အို ... ဘယ့် မြန်မာပြည် ...

Monday, May 23, 2011

ပြည်သူတွေက မွဲနေပေမယ့် အထက်တန်းလွှာ အသိုင်းအ၀ိုင်းက လူတွေကတော့ စည်းစိမ်ခံဖို့ အတွက် မနက်ဖြန် Chartium Hotel မှာ ကလပ် တခု အသစ်ဖွင့်ပွဲ လုပ်ပါအုံးမယ်။ အဲဒီ ပွဲအတွက် လိုအပ်တဲ့ မူးယစ်ဆေးဝါးတွေ ကို ဒီညမှာပဲ သက်ဆိုင်ရာ ရဲ အရာရှိတွေနဲ့ ဟိုတယ်က တာဝန်ရှိ ပုဂ္ဂိုလ်များက ကြိုတင်စီစဉ်ထားကြပါပြီ။ လက်ရှိအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များဟာ မူးယစ်ဆေးဝါးကို နိုက်ကလပ်များ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင် စနစ်တကျ ဖြန့်ဖြူးရောင်းချလျှက် ရှိပါတယ်။

ယနေ့မြန်မာနိုင်ငံ ကလပ်တော်တော်များများဟာ မိန်းမပျိုလေးများကို မူးယစ်ဆေးဝါးကျွေး၍ ဖျက်စီးကြကာ လူအလာများအောင် ဖျားယောင်း သွေးဆောင်နေကြပါတယ်။ အထူးသဖြင့် အထက်တန်းအလွှာ အသိုင်းအ၀ိုင်းမှ အရွယ်မရောက်သေးတဲ့ မိန်းမငယ်လေးများနဲ့ အထူးအဆန်းဆို စမ်းချင်ကြတဲ့ မိန်းမပျိုလေးများဟာ သူတို့ရဲ့ သားကောင် ဖြစ်သွားကြပါတယ်။ ပထမဦးစွာ အချိုရည်ထဲမှာ မူးယစ်ဆေးဝါး ရောကျွေးတာမျိုး၊ ကခုန်လို့ ကောင်းတယ် ဆိုပြီး အက်တက်ဆီခေါ် ခေါင်းခါခေါင်းယမ်း ဆေးဝါးတွေကို အစပျိုး စည်းရုံး သိမ်းသွင်းကြပါတယ်။

ထိုဆေးဟာ သူ့တမျိုးထဲ သောက်သုံးလျှင် သိပ်အန္တရာယ် မကြီးမားပေမယ့် အရက် သို့မဟုတ် ဘီယာနဲ့ ရောစပ် သောက်သုံးလိုက်တဲ့ အခါ ကြီးမားတဲ့ အန္တရာယ်ကို ခံစားရပါတယ်။ ဒါကြောင့် အမျိုးကောင်းသားသမီးများ နိုက်ကလပ်သို့ မသွားစေရန် မိမိတို့ရဲ့ သားသမီး၊ မောင်နှမများနဲ့ မိတ်ဆွေများကို တားမြစ်စေလိုပါတယ်။ ရန်ကုန်မြို့က ရုပ်ရည်ချောမောလှပပြီး မော်ဒယ်ဖြစ်ချင်နေကြတဲ့ ယောက်ျားလေး များရဲ့ ၇၅% ဟာ အခြောက်တွေ ဖြစ်သွားကြပါတယ်။ ထိုလူငယ်လေးများကို ဖျက်စီးလိုက်တာဟာလည်း အထက်ပါ နေရာများသာ ဖြစ်ပါတယ်။ ထို့ထက် ပိုမို ဆိုးဝါးတာက ထိုအသိုင်းအ၀ိုင်းမှ လူတွေဟာ မြန်မာအမျိုးသမီး ငယ်လေးများကို နိုင်ငံခြားသား များနှင့် မိတ်ဆက်ပေးပြီး ပြည့်တန်ဆာ အဖြစ် ဆွဲဆောင် သိမ်းသွင်းလျှက် ရှိပါတယ်။

ဟိုတယ်အများစုက Sale Manager တွေဟာ မိန်းကလေးများကိုသာ ခန့်အပ်ပြီး သက်ဆိုင်ရာ စစ်ဘက်၊ ရဲဘက် မှ ပုဂ္ဂိုလ်များနှင့် အများအားဖြင့် လုံးလားထွေးလား နေလေ့ရှိပါတယ်။ ကျမသိတဲ့ အမျိုးသမီး မန်နေဂျာမ တဦးဆိုရင် သူ့ အစ်ကို ကိုယ်တိုင်က ထောက်လှမ်းရေးက ဖြစ်ပြီး မူးယစ်ဆေးဝါးများကို တရားဝင်သုံးစွဲသလို သူမရဲ့ သူငယ်ချင်း မိတ်ဆွေများကိုလည်း သုံးစွဲရန် ဆက်လက် ဖြန့်ဖြူးပေးလေ့ ရှိပါတယ်။ သူမရဲ့ အပြောအရဆိုရင် ပြင်ပမှ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို ဟန်ပြသာ ဖျက်စီးပြီး ကျန်ရှိသမျှကို ရန်ကုန်တိုင်း တိုင်းမှူနဲ့ အပေါင်းအပါများက အထက်ပါနေရာများမှာ တရားဝင်ရောင်းချလျှက် ရှိကြောင်း သိရှိရပါတယ်။ အမည်များကို အတိအကျ သိသော်လည်း ငဲ့ညှာသော အားဖြင့် မဖော်ထုတ်လိုပါ။ သို့သော် ကျမတို့ တိုင်းပြည်မှ လူငယ်လေးများ အတွက် စိုးရိမ် သောက များသောကြောင့်သာ အခုလို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်ရှင်။

တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်မျိုးဆက်သစ်တွေပေါ်မှာ မူတည်နေပါသောကြောင့် ထိုသို့သော ဖြစ်ရပ်တွေကို ထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာ တောင်းပန်ချင်ပါတယ်။ ဘယ်သူ့ကို တိုင်ကြားရမှန်း မသိတာကြောင့် အခုလို အားလုံး သိအောင် ရေးသား တင်ပြလိုက်တာပါ။

မည်သူ့ကိုမှ နစ်နာစေလိုတဲ့ ဆန္ဒနဲ့ ရေးသားခြင်း မဟုတ်ပါ။ မယုံလျှင် ကိုယ်တိုင် သွားရောက် စုံစမ်းကြည့်ရှုနိုင်ပါတယ်။

အတွင်းသိတဦး

ညရဲ့ မီးအိမ် facebook မှ

2 comments :

  1. Anonymous said... :

    ဒါမျိုးဟာ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ရှိခဲ့ပါတယ်..ရဲမှုးကြီးသားကိုယ်တိုင် ရောင်းတာပါ ..ဝယ်ချင်ရင် ရဲစခန်းဝန်းထဲ သွားဝယ်ရပါတယ်..ဒါမျိုးတွေပပျောက်သင့်ပါပြီ..ကောင်းရောင်း ကောင်းဝယ်သာ လုပ်စားသင့်ပါတယ်.. ဒါဟာ ကိုယ်ကိုယ်တိုင်သာမက တမျိုးသားလုံးကို ပျက်ဆီးစေလို. ရင်လေးစရာပါ...ဒီလိုနည်းနဲ.ရတဲ့ ငွေမျိုးဟာလည်း အဆိပ်ဖြစ်တတ်ပါတယ်..
    အမျိုးကို တကယ်ချစ်တယ်ဆိုရင် ဝိုင်းဝန်းတားဆီး ကာကွယ်တတ်ကြပါစေ.
    ကျေးဇူးတင်ပါသည်။
    ကောင်းစေလိုသူ

  1. Anonymous said... :

    ဒါဘာမှမဟုတ်သေးဘူး။ ဒီနိုင်ငံမှာ ကိုယ့်သားသမီး ဘယ်တော့မှမကြီးပြင်းရအောင်သာ အတတ်နိုင်ဆုံးကြိုးစားမှ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved