မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ ကားပေါ်မှာ လိုက်လာတယ် ဆိုတဲ့ သရဲကား ဆင်ဆာထိပါတယ်။
ဘာသာရေး ထင်ယောင်ထင်မှားမှု ဖြစ်စေတယ်၊
ဘယာနကရသမြောက်တယ်
ဒါကြောင့် အများပြည်သူ မကြည့်သင့်ဘူးလို့ ဆင်ဆာအဖွဲ့က ဆုံးဖြတ်ထားတဲ့ ဇာတ်ကားပါ။
အများပြည်သူ မကြည့်သင့်တဲ့ကားဟာ အများပြည်သူသွားတဲ့ ပလက်ဖောင်းမှာ အရောင်းသွက်နေပါတယ် တဲ့။
ဇာတ်လမ်းက ဘယ်လိုလဲ ???
ခွန်းဆင့်နေခြည်နဲ့ ယွန်း ကားတိုက်ခံရပြီး မိုင်တိုင် ၇၆ မှာ အမြှုပ်ခံရတယ်၊ သရဲဖြစ်သွားကြတယ်၊ အဲဒီနေရာမှာ ပျက်တဲ့ ကားတစီးပေါ်ကို သရဲတက်လာတယ်၊ ကားပေါ်မှာ မင်းသားမင်းသမီးတွေ ဖြစ်တဲ့ မင်းအုပ်စိုး၊ လင်းဇာနည်ဇော်တို့ ပါတယ်၊ ခရီးသည်တွေကို သရဲဝင်ပူးတယ် စသဖြင့် ရိုက်ထားတယ်လို့ ကြည့်ဖူးသူတယောက်က ပြောပြပါတယ်။
ဒီတပတ်ထုတ် အလင်းတန်းဂျာနယ်မှာလည်း ဒီအကြောင်း သတင်း တပုဒ် ရေးထားပါတယ်၊ ဖတ်ပါအုံး။
သရဲကားကိုတော့ ဆင်ဆာထိတာ ကျွန်တော် ထောက်ခံပါတယ်။ တကယ်ပဲ ဘာသာရေးဆိုင်ရာ
သာသနာနဲ့မကိုက်ညီတဲ့အတွက် ပြည်သူတွေရဲ့
ထင်ယောင်ထင်မှားဖြစ်စေလို့ပါ။ ဥပမာ..ထိုင်းက
ပြည်သူတွေဟာ သရဲကားတွေထင်တိုင်းကြဲ
ရိုက်တဲ့သူကရိုက် ကြည့်တဲ့သူတွေက ကြည့်ကြ
အခုဆို ထိုင်းဆယ်ယောက်မှာ ကိုးယောက်လောက်က
သေရင် အားလုံးသရဲဖြစ်တာပဲလို့ ယုံကြည်နေကြတာ
သတိထားမိတယ်..မြန်မာပြည်သူတွေကိုထိုင်းလိုမဖြစ်
စေချင်ဘူး။ ကျွန်တော့်ကိုယ်တွေ့ပါ။