ဗိုလ်ဖြစ်ဖို့ လွယ်မလား
Wednesday, June 8, 2011
ဒီနေ့ထုတ် မြန်မာ့အလင်း ကြေးမုံသတင်းစာတွေမှာ ပါတဲ့ ဗိုလ်သင်တန်းလျှောက်လွှာ ၃ စောင် = ဟာသ
လူငယ်တွေ စစ်ဗိုလ်ဖြစ်ဖို့ ကန့်သတ်ခံနေရပါတယ်။ သိပ္ပံ သို့မဟုတ် ၀ိပ္ပံ နဲ့ စာမေးပွဲအောင်ရမယ် တဲ့။
သိပ္ပံ ဆိုတာ ၀ိပ္ပံ လို့လည်း ခေါ်သလား။ ၀ိပ္ပံဆိုတာ ဘာလဲ ဆိုပြီး ခေါင်းကိုက်နေကြပါတယ် တဲ့။
နံပါတ် ၃ မှာ ပါတဲ့ ပတ်စ်ပို့အရွယ် ဓာတ်ပုံ ဆိုတာကို ခေါင်းစားနေကြသတဲ့။ ပတ်စ်ပို့ ဆိုတာ ၃ လက်မ၊ ၄ လက်မ ပတ်လည် ရှိတာကြောင့် တကိုယ်လုံးပုံကို ဆိုလိုတာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် တကိုယ်လုံးပုံ ရိုက်ရင် ဘယ်လို အိုက်တင် ပေးရမယ် ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက် မပါလို့ အိုက်တင်ပေးရေး ခက်ခဲကြောင်း သိရပါတယ်။
မဟာ အခက်အခဲကတော့ နံပတ် ၃ မှာ ပါတဲ့ ထောက်ခံချက်လို့ သိရပါတယ်။ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်အတွက် ရဲစခန်းမှာ သွားတောင်းဖို့ ညွှန်ကြားထားတာပါ။
ဗိုလ်ဖြစ်ချင်သူတွေက ထောက်ခံစာ သွားတောင်းတဲ့အခါ ရဲစခန်းတွေက ငြင်းလွတ်နေတယ်လို့ ဆိုပါတယ်။
ရဲတွေက - ငါတို့ကိုယ်တိုင်က စာရိတ္တ ကောင်းတဲ့ ကောင်တွေမှ မဟုတ်တာ၊ မင်းတို့ကို အဲဒီထောက်ခံချက် ပေးလို့ ဘယ်ဖြစ်မလဲ ဆိုပြီး ငြင်းလွတ်ပါသတဲ့။
ကဲ - ခုခေတ်မှာ ဗိုလ်ဖြစ်ဖို့ လွယ်ပါ့အုံးမလား။ 
(ဇွန် ၉ - ဖြည့်စွက်ချက်-
ခုချိန်ထိ  ပရိသတ် တုန့်ပြန်ချက် ၁၆ ခု တွေ့ထားပါတယ်။  အများစုက ၀ိပ္ပံ အကြောင်းပါ။
မဲဆောက်အခြေစိုက် သတင်းထောက်တယောက်ကို ဒီမနက် မေးကြည့်တော့ - ၀ိပ္ပံ ဆိုတာ ၀ိဇ္ဇာ နဲ့  သိပ္ပံ ကို ပေါင်းထားတဲ့ စကားလုံး၊ ကျောင်းသားတွေ ထွင်ပြီး ခေါ်ရာကနေ ဌာနဆိုင်ရာက လိုက်သုံးတယ် ဆိုပဲး)
32 comments :
  1. Anonymous said... :
    သိသလောက်တော့ ၀ိပ္ပံဆိုတာရှိပါတယ်။ အားကစားသမ တယောက်ပေါ့။ သိပ္ပံ နဲ့ သွားတွဲလိုက် လို့သာ ဘာကြီးမှန်းမသိဖြစ်သွားတာ။ ဒီ ဆရာတွေတော့ ခက်ကပြီ..။
    တွေ့ဖြစ်အောင် တွေ့ပြန်ပါလားနော်.. လွဲချက်ကနာလို့ပြောရမတတ်.. အင်းလေ..ထူးအိမ်သင် ဆိုသွားသလိုပေါ့ လွဲလွဲလေးဘဲကောင်းပါတယ်..။ အဲဒီ ကျောင်းတော်ကြီး ဆိုတာက ကမ္ဘာ့ ဒုတိယ လာဘ်အစားဆုံး ဆုရသည်အထိ အသိပညာ အတတ်ပညာတွေ ကို တလွဲအသင်ကောင်းပြီးသားဟာနော့...။
  1. Anonymous said... :
  1. Anonymous said... :
    ရာသီစာ ရောဂါ စပါပြီ
    US က DV မဲလိုပေါ့
    လျောက်ကြပါဦးမည်
    တက်ကြပါဦးမည်
    ဗိုလ်လောင်းဝင်ခွင့်တွေ ။
    မကြာမီ OTT (Officer Testing Team) က ဆရာတွေ လက်ဖျားငွေသီးကြပါဦးမည် ။ စစ်သား ရှားနေသော သည်ခေတ်ဝယ် စစ်ဗိုလ်တွေကတော့ ဖေါဖေါသီသီ ထွက်ပေါ်လာပါလိမ့်ဦးမည်။
  1. Anonymous said... :
    ဧရာဝတီရေ..
    မြန်မာက ပညာရေးကို အ၇င်လေ့လာပြီးမှ ဟာသထုတ်ပါ့လား။ သူတို့ ဆိုလိုတဲ့ ဝိပ္ပံဆိုတာ ရူပ၊ ဓာတုနဲ့  ဘောဂဗေတို့  သမိုင်း၊စိတ်ကြိုက် မြန်မာစာ တို့ နဲ့ တွဲထားတဲ့ ဘာသာရက်ယူတယ်သူတွေကိုဆိုလိုတယ်ဆိုတာ ကျောင်းသာတိုင်နားလည်ပါတယ်။ ဘယ်သူအတွက်မှ ရီစရာလို့  မထင်ပါဘူး။ အခု ဧရာဝတီကပြောတဲ့ အချက်တွေကို မြန်မာက လူတိုင်နာလည်သဘောပေါက်တယ်။ ပြည်ပမှာနေ ပြီး မြန်မာပြည်ကြီးနဲ့ ကင်းကွာသူတွေက နားမလည်ပဲ အမှားထင်ပြီး သရော်နေတာက ဗဟုသုတဘယ်လောက်ရှိတယ်၊ ကိုယ့်အဆင့်ဘယ်လောက်ရှိတယ်ဆိုတာ ပြနေတာပေါ့ဗျာ။
  1. TavoyLay said... :
    ဝိပ္ပံ ဆိုတာ အထက်က တယောက်ပြောတဲ့ သိပ္ပံတွဲမှာမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ အီကို၊ သမိုင်း၊ ပထဝီအတွဲကို ခေါ်တာပါ။ အတွဲအနေနဲ့ အတွဲ(၆) ဖြစ်မယ်ထင်တယ်။ အဲဒီ့ဘာသာတွဲကို ဝိပ္ပံလို့ အခုခေတ်ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေက အတိုကောက်ပြောပါတယ်။ ကျနော်က အတွဲ(၇) နဲ့ ၂၀၀၄ မှာ ဆယ်တန်းအောင်ခဲ့တာပါ။ ကျနော်တို့အတွဲက မြန်မာစာ၊ အင်္ဂလိပ်၊ သချာင်္၊ ဇီဝဗေဒ၊ ဓါတုဗေဒ နဲ့ ရူပဗေဒဘာသာတွဲကို အတွဲ(၇) ခေါ်တာပါ။
  1. Anonymous said... :
    တော်တော်လေး ဒေါ်လာရနေတယ်ထင်တယ် ဒါကိုပြောဖို့  မသိတာတော့မဟုတ်လောက်ဘူး ထင်ပါတယ် ဒေါ်လာစားနေပြီး ရအောင်လို့ ဂွင်ထွင်လိုက်တယ် ထင်တယ်.. ဘယ်သူမှ အရည်အချင်းမရှိပဲ အလကားနေ ဗိုလ်ဖြစ်မသွားဘူးဆိုတာပဲ မင်းတို့ ဘာသာနိုင်ငံရေးလုပ်ပါ တို့ ကျောင်းတော်ကိုမထိခိုက်ပါနဲ့  ဒါပဲပြောချင်တယ်..
  1. Anonymous said... :
    (ဒီနေ့ထုတ် မြန်မာ့အလင်း ကြေးမုံသတင်းစာတွေမှာ ပါတဲ့ ဗိုလ်သင်တန်းလျှောက်လွှာ ၃ စောင် = ဟာသ)
    မင်းကဘယ်ဟာကိုမသိလို့ဟာသဖြစ်နေတာလဲသူငယ်ချင်းရာမသိရင်လိုက်မေးပါဟာသလို့မထင်ပါနဲ့(၀ိပ္ပံ)ဆိုတာကိုမသိရအောင်မင်းကမြန်မာနိုင်ငံမှာကျောင်းပြီးတာရောဟုတ်ရဲ့လား၊နောက်တစ်ခုအနေနဲ့ကပတ်စပို့ပုံဆိုတာကမသိရင်ဓါတ်ပုံဆိုင်မှာသွားမေးလို့တောင်ရတယ်သူငယ်ချင်းရာခုဟာကဓါတ်ပုံရိုက်တဲ့သူတွေလောက်မှအသုံးမကျဘူးဖြစ်နေတယ်၊သူငယ်ချင်းလေ့လာပါ၊လေ့လာမှုပိုင်တွေအားနည်းနေတယ်မသိရင်လဲလိုက်မေးပေါ့မရှက်ပါနဲ့မသိလို့မေးတာကိုဘဲဒါပေမယ့်မသိတဲ့ဟာကိုဟာသဘဘောမျိုးမပြောပါနဲ့သိက္ခာကျပါတယ်ကွာ
  1. Anonymous said... :
    ဝိပ္ပံ - ၁)ဓါတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ
    ၂)ဓါတုဗေဒ၊ ရူပဗေဒ၊ သမိုင်း
    ၃)ဓါတုဗေဒ၊ ရူပဗေဒ၊ စိတ်ကြိုက်မြန်မာစာ
  1. Anonymous said... :
    သိပ္ဗံတွဲ = မြန်မာစာ၊အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ
    နောက်ထပ်ရှိသေးတယ်။ အဲဒီအတွဲကို ဘယ်လိုခေါ်လဲတော့ မသိဘူး။
    မြန်မာစာ၊အင်္ဂလိပ်၊သင်္ချာ၊ပထ၀ီ၊သမိုင်း၊စိတ်ကြိုက်မြန်မာစာ
  1. Anonymous said... :
    u guys dont even know about that n posting THE post...
  1. သြော်..ဧရာဝတီ....ခင်ဗျား ဘာသာရပ်(၇)ခုကိုမသိပဲလျှောက်ပြောတော့ ခင်ဗျားပဲ ရီစရာကြီးဖြစ်သွားတာပေါ့ဗျာ... ဘာပြောပြော အဲလို ပြောင်တောင်တောင် ပျက်တတ်တတ် ဧရာဝတီ ရှိတော့ ရီရတာပေါ့ဗျာ.... ဘာပြောပြောခင်ဗျားမသိတာတော်တော် ရီဖို့ကောင်းနေတယ်.. သိအောင်လေ့လာလိုက် ပါဦး.... 14 နှစ်သားတောင် သိတယ်ဗျာ......
  1. Anonymous said... :
    မြန်မာ
    အ၈်လိပ်
    ပထ၀ီ
    သမိုင်း
    ဘောဂဗေဒ
    သခ်ျာ စသော ဘာသာ၇ပ်များဟု ထင်ပါတယ်
  1. Anonymous said... :
    Oh my god!
    are you guys serious!
    i am going to die right away!
    you guys need to learn how to laugh.
    we need to request the new gov one important.
    it is "to teach the school children how to laugh".
    i am deeply worry about our future.
    Oh my god!
  1. Anonymous said... :
    ဟားဟားဟား ဧရာဝတီရေ.....
    ဟား ဟား ဟား လို့ ရီလိုက်ရင် ဘလော့ကို သိက္ခာ ချသလို ဖြစ်နေမလား ဗျို့ ...... ဟားဟားဟား
  1. Anonymous said... :
    ဧရာဝတီကလုပ်နေတဲ့လူတွေက စာရောတက်ရဲ့လားမသိပါဘူးကွာ.. ၀ိပ္ပံတောင် မသိဘူးတဲ့..ရီစရာကွာ...ပတ်စ်ပို့ပုံဆိုတာ ဘယ်လိုပုံလဲဆိုတာ မင်းတို့အမေစုကိုမေးကြည့်ပါအုန်း.. မင်းတို့လဲ ပတ်စ်ပို့ပုံရိုက်ထားကြအုန်းနော်..မင်းတို့သေရင် မီးရှို့ဖြတ်စီးဖို့....ရီစရာကွာ... ရဲစခန်းသွားပြီး ထောက်ခံစာတောင်းတာ ဗိုလ်လုပ်ချင်မှမဟုတ်ပါဘူး...အလုပ်တခုလုပ်တိုင်း ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံစာ အမြဲတောင်းရတာ...မင်းအမေစုတောင် လိမ်မာနေပြီဆိုတဲ့အကြောင်း ရဲစခန်းထောက်စာတောင်းချင်တောင်းရအုန်းမယ်...ရီစရာကွာ...မင်းတို့အမေစုတောင် ဒီတခါထောင်ထပ်ကျရင် လွတ်လမ်းမရှိလို့ လိမ်မာနေပြီး အမြီးကုတ်နေတာပဲ...မင်းတို့လဲ မမိုက်ကြပါနဲ့ကွာ...ပျင်းရင်မင်းတို့ဆိုဒ်ဝင်ဖတ်တယ် ရီရတယ်ကွ...ဟာသတွေက...။။
  1. Anonymous said... :
    ဟုတ်ပ ဟုတ်ပ ဗိုလ်ဖြစ်ဖို့  ဘယ်လွယ်မှာလဲ
    မလွယ်လို့ လဲ လူတိုင်း ဗိုလ်မဖြစ်တာပေါ့
    ဒါမို့ ဆို မြန်မာပြည်မှာ စစ်သားမရှိပဲ စစ်ဗိုလ်တွေပဲ ဖြစ်နေမှာပေါ့
    ရီတော့ရီရတယ် ရဲစခန်းက ထောက်ခံချက် လုပ်မပေးတော့ဘူးဆိုတော့ ဟိဟိ သေချာပါတယ်
    ဗိုလ်သင်တန်းကျောင်းကို မကောင်းပြောချင်တာနဲ့  ပဲ ရဲတွေကိုက ထောက်ခံချက်လုပ်ဖို့ ငြင်းလိုက်တယ်ဆိုပီးပြောတာပဲ နေမယ် တခါမှတော့မကြားဘူးသေးဘူး ထောက်ခံချက် မလုပ်ပေးပဲ ပြန်လွတ်လိုက်တယ်လို့ တော့ ရီရတယ် ဧရာဝတီ အယ်တီတာ ချုပ်ကြီးရေ
    နောက်တခါတင်မယ်ဆိုရင်တော့ တိကျပြတ်သားတဲ့  သတင်း မှန်ကန်ဖြောင့်မတ်တဲ့  သတင်းကိုတင်ပါ ဗျာ ။ ဒီလိုသာ လုပ်နေမယ်ဆိုရင်တော့ ကိုယ့် သိက္ခာနဲ့  ကိုယ့်အရည်အချင်း မရှိဘူးဆိုတာ ပြောပြသလို ဖြစ်နေပါ့မယ် ။ အတင်း မဟုတ်တဲ့  သတင်းမှန်တွေကို ဖော်ပြနိုင်ပါစေလို့  ပြောရင်းပဲ ရီလိုက်မယ်ဗျာ ဟဟဟ....
  1. Anonymous said... :
    ကျော်ဆန်းနဲ့ ပြောပီးပြီ..မြန်မာ့အလင်းစာလုံးပေါင်း
    မှားတာ..၀ိဇ္ဇာကိုဆိုလိုတာ..
    ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံစာက
    ဗိုလ်လုပ်ချင်လို့ ဆိုရင် စခန်းကကောင်တွေ
    ပြာလို့ ..ပေးနေရ ၃၀၀၀ိ တောင်မတောင်းရဲ
ုတော့ပါ။
  1. Anonymous said... :
    ဝိပ္ပံ ဆိုရလောက်အောင်ပါဠိလိုအနက်ပြန်ပေးပါအုန်းပညာရှင်တို့ရယ်။
  1. Anonymous said... :
    ဧရာဝတီ ကိုအထင်ကြီးခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားပြီး
    သတင်းများရေးသားသော Blog မှ အတင်းများရေးသားသော Blog ဖြစ်သွားပါသည်။
    Admin အနေဖြင့် သတင်းများသာ ရေးသင့်ပါသည်။
    Edit သေချာ လုပ်စေချင်ပါသည်။
  1. Anonymous said... :
    ဧရာဝတီရေ ကျေးဇူးပြုပြီးတော့ သတင်းပဲရေးပါ နော်..သူများကိုလှောင်ပြောင် သေ၇ာ်တာဟာ သတင်းသမားတဦးရဲ့ ကိုယ်ကျင့်တရားနဲ့မကိုက်ညီဘူးလို့ထင်ပါတယ်ရှင့်..ပြ်ီးတော့ အဲဒီလိုလှောင်ပြောင်ခြင်းအားဖြင့် ကျမတို့ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့သူတွေကိုပါ ပြန်ပြီါ် အစော်ကားခံရသလိုပါပဲ.။... သူ့တိုကကလည်းပြန်ပြောမှာပဲလေ မှန်ပါတယ်။ ဒါပေမယ့် ဧရာဝတီတခုတည်းမဟုတ်ပဲနဲ့ တခြား ကိုယ့်ယုံကြည့်ချက်ကြောင့် အလုပ်လုပ်နေတဲ့သူတွေပါ ထိခိုက်စေပါတယ.်။
  1. ဗဟန်း said... :
    မဟုတ်ကဟုတ်က ငြင်းချင်သူတွေထဲမှာ ငဖါးငယား ခရိုနီ တွေအဆိုးဆုံး-- ထစ်ကနဲဆို ၀ူး ဆိုပြီး ထအူတော့တာဘဲ.. သတင်းစာသုံးမြန်မာစာ ကိုလေ့လာပြီး ထောက်ပြသင့်တာထောက်ပြ-လုပ်သင့်တာပေါ့..၀ိပ္ပံ ဆိုတာ ထွင်ထားတဲ့ ဘန်းစကား မဟုတ်လား-- ပတ်စပို့စ် ဆိုဒ်ဆိုတာလည်း လူတိုင်းနားလည်တိုင်းမသုံးသင့်ဘူး..အင်္ဂလိပ်စာကို ဗျောင် ယူသုံးထားတာ.. မှတ်ပုံတင်အရွယ်အစားဆိုတာမျိုးဖြစ်သင့်တယ်.. အမျိုးချစ်လှချည့် ဆိုပြီး အမျိုးမျိုးဟိုပြောဒီပြောလုပ်--ရေးလိုက်ပြောလိုက်ရင်တော့ ဘိုလိုကုလားလိုတွေချည်းဘဲ.. သတင်းစာတိုက်က စစ်တပ်ကလာတဲ့ ကျေငြာဆိုရင် ဖင်တုန်အောင်ကြောက် တော့ မတည်းဖြတ်ရဲတာလဲပါမှာပ.. အင်း..စစ်တပ်ထဲမှာ ရုံးသုံးမြန်မာစာ အခန့် ရေးတတ်တဲ့သူမရှိတော့ဘူးလား..ဘလော့ဆိုတာ သရော်စရာရှိသရော်ရမှာဘဲ.. ဆက်လုပ်--ဧရာဝတီ..အားပေးလျှက်ပါ..
  1. Anonymous said... :
  1. မောင်ကပ်ပါး said... :
    ဧရာဝတီရေ..သိပ်မရယ်ရပါ...
    ဟာသအဖြစ်နားလည်ပေးပါတယ်..
    ဝိပ္ပံလို့ လူငယ်ကျောင်းသားလေးတွေ ခေါ်ဝေါ်သုံးစွဲပါတယ် နိုင်ငံတော်က အတည်ပြုဖို့မသင့်ဘူးလို့ ထင်ပါတယ်.. ဒီလိုကြော်ငြာမှာပိုမသုံးသင့်ပါဘူး..ဟိုဘောမချင်တဲ့ ခွေးသူတောင်းစားပေါက်စတွေလည်း ကြည့်လုပ်ကြပါ။ မင်းတို့အမှန်တရားကိုမြင်လာတဲ့တစ်နေ့ ခွေးဖြစ်ပြီလို့အောက်မေ့လိုက်..ရေကြည်အိုင်ရောက်ပြီလို့မှတ်လိုက်။ နိုင်ငံတော်ကာကွယ်မယ်ဆိုပြီး...သံဃာတွေကိုပါ ပြုံးပြုံးရွှင်ရွှင်ရိုက်နှက်နှိပ်ကွပ်နေရအုံးမယ်... မင်းတို့လည်းတစ်နှပ်စားဥာဏ်သမားတွေပဲ..ကြည့်လုပ်ကိုယ့်လူတို့..ဖအေအရင်းပါ သတ်နေရအုံးမယ်...
  1. mathar said... :
    ဒီလို သတင်းမဟုတ်ပဲ အတင်းတုတ်နေတဲ့ ဟာတွေ ဘလော့မှာ တင်ခွင့်ပြုတယ်...အင်းပေါ့လေ အဓိကတော့ ဒေါ်လာရဖို့ပါပဲ ဟုတ်တာမဟုတ်တာ အရေးမကြီးဘာဘူး..ဗိုလ်ဖြစ်ဖို့ လွယ်မလားတဲ့ သိချင်ရင် ဗိုလ်ဖြစ်နေတဲ့သူတွေလိုက်မေး... မသိပဲ ဒေါ်လာရဖို့ အတွက် ပေါက်ကရတွေေ၇းအုံးမယ် ...
    မင်းတို့ဘာသာ နိုင်ငံေ၇းပဲလုပ်လုပ် ...မဟုတ်တာတွေရှောက်ပြောလည်း ဂရုမစိုက်ဘူး ကျောင်းကိုတော့ မဟုတ်တာရှောက်မပြောနဲ့ မြန်မာနိုင်ငံသားဖြစ်ပြီး ကိုယ့်နိုင်ငံမှ မနေရဲလို့ လျောက်ပြေးနေတဲ့သူတွေ က မြန်မာနိုင်ငံက ဟာတွေရေးချင်သေးတယ်...အဲကြောင့်ပဲ မဟုတ်တာတွေ ပဲဖြစ်နေတာနေမှာ ဘလော့က...
  1. စစ်သည် said... :
    အတော်ပိန်းတာပဲ လူဝင်များအောင် လူဆူအောင် ဖွပေးနေတာ ခုတောင် တော်တော်ဝင် ဖတ်လို့ ဒူးနှန့်ပြီးပျော်နေလောက်ပီ ဘယ်တော့မှတသမတ်တည်းမတွေးနဲ့ မိတ်ဆွေတို့ ..ကမ္ဘာပေါ်မှာ ညစ်စုတ်ပတ်ပြီး လည်လွန်းပတ်လွန်းတာ မြန်မာတွေကထိပ်ပိုင်းမှာရှိ၏
  1. စိုးမြင့် said... :
    ဒီလို ဟာသမျိုး၊ သရော်စာမျိုး တင်လို့ ဧရာဝတီ သိက္ခာ ကျပါတယ် ဆိုနေတဲ့ အပေါ်က ကွန်မန့်ရေးသူတွေကို ပြောမယ်၊ ဒီဘလော့ဂ်ရဲ့ ထိပ်ဆုံးမှာကို ရှင်းရှင်းလင်းလင်း တင်ထားပြီးသား၊ အနယ်နယ် အရပ်ရပ်က ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေကို တင်ပြချင်တာကြောင့် ဒီဘလော့ဂ် ဖြစ်လာတယ် ဆိုတာ..၊ ဒါကိုမှ ဧရာဝတီ ပင်မ သတင်းဆိုဒ်နဲ့ ပေါ့ပေါ့ပါးပါး သရော်စာတွေ တင်ကောင်းတင်နိုင်တဲ့ ဘလော့ဂ်ကို ခွဲခြားမသိဘဲ သိက္ခာကျသလေး ဘာလေး လာဟစ်နေတာ ဖတ်ရတာ မျက်စိခါးတယ်၊ ဆက်လုပ်ပါ ဧရာဝတီ..၊ ဘလော့ဂ်တစ်ခုရဲ့ လုပ်ပိုင်ခွင့်တွေကို ရဲရဲသာ ဆက်သုံးပါ..။
  1. Anonymous said... :
    ဗိုလ်ဖြစ်ဖို့ လွယ်မလား
    လွယ်ပါတယ် (အမှတ်စာရင်းတင်ပြစရာမလိုတဲ့)
    အရာရှိတွေ သားတွေက အမှတ်စာရင်းသိပ်မကောင်းကြဘူး
  1. Anonymous said... :
    To one anonymous: Since we already know how the term originated, we don't have to find the meaning of the term from Pali (combined word for Arts and Science). There is an English word called 'SMOG' which is a combination of smoke and fog.
    To Bahan: Passport size photo is used worldwide. If you want to use National Identification Card size photo, that would definitely confuse all applicants. Do you think the NIC has the same size of photo as the passport's? Please remember that there are many terms we directly adopted from English. Honestly, I learned a lot from these comments that there is a new Burmese word like that. At first, I was seriously intimidated by the article. Many comments straighten the issue. Thank you.
  1. yelay said... :
    မြန်မာပြည်ကနေ စွန့် ခွာပြည်ပြေးလာတာ ဘယ်နှစ်နှစ် ရှိပြီလဲ ပို့စ် အက်ဒမင်ကြီးး)) အဆင့်မရှိတဲ့ ပို့ စ်တွေနဲ့ ဒေါ်လာရနေတယ်ဆို၇င်တော့ ခင်ဗျားတို့ ဆီ ပိုက်ဆံရှာရတာ တော်တော် လွယ်တာပဲ
  1. Anonymous said... :
    အခု ရေးသားပြောဆိုသော သုံးသက်ချက်သည် < ကိုကပ်ပါး အတွက် သာ ဖြစ်သည် >
    ကိုကပ်ပါးရေ နာမည်နဲ့ လိုက်အောင်တော့ ကပ်တီးကပ်ဖဲ့ လိုက် မလုပ်ပါနဲ့ ဗျာ ။ ။
    လူအများ ၀င်ရောက် ဖတ်ရှု့ နေသော ဒီလို ဘလော့တခုမှာ ဒီလို ညစ်ညမ်းတဲ့ စကားတွေတဲ့  ပုတ်ခက်တာ က ကိုယ့်ရဲ့ ဇာရိတ္တနဲ့  အကျင့်စရိုက်ကို ဖော်ပြနေသလိုပါပဲ လူဆိုတာ ကိုယ့် ယုံကြည်ချက် ကိုယ့်မျော်လင့်ချက် နဲ့  အသက်ရှင်နေရတာပါ ။ ။ ခင်ဗျားပြောသလိုပေါ့ တပ်ထဲမှာ ရှိတဲ့ လူတွေမှာလဲ ကိုယ့်အခက်အခဲနဲ့ ကို ရှိနေကြပါတာပါ ။ ဘ၀ ကိုနဲ့ ရင်းပီး လုပ်နိုင်တဲ့သူတွေရှိသလို ဘ၀ထဲက အပါ မခံနိုင်လို့  လုပ်နေရတဲ့ သူတွေ လဲ အများကြီးပါ ။ ။ ခင်ဗျာပြောချင်တဲ့  ရွှေဝါရောင်တော်လှန်ရေး အရေးအခင်မှာ ဖြစ်ခဲ့တဲ့  အဖြစ်အပျက်က တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ လူတိုင်းက သတ်ဖြတ်နေတာ မဟုတ်ပါဘူး ။ ။ ဒီလောက်ဆိုရင် ကျွန်တော် ပြောတဲ့  စကားရဲ့  အဓိပ္ပါယ်ကို နားလည် သဘော ပေါက်မယ်လို့  ထင်ပါတယ် ။ သူများကို ပြောမည်ဆိုလျှင် ကိုယ့်ကိုယ်တိုင်ရော ကောင်းရာကောင်းကျိုး ဘာတွေလုပ်ခဲ့ ဖူးလဲဆိုတာ အရင် ဆုံး သုံးသပ်ပီးမှ သူတပါးကို သုံးသပ်ပါ ဝေဖန်ပါ ။ Commets ဆိုသည်မှာ လွတ်လပ်စွာ ရေးသာပြောဆိုရေးသားခြင်း, လွတ်လပ်စွာ ဝေဖန်သုံးသပ်ခြင်း သာ ဖြစ်သည် ။ လွတ်လပ်စွာ ဆဲဆို တိုင်းထွာ ဝေဖန်ခြင်း မဟုတ် ။ ကျေးဇူးတင်ပါ ၏ ...
  1. Anonymous said... :
    I really don't know this (၀ိပ္ပံ), May be I need to read dictionary. May be this is specially for army officer..
  1. Anonymous said... :
    ဧရာဝတီ နအဖ လက်ပါးစေတွေက ဒီစာမျက်ကို လာပြီး စောင့်ကြည့် အားပေးနေတာ အတော် ဝမ်းသာပါတယ်။ သူတို့ ပထွေးတွေ အမှားကို ထောက်ပြလိုက်လို့  အတော်ကို နာနေကြပုံက ကွန်မန်းတွေမှာ ဦးနှောက်ဆေးထား သလို စစ်သင်တန်းကျောင်းက ကျင့်ထားပေးတဲ့ အတိုင်း မိုက်မိုက်ရိုင်းရိုင်း ပြန်လည်ဆန့် ကျင် ခြေပနေကြတာ အတော်ကို နာနာကျင်ကျင် ဖြစ်နေပုံရတယ်။ အများသိအောင် ဧရာဝတီ ဘလောက်က ထောက်ပြပေးတဲ့ အတွက် အလွန်အားရ ကျေနပ်ပါတယ်။ နအဖ ဓါးလံတွေ ဝါဒလာဖြန့် လို့  ဗမာစာ မတိမ်ကောသွားပါဘူး။ နအဖ လက်ပါးစေ ငမိုက်တွေကို အမှန်တရားနဲ့ အမှား ခွဲခြား သင်ပေးကြပါ။ အသိတရားရှိမှ ဗမာစာ ဗမာစကားရိုသေတက်လာမှာပါ။ စာမတက် ပေမတက် စစ်ဗိုလ်တွေ စစ်သားတွေ ဒုနဲဒေး ဗမာပြည်မှာ ရှိနေလို့  အခုလို တိုင်ပြည် ဂျောက်ကြီးကြီးထဲ ကျနေရတာပါ။ တိုင်ပြည်ချစ်လို့ ဗိုလ်သင်တန်း ကျောင်း ဖြစ်လာတယ် လို့  မခံယူနိုင်တော့ပါဘူး။ ဗိုလ်ကျ စိုးမိုး အနိုင်ကျင့် အုပ်ချုပ်ဖို့  ဆဲဆိုတိုင်ထွာတက်ဖို့ ကလိမ်ကကျစ် ကျဖို့ ဗိုလ်သင်တန်း ကျောင်းတော်ကြီးက စစ်ခေါင်းဆောင် တွေ ခိုင်းတာ လုပ်ဖို့  သာဖြစ်ပါတယ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved