ဦးဥာဏ်ဝင်းရဲ့ မော်ဒန်ဒီပလိုမေစီ

Friday, June 10, 2011


နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ လက်ရှိ ပဲခူးတိုင်း ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးဥာဏ်ဝင်းရဲ့ လက်ရာ စာအုပ်ကြော်ငြာကို ဒီနေ့ အစိုးရသတင်းစာမှာ တွေ့ရပါတယ်။ အင်္ဂလန်နိုင်ငံ ရီးဒင်းတက္ကသိုလ်က ပါမောက္ခရဲ့ စာအုပ်ကို ကျောရိုးယူပြီး သူ့အတွေ့အကြုံတွေ ထည့်ထားတယ်လို့ ဆိုပါတယ်။

မှန်ခြင်းမှားခြင်း ဘယ်လိုရှိရှိ အကျိုးစီးပွားကိုသာ ဦးတည်တာဟာ “မော်ဒန်ဒီပလိုမေစီ” ဆိုပြီး ကြော်ငြာမှာ ဖွင့်ဆို မိတ်ဆက်ထားပါတယ်။ သူ့အတွေ့အကြုံထဲက ဘာတွေကို ကောက်နှုတ်ထည့်ထားတယ်ဆိုတာတော့ မဖတ်ရသေးလို့ မသိရသေးပါဘူး။

၂၀၀၉ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ နယူးယောက်မှာ ကုလသမဂ္ဂအစည်းအဝေး သွားဖို့ ဟိုတယ်က အထွက် မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ ဖိနပ်နဲ့ပေါက်ခြင်း မေတ္တာကို ခံယူရရှိဖူးတဲ့ အတွေ့အကြုံမျိုးတွေလည်း အဲဒီစာအုပ် ပါမပါဆိုတာကလည်း ဖတ်ကြည့်ပြီးမှပဲ ပြန်ပြောပါတော့မယ် ခင်ဗျာ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved