NLD ရဲ့ ပညာရေး ထောက်ပံ့ငွေပေးအပ်ပွဲ

Tuesday, May 10, 2011

ဒီနေ့ နေ့လယ် ၁ နာရီက ရန်ကုန် ရွှေဂုံတိုင်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်မှာ လာမယ့်နှစ် စာသင်နှစ်အတွက် ပညာရေး ထောက်ပံ့ငွေ ပေးအပ်ပွဲ ကျင်းပပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၃၅ မြို့နယ် အတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၇၀ ရဲ့ သား၊ သမီး ၁၂၃ ဦးကို ပေးအပ်တာပါ။








အခုတကြိမ်ဟာ NLD ရဲ့ ဒဿမ အကြိမ်မြောက် ပညာရေး ထောက်ပံ့ငွေ ပေးအပ်ပွဲ ဖြစ်ပါတယ်။ ကျောင်းသား တဦးကို ကျပ် ၄ သောင်း ပေးခဲ့တယ်လို့ သိရပါတယ်။ ကျပ် ၅ ထောင်နဲ့အထက် လှူဒါန်းသူတွေကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ပါတယ်။ မနှစ်ကတော့ ကျောင်းသူ ကျောင်းသား ၁၂၅ ဦးကို ပေးအပ်ပါတယ်။ တယောက်ကို ကျပ် ၃ သောင်းလို့ သိရပါတယ်။ ပညာရေး ထောက်ပံ့ငွေ ပေးအပ်ပွဲ ဓာတ်ပုံတွေကို ဧရာဝတီပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ် (ဓာတ်ပုံ - ဧရာဝတီ)

1 comments :

  1. Anonymous said... :

    အန်တီ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသား မိသားစု တွေသာမက များစွာသော မြန်မာပြည်သူပြည်သားများ၏ အရေးကိစ္စ များအား ဆထက်စွမ်းဆောင်နိုင်စေရေး အတွက် လူမှု့ရေးစာမျက်နှာ များသာမက စီးပွားရေးမျက်နှာစာမှာပါ ဦးဆောင်သင့်နေပါပြီ ။ အန်တီသာ ဦးစီးဆောင်ရွက်ပါလျင် မြန်မာပြည်သူ အပေါင်းတို့ ၏ အလုပ်အကိုင် အခွင့် အလမ်းများ ဆထက်တိုးတက်လာမည်ဟု ယုံကြည်မျော်လင့် မိပါသည် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved