ကော်ဇော ပေါ်က ဦးကျော်ဆန်း

Friday, June 10, 2011


မုံရွာခရိုင် ပုလဲမြို့နယ်ထဲက ရွာတရွာမှာ စာကြည့်တိုက်ဖွင့်ပွဲ လုပ်နေတဲ့ ၀န်ကြီး။ (ဒီနေ့ သတင်းစာကပုံ)

ရွာလူကြီးတွေက ၀န်ကြီး နင်းဖို့ ကော်ဇော ခင်းထားပေးတယ်။
အဖား လွန်တာလား၊ ၀န်ကြီးတို့ ဧည့်သည်အုပ်စုကပဲ လှမ်းပြီး ခိုင်းထားတာလား မသိပါ။
ကော်ဇော်ပိုင်ရှင်တော့ စိတ်ညစ်လိမ့်မယ်။

ဒီကော်ဇောက ဘုန်းကြီးကျောင်းက ကော်ဇောလည်း ဖြစ်နိုင်တယ်။
ကျေးလက်မှာတော့ ဘာကောင်ကြီးပဲလာလာ ဒေသခံတွေက ကော်ဇော၊ ဆိုင်ကယ်၊ ထော်လာဂျီ စသဖြင့် ငှားပေးရတာပဲ။

3 comments :

  1. Anonymous said... :

    သူက မင်းတိုင်ပင်သားလေ၊ သူရွာမှာ သွားပြီး ဖွင့်ပွဲလုပ်တာပေါ.။ သူရွာကိုတော့ အတော်လေးပိုင်ပုံရတယ်။ ကင်းဝန်မင်းကြီး ဦးကောင်း ကို အကြောင်းပြုပြီး မင်းတိုင်ပင်ရွာလို့ အမည်ပေးခဲ့ကြောင်း မှတ်သားဖူးပါတယ်။

  1. Anonymous said... :

    အဲလို လုပ်ပေးရတဲ့ အလုပ်ဟာ ဗမာပြည်က စစ် အစိုးရ ဒီမိုကရေစီပေါ့။

  1. Anonymous said... :

    အဟဲ
    ဦးကျော်ဆန်း ပုတုတုကြီးက ပူစီဖေါင်းသည်တွေဆောင်းတဲ့ ဦးထုပ်ကြီး ဆောင်းထားတယ်တော့် ..း)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved