ဘင်လာဒင် သေပြီ

Monday, May 2, 2011


အကြမ်းဖက်သမားတို့ရဲ့ ထိပ်သီးဆရာကြီးဖြစ်တဲ့ အိုစမာ ဘင်လာဒင်ဟာ သေပြီလို့ အမေရိကန် သမ္မတ အိုဘားမားက မနေ့ညက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘင်လာဒင်ကို ရေကုန်ရေခမ်း ခြေရာခံ လိုက်နေရာကနေ ၁၀ နှစ်အကြာမှာ အသေဖမ်းမိတာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်အနီးမှာ အမေရိကန် တပ်တွေက ဘင်လာဒင်ကို အသေဖမ်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ အိုဘားမားက ဘင်လာဒင် သေဆုံးတာနဲ့ ပတ်သက်လို့ “အယ်လ်ကေးဒါးတွေကို နှိမ်နင်းဖို့ ကျနော်တို့နိုင်ငံက ကြိုးပမ်းတဲ့နေရာမှာ ထူးကဲတဲ့ အောင်မြင်မှု တခုပါပဲ” လို့ ပြောပါတယ်။

ဘင်လာဒင်ကို အသေဖမ်းမိကြောင်း သမ္မတအိုဘားမားက ကြေညာပြီးနောက် သမ္မတ အိမ်ဖြူအနီးမှာ စုဝေး အောင်ပွဲခံနေတဲ့ အမေရိကန်များ (ဓာတ်ပုံ - Getty Images)

ဘင်လာဒင်ကို အသေဖမ်းမိပြီးနောက် လက်စားချေ တိုက်ခိုက်တာတွေ ဖြစ်လာနိုင်တဲ့အတွက်လည်း ကမ္ဘာတဝှမ်းက အမေရိကန် နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေကို တပ်လှန့်ထားပါတယ်။

အိုစမာဘင်လာဒင် ကို ၁၉၅၇ ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ်မြို့တွင် မွေးဖွားခဲ့ပြီး ဖခင်မှာ မိုဟာမက်ဘင်လာဒင် ဆိုသူ ဆော်ဒီအာရေဗျ ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီသူဌေးကြီး ဖြစ်ပါတယ်။ မိခင်မှာ ဆီးရီးယားနိုင်ငံသူ ဖြစ်ပါတယ်။

၂၀၀၁ စက်တင်ဘာမှာ အယ်လ်ကေးဒါးတွေက လေယာဉ်တွေကို ပြန်ပေးဆွဲပြီး ဝေါထရိတ်စင်တာနဲ့ ပင်တဂွန်ပေါ် အသေခံ တိုက်ချခဲ့လို့ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုအပြီး အယ်လ်ကေးဒါးတို့ရဲ့ ဆရာကြီးဖြစ်တဲ့ ဘင်လာဒင်ကို အမေရိကန်က အသေရရ အရှင်ရရ လိုချင်နေခဲ့ပါတယ်။




Ref: CNN

10 comments :

  1. Anonymous said... :

    အမှိုက်တစ်ခုရှင်းသွားပြီပေါ့ ဟား ဟား ဟား

  1. Anonymous said... :

    there is some more to kill

  1. Anonymous said... :

    ဘင်လာရွှေ ကျန်သေးတယ်

  1. Anonymous said... :

    Next turn is for Osmar Than Shwe

  1. ခွါညို said... :

    ဆရာုကီးပြီးသွားတော့ ဆရာလေးတွေအလှည့် ရောက်လာတော့မှာပေါ့နော်..မြန်မြန်လုပ်ပါတော့ဗျို့ ..ုကားချင်လှပြီ...

  1. Anonymous said... :

    သေတဲ့အလောင်းကိုတော့ ပြသင့်တယ်။မပြနိုင်ဘူးဆိုရင်တော့ ဒါဟာ သေတယ်လို့ ယူဆလို့မရဘူး။

    ကောင်းဘိုင်

  1. Anonymous said... :

    နအဖ ဘောင်ဘီချွတ် အကြမ်းဖက်ခေါင်းဆောင် သန်းရွှေ၊ မောင်အေးတို့  ကြံ့ဖွတ် စွမ်းအားရှင်တွေအလှည့် မကြာခင် ရောက်တော့ မှာပါ။ သမ္မတကြီး အိုဘားမာ ကျေးဇူပြုပြီး ဗမာပြည်သူတွေ အတွက် ရှင်းလင်းပေးပါ။ ခြေမှုန်းပေးပါ။ ပိုပြီး သမိုင်း ဝင်သွားအောင်ပါ။ သန်းရွှေကိုလည်း ဘင်ကလာဒင်ကြီး နဲ့ အတူ ထည့်ပေးလိုက်ပါ။
    ပြည်တွင်းပြည်ပ ဗမာပြည်သားများ။

  1. aung min said... :

    ၂၀၁၀ အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု လက်ခံရယူပြီး လပိုင်းအတွင်း အမေရိကန်စစ်သား ၂သောင်းကျော် အာဖကန်ကို စေလွှတ်ပြီး ငြိမ်းချမ်းရေးအတွက် စစ်တိုက်ခိုင်းတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို မြန်မာ နိုင်ငံကဒေါ်အောင်ဆန်းစုကြည်နဲ့  ခေါင်းဆောင်ဆိုသူတွေ အတုယူ သင့်တယ်။ အောင်ပွဲကို တောင်းယူလို့ မရဘူး၊တိုက်ယူမှ ရတယ်ဆိုတာ နားလည်ပါ။

  1. Anonymous said... :

    ဘင်လာဒင်သေလို့ပျော်သည်
    သန်းရွှေသေလည်း ပျော်ရဦးမည်
    သိပ်မကြာတော့

  1. Anonymous said... :

    အမေရိကန် နိုင်ငံသားတွေကိုသတ်ခဲ့တဲ့သူဘင်လာဒင်ဟာတခြားနိုင်ငံသား.မြန်မာ လူမျိုး လူတွေကိုသာမက ရဟန်းတွေကိုပါသတ်ခဲ့တဲ့သူ က မြန်မာ မြန်မာလူမျိုးကိုယ်တိုင် ဖြစ်တဲ့ သန်းရှွှေ..ကိုယ့်လူမျိုးကိုကိုယ်သတ်ခဲ့တဲ့ သန်းရွှေ ဟာ ဘင်လာဒင်ထက် အသေဆိုးနဲ့သေသင့်ပါတယ်..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved