မီးအိမ်ရှင် ဒေါက်တာနိုက်တင်းဂေးလ်

Friday, June 3, 2011


ဒေါက်တာနိုက်တင်းဂေးလ် ခေါ် စာရေးဆရာမ ယဉ်မင်းဦး - ဆေးတက္ကသိုလ်ရဲ့ ပညာပေး အစီအစဉ်ကို အခုလေးတင် MRTV-4 က လွှင့်သွားပါတယ်။ အသံပိတ်ထားလို့ ဘာတွေပြောသွားမှန်း မသိလိုက်ပေမယ့် သတိထားမိတာက သူ့ရှေ့က မီးအိမ် ဖြစ်ပါတယ်။


TV ရိုက်နေတုန်း မီးပျက်သွားရင် အဲဒီ မီးအိမ်ထွန်းပြီး ရိုက်ဖို့ ချထားတာတော့ မဟုတ်ပါဘူး)
အဲဒီလို ထင်တဲ့သူကတော့ ဟာသဓာတ်ခံရှိတဲ့သူ ဖြစ်နိုင်ပါတယ်။ ဟာသဓာတ် ပျောက်သွားအောင်တော့ ဒေါက်တာယဉ်မင်းဦးက ကုပေးမယ် မဟုတ်ပါ။


ဒီဓာတ် ပပျောက်အောင် ဆေးပညာနဲ့ မတတ်နိုင်သလို ဒေါက်တာယဉ်မင်းဦးကလည်း ဆေးကုနေဟန် မရှိပါ။ စာပေလောကထဲရောက်သွားတဲ့ ဆရာဝန် စာရေးဆရာမ၊ ပညာပေးဟောပြောပွဲတွေ စာပေဟောပြောပွဲတွေနဲ့ မအားမလပ်တဲ့ ဆရာဝန် စာရေးဆရာမ ဖြစ်နေပါပြီ။


ဆရာမောင်သစ်ဆင်းရဲ့ ၀တ္ထုတိုတပုဒ်ထဲက စကားလုံး ယူသုံးရရင် ဒေါက်တာယဉ်မင်းဦးဟာ ဒုတိယတန်းစား ဆရာဝန် အမျိုးအစားထဲ ပါဝင်ပါတယ်။


အဲဒီ ၀တ္ထုတို (၀တ္ထုတို) ထဲမှာ - 
သုတေသနလုပ်တဲ့ဆရာဝန်ဟာ ပထမတန်းစား ဆရာဝန်
ပညာပေးတဲ့ ဆရာဝန်ဟာ ဒုတိယတန်းစား ဆရာဝန်
ဆေးကုတဲ့ ဆရာဝန်က တတိယတန်းစား ဆရာဝန် လို့ ဖွဲ့နွဲ့ ရေးသားထားတာပါ။


လိုရင်း ပြန်ဆက်ရရင် MRTV 4 မှာ လွှင့်သွားတာတွေကို ကျန်းမာပျော်ရွှင် မီးအိမ်ရှင် ဆိုတဲ့ နာမည်နဲ့ စာအုပ် ထုတ်ထားပါတယ်။
 ရုပ်သံပရိသတ်ရဲ့ ကျန်းမာရေးဆိုင်ရာ မေးခွန်း နဲ့ သူ့အဖြေတွေကို စုစည်းထားတာပါ။

သူ့စာအုပ်တွေထဲမှာ ပထမဆုံး ထင်ရှားခဲ့တာကတော့ အက်တိုးပစ် အပျိုစင်  ၀တ္ထု ဖြစ်ပါတယ်။
 
တခြားစာအုပ်တွေထဲမှာ သန္ဓေကာတာ၊ ပင်လယ်ရေဘယ်မခန်း မဂ္ဂဇင်းဝတ္ထုတိုများ၊ ပရမတ္ထအလင်္ကာ၊ ကိုးဆယ့်ခြောက်ပါးရောဂါများအတွက် အင်တာနက်စကားဝိုင်း၊ ကျန်းမာရေး အမေးအဖြေ ဆိုတာတွေ ပါဝင်ပါတယ်။



by zarny win

1 comments :

  1. CODE9 said... :

    လွန်ခဲ့တဲ့ ၈ လလောက်တုန်းကတော့ နီပေါလ်သတင်းဌာန တခုက သူတို့ တိုင်းပြည်မှာလဲ မီးမမှန်တာကို သရော်ချင်လို့ အဲ့လိုပဲ သတင်းဖတ်သူက မီးအိမ်လေးထွန်းပြီး သတင်းတင်ဆက်သွားတာတွေ့ဖူးတယ်ဗျ၊ အဲ့ဒီ ပုံစံကိုများလိုက်တုပထားသလားမသိပါဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved