Facebook စကားဝိုင်း - "ရယ်ချင်ရင် သတင်းစာသာ ဖတ်"

Saturday, June 18, 2011

Facebook မှာ အပြန်အလှန် ဆက်သွယ် ရေးသားနေတာတွေထဲက ကူးယူ ဖော်ပြလိုက်ပါတယ်။
ကာယကံရှင်တွေရဲ့ အမည်တွေကိုတော့ မထည့်တော့ပါဘူး။


xxxx ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက စစ်အစိုးရလက်ထက်ကတည်းကနေ ၀န်ကြီး ဖြစ်နေတော့ ဘာမှ အသစ် မလုပ်တတ်ရှာဘူး။ သစ်ပင်စိုက်တာရယ်၊ ငါးမျိုးထည့်တာရယ်၊ ပညာသင် ထောက်ပံ့ကြေးပေးတာရယ်၊ စာကြည့်တိုက်အလှူငွေ လက်ခံတာရယ်... အသစ်လုပ်တာမျိုးတော့ ဘာမှ မတွေ့ပါဘူး။ အခု ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စ ဘာမှ မပြောဘူး၊ ဘယ်သူမှ ဘာမှ မဖြစ်တဲ့ ပုံစံမျိုး... တိုင်းပြည်အေးချမ်းသာယာနေတဲ့ပုံမျိုး...။
16 hours ago · LikeUnlike 8 people like this.

xxxx ကချင်ပြည်နယ်ဝန်ကြီးကလဲ မဆီမဆိုင် ကြက်ခြေနီသွေးလှူပွဲမှာ အလှူသွားထည့်နေသေးတယ်
16 hours ago · LikeUnlike

xxxx လုပ်တတ်တာလေးပဲ လုပ်ပြနေတာ နေမှာ ပါဗျာ :))
15 hours ago · LikeUnlike

xxxx ဦးကျော်ဆန်းကို ကျမတိုက ဥာဏ်ကျယ်လေး လို့ခေါ်တယ် ။ ကာတွန်းဇာတ်ကောင် ဥာဏ်ကျယ်လေးနဲ့ အရပ်ပုတာ ၊မဟုတ်ကဟုတ်က ဥာဏ်တွေထုတ်တာ ၊ ဗလောင်းဗလဲပြောတာ အကုန်တူလို့ ။ သူက အထက်ကရေးပေးတဲ့စာပဲဖတ်တတ်တာလေ ။သူ့လုပ်တတ်တာဘာရှိလ့ိုတုန်း ။
15 hours ago · LikeUnlike · 1 person likes this.

xxxx အဲဒါအမှန်ပဲ ပုံပြောင်းစရာမလိုဘူးလို့ သူကထင်နေသလားမသိဘူး။
15 hours ago · LikeUnlike

xxxx မြန်မာ့အလင်းမှာပဲ နေပြည်တော် တရိစာန်ရုံက ကျားမ ကလေးမွေးတာကြတော့ စုံစိနေတာပဲ ကျားထီးကဘယ်သူ၊ ဗိုက်ကြီးတာ ဘယ်နှရက်ကအစ ပါတယ်။ ကချင်တိုက်ပွဲအကြောင်း တလုံးမှ မပါ .. ရီချင်ရင် သတင်းစာသာ ဖတ်
14 hours ago · LikeUnlike · people like this.

xxxx တချက်တည်းကျင်းဝင်တဲ့သတင်းက ပိုရီရတယ် ဘယ်နေ့ ဘယ်ရက်က ဘယ်သူသည် အဘယ်သောအ၀တ်အစား အရောင်အ၀ါ ရာထူး၊ အဘယ်မည်သော အဖော်အပေါင်းများနှင့် ရာထူးရာခံများနှင့်တကွ အဘယ်မည်သော ဂေါက်ကွင်းတွင် ဂေါက်သီးနံပတ် ဘယ်လောက်ကို ဂေါက်တံနံပတ်ဘယ်မျှဖြင့်ရိုက်လိုက်ရာ အဘယ်မျှဝေးသော ကျင်းနံပါတ်ကိုတစ်ခါတည်း စွတ်ဝင်သွားပါဖြင့် အသိသတ်သေမည်သူမည်ဝါများနှင့်အတူဆိုတာပါသေး ဂေါက်သီး၊ ဂေါက်အိတ်၊ ဂေါက်တံ သင်းတို့အားလုံး ဂေါက်နေတာအမှန်ပေ
14 hours ago · LikeUnlike · 2 like this.

xxxx >> အောင်မယ်ငေး ရေးတတ်ပါ့ ကိုရင်xxxx လေ့..။ :P
11 hours ago · Like

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved