ဂမ္ဘီရကို ဆက်လက် စိစစ်ရန် လိုသေးသည်

Thursday, June 9, 2011

  
"အရပ်သား"အစိုးရလက်ထက်မှာ
အားကစား၊ သုတရသ၊ 
ဂမ္ဘီရ၊ နည်းပညာ၊ 
အနုပညာ၊ ကလေးစာပေ
ဒီ ၆ မျိုး လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လေ လို့ ပြောထားတာ ဟော - ဒီကနေ့တော့  အဲဒီအကြောင်း ရှင်းလင်းပွဲ ဖိတ်ပါတယ်။

လွတ်ငြိမ်းခွင့် စာရင်းထဲ  ဂမ္ဘီရ ပါမလာပါဘူး။
ဂမ္ဘီရ ပညာဟာ ဒို့တာဝန်အရေး ၄ ပါး ထဲက ဘယ်အပါးနဲ့ ငြိနေတယ် မသိပါ။

(ဒါမှမဟုတ် ရွှေဝါရောင် ဦးဆောင်သံဃာ ဦးဂမ္ဘီရနဲ့ အမည်တူလို့ လွတ်ငြိမ်းခွင့် မပေးတာလား ဆိုတာ စာပေချစ်သူအရာရှိများက ပြောမသွားပါ။)
သတင်းအပြည့်စုံဖတ်ဖို့ ဒီကို သွားပါ။
ပုံတွေကိုတော့ အောက်ဘက်မှာ ရှုပါ။



 
ရှင်းလင်းပွဲ တက်သူများ

စာပေချစ်သူ ဦးတင့်ဆွေ (ဒု ညွှန်ချုပ် စာပေစိစစ်ရေး) 


စာပေ မြတ်နိုးသူ ဦးရဲထွဋ် (ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန - ညွှန်ချုပ်)

သူကတော့ - ဦးရဲတင့် (ဦးဆောင်ညွှန်ကြားရေးမှူး ပုံနှိပ်ရေး နှင့် စာအုပ်ထုတ်ဝေရေး၊ ပြန်ကြားရေးဝန်ကြီးဌာန) 


ကျင့်သုံးမယ့် အပြောင်းအလဲသစ်ကြောင့် ဘယ်လောက်အထိ ပြောင်းလဲမယ် ဆိုတာကို လပိုင်းအတွင်း သိရတော့မှာပါ




ခွင့်ပြုတဲ့ထဲ နာမည်ကြီး ဂျာနယ်တချို့ ပါပါတယ်။
အားကစား ဂျာနယ်များ

3 comments :

  1. Ko Phat said... :

    ဂမ္ဘီရရေးတဲသူတွေက ပေါက်လွတ်ပဲစား လူပြိန်းစိတ်ဝင်စား ပြီးရောဆိုရေးကြတာဗျ။ ပြည်သူတွေအတွက် အဆိပ်အတောက်တွေ ပေါများတယ်။ ဘာစာနယ်ဇင်းကျင့်ဝတ်မှ သိတဲ့သူတွေမဟုတ်ဘူး။

  1. စာပေဖက်ဆစ် said... :

    ဒါဆိုလဲ ပေါက်လွတ်ပဲစား စာနယ်ဇင်းကျင့်ဝတ်မသိတဲ့သူတွေကို ဘာလို့ ထုတ်ဝေခွင့် ပေးထားလဲ မသိဘူး။

  1. ဘကြီး said... :

    I agree စာပေဖက်ဆစ် :)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved