ထိုင်းရောက် မြန်မာပြည်သားတို့အတွက် ကြော်ငြာ

Saturday, June 18, 2011

မြန်မာဘာသာနဲ့ရေးတဲ့ ပစ်မှတ်ထား ကြော်ငြာတခု

ချင်းမိုင်မြို့တနေရာမှာပါ။
တယ်လီဖုန်းကုမ္ပဏီရဲ့ စိတ်ကူးက အလုပ်ဖြစ်မယ်လို့ ထင်ရပါတယ်။
နာမည်ကျော်အဆိုတော် Rဇာနည် ပုံနဲ့ ကြော်ငြာထားလေရဲ့။ ထိုင်းရောက်နေတဲ့ မြန်မာပြည်သား အရေအတွက်က ၂ သန်း ကနေ ၄ သန်းအထိ ရှိတယ်။

ကိုယ့်ဖောက်သည်ထဲ ဘယ်သူတွေ ပါသလဲ ဆိုတာကို ဒီကုမ္ပဏီ ကောင်းကောင်း နားလည်ထားပုံပါပဲ။
ဖုန်းကုမ္ပဏီတိုင်းကတော့ မြန်မာလို မကြော်ငြာပါဘူး။
ထိုင်း ရောက်လို့ Dtac - ၀မ်းတူးကော - happy - True Move - AIS စသဖြင့်ထဲက ဘယ်ဖုန်း သုံးရမလဲ ဆိုတာ စဉ်းစားရ ခက်နေရင် အနီးဆုံး အသိအကျွမ်းနဲ့ တိုင်ပင်သင့်ပါတယ်။
တချို့ဒေသတွေမှာ ဘယ်ဖုန်းက အသံပိုကြည်တယ်၊ လိုင်းပိုမိတယ် ဆိုတာ သူတို့ ပြောပါလိမ့်မယ်။
"ငါတို့သုံးတဲ့ဟာမျိုးပဲဝယ်ပါ၊ ဒါဆိုရင် တယောက်နဲ့တယောက် ဈေးပေါပေါ ဖုန်းပြောလို့ရတယ်" ဆိုပြီး အကြံပေးတာမျိုးလည်း ရှိနိုင်ပါတယ်။
sim card ၀ယ်ပြီးမှ ဒီအမျိုးအစား မကြိုက်ဘူး ဆိုလည်း လွယ်ပါတယ်၊ တံဆိပ် နောက်တမျိုး ၀ယ်လိုက်ရုံသာ။ sim card က ငါးသိန်း မပေးရပါဘူး၊ ငါးဆယ်ဝန်းကျင်ပဲ ကုန်မှာပါ။ (ဘတ် ၅၀ = less than $ 2)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved