မက်ကိန်းကို ကြိုကြသည်

Friday, June 3, 2011

မြန်မာပြည်ကို အမေရိကန်ခေါင်းဆောင်တွေ အများကြီး လာခဲ့ကြပေမယ့် 
ဂျွန်မက်ကိန်း လာတာကိုတော့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက အားရ၀မ်းသာ ကြိုဆိုကြဟန်ရှိပါတယ်။
မက်ကိန်းကြီးက သူတို့ အမေရိကန်လွှတ်တော်ထဲ မြန်မာပြည်အကြောင်း တက်တက်ကြွကြွ ဆောင်ရွက်နေသူ မဟုတ်လား။ သူ့ရဲ့ မြန်မာပြည် ၃ ရက်ခရီးစဉ် ဒီနေ့ အဆုံးသတ်ပါပြီ။



ဂျွန်မက်ကိန်း နဲ့ NLD ဒုဥက္ကဋ္ဌ သူရ ဦးတင်ဦး။ 
စစ်သည်ဟောင်း ၂ ဦး တွေ့ဆုံမှု။ (ဧရာဝတီဓာတ်ပုံများ)


ဒီကနေ့ မြန်မာပြည်က မပြန်ခင် ထုတ်ပြန်လိုက်တဲ့ သူ့ရဲ့ ၃ မျက်နှာ ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆယ်စုနှစ်များစွာ ကတည်းက သူ့ရဲ့ သူရဲကောင်း ဖြစ်ပါတယ် တဲ့။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် မကြာခင် ခရီးထွက်တဲ့အခါ လုံခြုံရေး ဂရုစိုက်ပေးဖို့လည်း ကြေညာချက်ထဲမှာ အာဏာပိုင်တို့ကို တိုက်တွန်းထားတယ်။

ဂျွန်မက်ကိန်းနဲ့ တွေ့ဆုံခဲ့ပုံအကြောင်း သတင်းသမားတွေကို ပြောပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

NLD ရုံး ဓာတ်ပုံပြပွဲ နဲ့ ဂျွန်မက်ကိန်း

ဘယ်သန် ဂျွန်မက်ကိန်း

သူ့ရဲ့ သူရဲကောင်းနဲ့ သွားတွေ့တဲ့ မက်ကိန်း

မက်ကိန်း နဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး။ 
စစ်သည်ဟောင်း ၂ ဦးရဲ့ အပြုံး။
 ဒီ ၂ ယောက် နေပြည်တော်မှာ အခုလို တွေ့တုန်းက ဆွေးနွေးကြပုံ တချို့ ဒီနေ့ထုတ် သတင်းစာမှာ ပါလာပါတယ်။ မက်ကိန်းဟာ ယူအက်စ်မှာ "နိုင်ငံရေးအရ သြဇာရှိသူ" ဖြစ်တဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့ ကြားဝင်ဆောင်ရွက်ပေးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်လို့ ဦးတင်အောင်မြင့်ဦးက ဆိုပါတယ်။
အင်း - ဘောင်းဘီချွတ်နိုင်ငံရေးသမားတွေလည်း သတင်းစာမှာ သူ့ခရီးစဉ်တွေကို နေရာအများကြီးပေးပြီး မက်ကိန်းကို ကြိုကြတယ် ဆိုရမလား။

သတင်းစာ အရေးအသားတွေ ဖတ်ကြည့်သမျှတော့ နှစ်ဘက်အစိုးရ အသံ မပြောင်းသေးပါဘူး။ အသုံးအနှုန်းတွေက အရင်အတိုင်းပါ။  ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved