲဆိုပြီး စိတ်ကိုဖြေသိမ့်လိုက်တယ်။

မကြာခင်မှာဘဲ နောက်ထပ်ညွန်ကြားချက်အသစ် ရုပ်မြင်သံကြားမြင်ကွင်းမှာပေါ်လာပြန်တယ်။

“ချန်ပန်ဇီ…စမ်းသပ်မှုအမှတ် ၃၄၂ ကို ဆောင်ရွက်ပါ”

ချန်ပန်ဇီလဲ ဓါတ်ခွဲခန်းထဲဝင်သွားပြီး ဓါတုဗေဒပစ္စည်းတွေနဲ့ ရှုပ်ထွေးတဲ့ စမ်းသပ်မှုတွေကို ဆောင်ရွက်နေပြန်တယ်။

ဒီတခါတော့ မြန်မာအာကာသယာဉ်မှူး ဆက်ပြီးသည်းမခံနိုင်တော့ဘူး၊ ဒါနဲ့ မြေပြင်ထိန်းချုပ်ရေးစခန်းကို လှမ်းပြောတယ်။

“ဟေ့ ထိန်းချုပ်ရေးစခန်းကလူတွေ၊ ဘယ်လိုဖြစ်လို့ ငါ့ကို ဘာမှ မခိုင်းဘဲ မျောက်ကိုချည့်ဘဲ ခိုင်းနေရတာလဲ၊ ငါက သေချာလေ့ကျင့်သင်ကြားထားတဲ့ အာကာသယာဉ်မှူးလေ”

မြေပြင်စခန်းကပြန်ဖြေတယ်…

“စိတ်ရှည်ရှည်ထားပါ၊ သင်နဲ့ သင့်တော်တဲ့ညွန်ကြားချက် မကြာခင်ရောက်လာမှာပါ”

အဲလိုပြောပြီးလဲ နောက်ရောက်လာတဲ့ ညွန်ကြားချက်တွေက ချန်ပန်ဇီအတွက်ဘဲ ဖြစ်နေပြီးတော့ အဲဒီမျောက်ခမျာ ဓါတ်ခွဲခန်းထဲက ထွက်ရတယ်ကိုမရှိအောင် အလုပ်ရှုပ်နေတော့တယ်။

မြန်မာယာဉ်မှူးလည်း ဘာမှထပ်မပြောတော့ဘဲ စိတ်ရှည်လက်ရှည်နဲ့ သူ့အတွက်ညွန်ကြားချက်ကိုစောင့်နေလိုက်တော့တယ်။

အဲ … လာပါပြီခင်ဗျာ၊ နောက်ဆုံးမှာတော့ မြန်မာအာသာသယာဉ်မှူးကြီးအတွက်ညွန်ကြားချက်၊ ရုပ်မြင်သံကြားမြင်ကွင်းမှာ တဖြတ်ဖြတ်ပေါ်လို့လာပါပြီ။

“ညွန်ကြားမှု လိုက်နာရန် မြန်မာအာကာသယာဉ်မှူး အသင့်ပြင်”

ရုပ်မြင်သံကြားမြင်ကွင်းအောက်က တခါးပေါက်လေးတခုပွင့်လာပါတယ်။ အဲဒီထဲက ဖဲကြိုးလှလှလေးနဲ့ချည်ထားတဲ့ လေးထောင့်စက္ကူဗူးလေးတဗူး ထွက်လာတယ်။

“မြန်မာယာဉ်မှူး၊ ဗူးကိုဖွင့်ကြည့်ပြီး နောက်ထပ်ညွန်ကြားချက်ကို လိုက်နာရန် အသင့်ပြင်ပါ”

ဒါနဲ့ဗူးကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ ရွှေရောင်တောက်ပနေတဲ့ ငှက်ပျောသီးကြီးတလုံးကို တွေ့လိုက်တယ်။

“အင်း…ဇီဝသိပ္ပံနည်းနဲ့ ဖော်စပ်ထားတဲ့ ငှက်ပျောသီးနေမှာ..” ... လို့ မြန်မာယာဉ်မှူးက စဉ်းစားမိတယ်။

ရုပ်မြင်သံကြားမြင်ကွင်းမှာ နောက်ဆုံးညွန်ကြားချက် ပေါ်လာပြီးတာနဲ့ မြန်မာအာကာသယာဉ်မှူးလဲ သူ့ဘဝကိုစိတ်နာပြီး ကိုယ့်ကိုကိုယ် သတ်သေသွားတော့တယ်။

ညွန်ကြားချက်ကတော့…

“မြန်မာယာဉ်မှူး…ချန်ပန်ဇီကို ငှက်ပျောသီးကျွေးလိုက်ပါ” … တဲ့။

Credit: ko thuntunoo/Facebook

21 comments :

  1. Anonymous said... :

    ကိုယ်လူမျိုးကို ကိုယ်ပြန်စော်ကားတာကို နိုင်ငံရေးထင်နေတယ်။

  1. Anonymous said... :

    "ကိုယ်လူမျိုးကို ကိုယ်ပြန်စော်ကားတာကို နိုင်ငံရေးထင်နေတယ်။" ပြောတဲ့ ပထမဆုံး မှတ်ချက်ပြုတဲ့ ဆရာရေ ... ဧရာဝတီက မီဒီယာဖြစ်ပါတယ်။ မီဒီယာဆိုတာ ခေတ်ကို အမှန်အတိုင်း တင်ပြနိုင်ရတယ်။ အဲ့ .. အဲ့လို တင်ပြနိုင်တာကို မခံမရပ်နိုင်တဲ့ လူမျိုးတွေတော့ ရှိတယ်ဗျ ... အဲ့လိုလူမျိုးတွေက ပညာမတတ် အာဏာရှင် ပိုက်ဆံမက်၊ အာဏာမက်တဲ့ ဗိုလ်နေဝင်းလို၊ ဗိုလ်သန်းရွှေလို လူမျိုးတွေပဲ။ (ခင်ဗျားကိုလဲ အဲ့လိုပဲ မြင်တယ်ဗျာ)။ အထက်ပါက ဟာသ တစ်ခုဖြစ်တယ်။ အဲ့ .. ဟာသ ပညာရှင်တွေဟာ (ဥပမာ - ဆရာအော်ပီကျယ်လို လူမျိုးတွေ) ကိုယ့်လူမျိုးမှာ ဖြစ်ပျက်နေတဲ့ တကယ့်အဖြစ်အပျက်တွေကို ဟာသဥာဏ် အနုပညာနဲ့ ပေါင်းစပ်ပြီး အဖြစ်မှန်တင်ပြကြတဲ့ သူရဲကောင်းတွေ ဖြစ်တယ်။ အဲ့ဒါဟာ ကိုယ့်လူမျိုးတွေ ဖြစ်နေတာကို အမျိုးသားစိတ်ဓာတ်နဲ့ ကိုယ့်လူမျိုး တိုးတက်ပါစေလေ .. ဆိုတဲ့ မချိတင်ကဲ စိတ်နဲ့ တင်ပြကြတာ ဖြစ်တယ်ဆိုတာကို မှတ်ချက်ပြုတဲ့ မောင်ရင် နားလည်နိုင်ပါစေလို့ .. ကျွန်တော် ဆုတောင်းပါတယ်လေ ..

  1. Anonymous said... :

    ဒီလိုမျိုး လူမျိုးဂုဏ်မြင့်တာ တွေ့ရတော့ ဂုဏ်ယူပါတယ် ဧရာဝတီရယ်။

  1. Anonymous said... :

    တရုတ်ဟာ အမြဲလူလည်ကျတယ်၊ မြန်မာကို ကလေးလို သဘောထားတယ်ဆိုတာကို ခံစားမိပါတယ်

    တခြားစာဖတ်သူတွေက ဘာကြောင့် တရုတ်က မြန်မာကို ထရိန်းပါသည်ဆိုတာကို သတိမထားမိလည်းဆိုတာတော့ နားမလည်ပါ

    တရုတ်မြန်မာ ဆက်ဆံရေးကို လှောင်တယ်လို့ ယူဆပါတယ်

  1. Anonymous said... :

    တစ်နေ့ မြန်မာပြည်လည်း အာကာသခေတ်ကို လျှောက်လှမ်းနိုင်မှာပါ။ဒါဟာ ရယ်စရာတစ်ခုမဟုတ်ပါဘူး။ရောက်ကိုရောက်မှာပါ။အာကာသပေါ်ကို လူတတ်နိုင်ဖို့ခဲယဉ်းကြာအုံးနိုင်ပေမယ့် အာကာသထဲသို့ ဂြိုလ်တုလွှတ်တင်မှုတွေကိုတော့ မြန်မာနိုင်ငံက ကိုယ်ပိုင်လွှတ်တင်နိုင်အောင် ကြိုးစားသွားမှာပါ။ဂြိုလ်တု လွှတ်တင်ဖို့ အချိန်က ကြာမြင့်မှာမဟုတ်တော့ပါဘူး။


    Astronaut

  1. MisteR said... :

    ဧရာဝတီဆိုတာ တစ်ကယ်တော့ ပေါက်ကရရေးတဲ့ ဆိုက်တစ်ခုပါ

  1. Anonymous said... :

    The joke is taken from Mg Kaung Htike.
    The writer just put the astronaut as Myanmar.
    I totally agree with the first comment.
    ကိုယ်လူမျိုးကို ကိုယ်ပြန်စော်ကားတာကို နိုင်ငံရေးထင်နေတယ်။

  1. Anonymous said... :

    ဟုတ်တယ်ဗျာ......... နိုင်ငံရေး လုပ်တာ၊ လုပ်ပေါ့........
    မတရားတာကို မတရားဘူး ပြောတာ မှန်ပေမယ့် အခုလို ကိုယ့်လူမျိုးကို သိက္ခာမရှိအောင် ပြောတာတော့ လွန်လွန်းတယ်လို့ ထင်တယ်ဗျာ..... ဒါဟာ မျိုးချစ်စိတ် မရှိတာကို ပြတာပဲ.........

  1. Anonymous said... :

    အပေါ်ကရေးသွားတဲ့ဆရာများခင်ဗျား။ဒီထဲမှာရေးထားတဲ့အကြောင်းအရာလေးမှာဘယ်နေရာမှာများကိုယ့်လူမျိုးကိုစော်ကားတာပါနေလို့ လဲခင်ဗျား။မျောက်ဌက်ပျောသီးကျွေးတာရှက်စရာလား။ဒါလေးနဲ့ စော်ကားသလိုဖြစ်ရောလား။တကယ်ရောကိုယ့်လူမျိုးတွေအာကာသထဲကိုသွားနိုင်ကျသေးလို့ လား။မသွားပါနဲ့ အုံးအရင်ဆုံးကိုယ်ပိုင်ဂြိုလ်တုပဲလွတ်ပါအုံး။လုပ်နိင်ကျသေးလို့ လား။ကိုယ်မလုပ်နိုင်သေးရင်အတုခိုးဖို့ ရမယ်လေ။ဆရာကမျောက်ဖြစ်နေလဲကိုယ်မသိရင်သင်ရမှာပဲ။လိုချင်တာကိုး။

  1. Anonymous said... :

    တရုပ်က မြန်မာကို မြောက်လောက်တောင် တန်ဘိုးမထားတာတော့
    သေချာပါတယ်။ အစိုးရကလည်း အဖေခေါ်သကိုးဗျ။

  1. Anonymous said... :

    တစ်ယောက်ကတစ်ခုပြောရအခြားတစ်ယောက်က objectလုပ်တာမြန်မာလူမျိုးတွေရဲ့အကျင့်ဘဲ
    ဒါ့ကြောင့်ခုထိမြန်မာတွေသူတစ်ပါးထက်ခေတ်နောက်ကျကျန်နေကြတာ
    ဒီမိုကရေစီကိုနားမလည်ကျသေးဘူး

  1. Anonymous said... :

    ဟာသလို.ပြောထားတာဘဲ နိုင်ငံရေးလို.ပြောတာမှ မဟုတ်တာ ဘယ်လူမျိုးမှ ကိုယ်လူမျိုးမကောင်းကြောင်း ပြောချင်မှာမဟုတ်ပါဘုး

  1. Anonymous said... :

    ဒီမိုကရေစီကို မင်းနားလည်ရင် မင်းဒီလိုမပြောသင့်ဘူး ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ထောက်ခံခွင့် ကန်.ကွက်ခွင့်ရှိတယ်ကွ နည်းနည်းလေ.လာဦးကွာ

  1. Anonymous said... :

    That is right.Myanmar technological is very low low. Nothing is improved than last 30 ago. All accept for that. please !!!!.

    If you not agree, go to outside country and check it.

  1. Anonymous said... :

    ဘာတွေ ဘယ်သူတွေပြောပြော ဘယ်သူတွေဝေဖန်ဖန် ရေးတဲ့ဟာသပုံစံလေးကိုတော့ကြိုက်တယ်။ ဒီလိုပုံစံမျိုးတွေက သူများတွေလည်းရေးနေကျပုံစံပါ။ ဒါပေမယ့် လက်ရှိကိုယ်က မြန်မာပြည်မှာနေပြီး ဘာတွေဖြစ်နေလဲ။ တရုပ်ကဘာတွေလုပ်နေလဲ၊စော်ကားနေလဲဆိုတာကို လက်တွေ့သိနေတော့ ရင်နာနာနဲ့ အားရပါးရရီလိုက်မိတယ်။

  1. Anonymous said... :

    မြင်သာသောအကြောင်းတစ်ခုကိုမူတည်၍ ကိုယ့်လူမျိုးကိုယ်သရော်တာ(ယုတ်စွအဆုံး ရှုံ့ချတာ)ကို စော်ကားတာဟုထင်ပြီး၊ဤသို့ပြုခြင်းသည်နိုင်ငံရေးလားဟုမေးလိုကြသူအပေါင်းသို့...
    “ကြာရင် -ါ နိုင်ငံဖြစ်လိမ့်မယ်” ဟု ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့စဉ်က ခင်ဗျားတို့ မိဘတွေ၊ ဘိုးဘွားတွေရော အဲဒီလိုမျိုးထင်ခဲ့၊ မေးခဲ့ကြဘူးပါသလား။ အခုရော(ခင်ဗျားတို့နဲ့ ခင်ဗျားတို့အမျိုးအနွယ်တွေရဲ့ အမြင်မှာ) ခင်ဗျားတို့(ကျုပ်တို့)နိုင်ငံဘာဖြစ်နေပြီလို့ထင်ပါသလဲ။
    ကျုပ်ရဲ့ပုဂ္ဂလိကအမြင်ကိုပြောရရင် သည်အတိုင်းသွားလို့ကတော့ ပုံပြင်ထဲကလို တရုပ်မျောက်ကို ငှက်ပျောသီး ကြွေး ခိုင်းခံရတဲ့ အဆင့်ကနေ(မရိုသေ့စကား၊ နားနဲ့မနာ ဖဝါးနဲ့နာပါ) တရုတ်မျောက်ရဲ့ငှက်ပျောသီးကို -ုံ ပေးရတဲ့ အဆင့်ကိုရောက်ဘို့ သိပ်မဝေးတော့ဘူးဆိုတာပါဘဲ။ သြော်..ဒို့ဗမာ၊ဒို့ဗမာ...။

  1. Anonymous said... :

    ၁+၁= ၁.၉၉၉ က မဟုတ်သေးဘူးလို့ ဆိုနေတာကိုပဲ “ဟုတ်တော့မှာပဲ၊
    မှန်တော့မှာပဲ၊ မှန်တော့မှာပါနဲ့” ဘာဖြစ်နေမှန်းမသိဘူး။ မဟုတ်လို့
    မဟုတ်တာပဲ။ ပြင်ပေါ့၊ ကြိုးစားပေါ့၊ ပြီးမှ လက်မထောင်စမ်းပါ။
    မရှိဘဲ အသားလွတ်ကြွားချင်နေတဲ့ ဒို့ဗမာစိတ်ဓာတ်က ဒီဆိုဒ်ပေါ်ထိယူ
    လာရသလား။ တင်ပြထားတာ ကောင်းပါတယ်။

  1. Anonymous said... :

    For those who are taking the story as an insult, have you ever thought about how our own Government has been insulting to us, the citizens of Myanmar, in our daily life? In fact, what have we, the Burmese, have achieved since we gained independence? Just one bunch of lunatics after another systematically poisoning and destroying the general populace. Look around with open eyes, what is our education standard today? What is our healthcare standard today? What is our moral standard today? What is our living standard today? What is our manufacturing standard today? What is our communication standard today? What is the value of our passports when we go and queue at foreign embassies or when we arrive at the overseas airports? Even, what is our defence standard in a country ruled by so-called patriotic military generals? You can continue with the endless list. You guys really should be open-minded unless you all are from the government itself or its cronies and are obviously benefiting from exploiting the country!

  1. မျောက်ကို ငှက်ပျောသီး ကျွေးတဲ့သူ နာမည်က မောင်သန်းရွေတဲ့၊ ယခင် ပျဉ်းမနားမှာ ပလပ်စတစ် လိုက်ကောက်နေပါတယ်၊

  1. အဲဒီ အာသသယဉ်မှူးက အရင် ပျဉ်းမနားအနီးမှာ အမှိုက် လိုက်ကောက်တဲ့ ကောင်လေးလေ၊ သူ့  နာမည်က မောင်သန်းရွေတဲ့၊ တရုတ်ပြည်သွားတုန်းကလည်း လေယဉ်ပေါ်မှာ သေးပေါက်ချတယ်တဲ့၊ ကြောက်လို့  ထင်ပါတယ်၊

  1. Unknown said... :

    ဧရာဝတီက သူ့နေရာသူနေပါတယ်
    http://myanmarexpress.blogspot.com
    ဒီဆိုဒ်ကတော့် တော်တော်လေးကိုယုတ်မာရိုင်းစိုင်းပီး
    လုံးဝယဉ်ကျေးမှုမရှိ တဲ့ ဆိုဒ်ပါပဲ
    ဒီ ဘလော့ကို ရေးတဲ့သူဟာ ဘယ်လို မိဘမျိုးကနေများပေါက်ဖွားလာပါလိမ့်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved