သန့် ပြီးတောက်ပြောင်နေတဲ့ " မြို့ ပတ်ရထား နဲ့ ၀န်ကြီး"

Monday, June 6, 2011

ဧပြီ ၃၀ တုန်းက ၀န်ကြီးတပါး တိုင်းခန်းလှည့်တဲ့ သတင်း အလဲဗင်းမှာ အထက်ပါအတိုင်း ပုံနဲ့ တကွ ပါလာတယ်။

အဲဒါကို ကြာသပတေးနေ့မှာ ဘလော့ပြောင် BSN က သတင်း နောက်တပုဒ် ဖြစ်အောင် ရေးပါတယ်။ မြန်မာဝန်ကြီးက စင်ကာပူဝန်ကြီးထက် အဆင့်မြင့်တယ် တဲ့။ ဧရာဝတီက စင်ကာပူမှာ သတင်းထောက်တွေ ဘာတွေ ထားနိုင်တဲ့ အခြေအနေ မရှိသေးတော့ သူတို့လို မရေးနိုင်ပါး)

ဂူဂယ်မှာ လမ်းသလားပြီး ဒီတပုဒ်ကို ရေးလိုက်ပါတယ်း)
ဝန်ကြီးက ပြည်သူများနှင့်အတူ ရထားစီးပြီး စစ်ဆေးရေးလုပ်တယ် လို့ အလဲဗင်းသတင်းက ဆိုပါတယ်။
လေ့လာတဲ့ အခါမှာ သိလိုက်ရတာတော့ မီးရထားတွေရဲ့ သန့်ရှင်းရေးပိုင်းမှာ အ ဆင့်မြှင့်နိုင်ဖို့ လိုတာတွေ့ရပါတယ် ဆိုတဲ့ ၀န်ကြီးရဲ့ စကားကို အလဲဗင်းက ကိုးကားပါတယ်။
မီးရထားတွေ မသန့်ရှင်းဘူးလို့ ၀န်ကြီးက ဆိုလာပါတယ်။ ဒါတောင် ၀န်ကြီးစီးသွားတဲ့ရထားက ရှယ်ရထား။ ပုံမှာ မြင်ရတဲ့အတိုင်း အရမ်း သန့်တယ်။
ပြည်သူတွေ စီးသလို လိုက်စီးရင်တော့ နေရာမှာတင် ဥသြ ဆွဲ၊ ဆန်ပြုတ်ပေးမယ် ထင်ပါရဲ့။

ပြည်သူတွေကတော့ ဟောသလို စီးပါတယ်။ မြို့ပတ်ရထားကို ကိုယ့်အိမ်မှတ်ပါ၊ ကိုယ့်ယာမှတ်ပါ အဲဒါ ဒို့ဗမာ လို့ သီချင်းညည်းပြီး စီးကြပါတယ်။
ဒီမိသားစုက ၀န်ကြီးနဲ့ ခရီးသွားသင့်ပါတယ်။ ဒါမှ ရထားကောင်းကောင်းနဲ့ ကြုံရမှာပေါ့။ (ဓာတ်ပုံ-northerniraq.info)

ဟောဒီ ရန်ကုန်ရောက နိုင်ငံခြား ခရီးသည်လည်း ၀န်ကြီးနဲ့ သွားချင်မှာပဲ။
ဒါဆို သူ ပိုပြီး ပြုံးနိုင်မယ် မဟုတ်လား။

(ဓာတ်ပုံ-travelpod.com)




2 comments :

  1. soung lay said... :

    စောက်သုံးမကျတဲ့ဝန်ကြီး ကိုယ့်ကိုယ်ကို ၇ှက်တတ်၇င်အဲ့ဓာတ်ပုံပြန်ကြည့်ပြိး၁၀ခါလောက်သေလို့ ၇တယ်

  1. Anonymous said... :

    မရှက်တတ်လို့ ၊ ရှက်ရမှာ ဘယ်လိုရှက်လဲ မသိလို့ ၊ ရှက်တတ်တဲ့ ရှက်ကြောမပါလို့ ၊ ဆွေစဉ်မျိုးဆက် မရှက်တတ်လို့ စီးတာပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved