တစ်ရှုးနဲ့ ကော်ဖီမစ်ထုပ်၊ ဒေါ်လာဈေး၊ Access Denied

Thursday, June 16, 2011


မလိုချင်ဆုံးက တစ်ရှုးနဲ့ ကော်ဖီမစ်ထုပ်
မကြားချင်ဆုံးက ဒေါ်လာဈေးသတင်း
မမြင်ချင်ဆုံးက Access Denied တဲ့။

လူမှုကွန်ရက် စာမျက်နှာ Facebook မှာ တွေ့ရတာပါ။ သို့ကလို ရေးထားတာကို နားလည်သူများ အောက်က ရှင်းလင်းချက်ကို ဆက်ဖတ်ရန် မလို။

ဘတ်ကတ်၊ ခရက်ဒစ်ကတ်၊ ချက်လက်မှတ် မသုံးတဲ့ မြန်မာပြည်မှာ ငွေစက္ကူက ဘယ်လောက်ရိုက်ထုတ်ထုတ် မလုံလောက်ပါဘူး။ အမ်းစရာ အကြွေမရှိလို့ တစ်ရှူးထုတ်၊ ကော်ဖီထုတ်တွေ အများအားဖြင့် အမ်းကြတယ်။ စားသုံးသူတွေက ဒါကို စိတ်ကုန် နေကြပါပြီ။

ဒေါ်လာကို မြန်မာငွေလဲတော့ ခါတိုင်း ပေါက်ဈေးက တဒေါ်လာ ကို ကျပ် တထောင် ၀န်းကျင် ရတယ်။ ခုတော့ ၇၀၀ ၀န်းကျင်ပဲ ရတယ်။ ဒီအပြောင်းအလဲကြောင့် တိုက်ရိုက် နစ်နာရသူတွေက ဒေါ်လာဈေးအကြောင်း မကြားချင်ပါ တဲ့။

မမြင်ချင်ဆုံးက Access Denied ဆိုတာက - အများပြည်သူ ကြည့်ရှုရန် မသင့်တော်တဲ့ အင်တာနက် စာမျက်နှာတွေကို နိုင်ငံတော်က ပိတ်ထားပါတယ်၊ ဒီလို စာမျက်နှာတွေ မြန်မာပြည်ကနေ ကြည့်မယ် ဆိုရင် အဲဒီ အင်္ဂလိပ်စာတန်း ပေါ်လာပါတယ်။ အဲဒီစာတန်း မမြင်ချင်ဘူး တဲ့။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved