ရယ်စရာ ပဟေဠိ အမှတ် ဝ၁၈ အဖြေများ

Sunday, June 19, 2011

မေးခွန်း အမှတ် ၁ - ရန်ကုန်မှာ ကျောင်းတက်တဲ့ ကချင်လူငယ်တချို့ အခက်တွေ့နေတယ်။ ဧည့်စာရင်းသွားတိုင်တာ ရပ်ကွက်ရုံးက လက်မခံဘူး တဲ့။ သူတို့ရဲ့ အခက်အခဲကို ဘယ်လို ကုစားမလဲ။
(သဲလွန်စ - ဒေါက်တာညိုညိုသင်း)
အဖြေ ၁ - ဒေါက်တာညိုညိုသင်းရဲ့ အိမ်မှာ သွားတည်းခိုင်းလိုက်ပါ။ သူက လွှတ်တော်အမတ်လည်း ဖြစ်တယ်။ ပြီးတော့ သူ့အိမ်မှာ တည်းရင် ဧည့်စာရင်း တိုင်စရာ မလိုဘူး။ (အသေးစိတ် ဒီမှာ ဖတ်ပါ။)



မေးခွန်း အမှတ် ၂ - စာနယ်ဇင်းလောကမှာ အမျိုးသားတွေ အများကြီးပဲ။ သူတို့ ဘာကြောင့် စာနယ်ဇင်းသမား ဖြစ်ချင်ရတာလဲ။
(သဲလွန်စ - ရုပ်ရှင်)
အဖြေ ၂ - ရုပ်ရှင်တွေထဲမှာ စူပါမင်း၊ စပိုင်ဒါမင်းတို့က သတင်းစာတိုက်တွေမှာ အလုပ်လုပ်ကြတယ်။
သိတဲ့အတိုင်း သူတို့က အင်မတန် အစွမ်းထက်တယ်၊ အတွင်းအားကောင်းတယ်၊ မြေလျှိုးမိုးပျံတယ်၊ မိန်းမချောလေးနဲ့ အရမ်း အိုကေတယ်။ သူတို့ကို အားကျသူတွေက သတင်းလောကထဲ ရောက်လာတော့တာပေါ့။


မေးခွန်း အမှတ် ၃ - အမျိုးသမီးတွေကရော စာနယ်ဇင်းသမား ဘာကြောင့် ဖြစ်ချင်နေတာလဲ။
(သဲလွန်စ - အမျိုးသမီး)
အမျိုးသမီး သတင်းသမားတဦး ပေးသည့် သဲလွန်စဖြစ်သည်း)
အဖြေ ၃ - သတင်းသမားဆိုတာ ဟိုလူ့ကို မေးခွန်းထုတ်၊ ဒီလူ့ကို မေးခွန်းထုတ်ပြီး သတင်းတွေ ရေးရတာပါ။ ဒီအလုပ်လုပ်တယ် ဆိုရင် တရားဝင် စပ်စုပိုင်ခွင့် ရှိသလို ဖြစ်နေတော့ သတင်းလောကထဲ ရောက်လာတော့တာပေါ့။

:)

2 comments :

  1. Anonymous said... :

    ဘာကြောင့် သတင်းထောက်ဖြစ်ချင်လည်း သိပါပီ ဟိဟိ

  1. Anonymous said... :

    dr nyo nyo thin is going to cry, ha ha ha!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved