(သဲလွန်စ - ဒေါက်တာညိုညိုသင်း)
အဖြေ ၁ - ဒေါက်တာညိုညိုသင်းရဲ့ အိမ်မှာ သွားတည်းခိုင်းလိုက်ပါ။ သူက လွှတ်တော်အမတ်လည်း ဖြစ်တယ်။ ပြီးတော့ သူ့အိမ်မှာ တည်းရင် ဧည့်စာရင်း တိုင်စရာ မလိုဘူး။ (အသေးစိတ် ဒီမှာ ဖတ်ပါ။)
![](http://4.bp.blogspot.com/-Q59RJpcireg/TfwtPaJ0EfI/AAAAAAAAKtU/609vsYKNyE4/s400/ssssssss.jpg)
![](http://1.bp.blogspot.com/-Cf5-OnQqzZ8/TfwtPLje-HI/AAAAAAAAKtM/B2Gl-9L6OrM/s400/ss.jpg)
မေးခွန်း အမှတ် ၂ - စာနယ်ဇင်းလောကမှာ အမျိုးသားတွေ အများကြီးပဲ။ သူတို့ ဘာကြောင့် စာနယ်ဇင်းသမား ဖြစ်ချင်ရတာလဲ။
(သဲလွန်စ - ရုပ်ရှင်)
အဖြေ ၂ - ရုပ်ရှင်တွေထဲမှာ စူပါမင်း၊ စပိုင်ဒါမင်းတို့က သတင်းစာတိုက်တွေမှာ အလုပ်လုပ်ကြတယ်။
သိတဲ့အတိုင်း သူတို့က အင်မတန် အစွမ်းထက်တယ်၊ အတွင်းအားကောင်းတယ်၊ မြေလျှိုးမိုးပျံတယ်၊ မိန်းမချောလေးနဲ့ အရမ်း အိုကေတယ်။ သူတို့ကို အားကျသူတွေက သတင်းလောကထဲ ရောက်လာတော့တာပေါ့။
![](http://4.bp.blogspot.com/-81VR9T21gqo/Tfs6rNVOIAI/AAAAAAAAKss/cnTA8SHLpAg/s400/999.gif)
မေးခွန်း အမှတ် ၃ - အမျိုးသမီးတွေကရော စာနယ်ဇင်းသမား ဘာကြောင့် ဖြစ်ချင်နေတာလဲ။
(သဲလွန်စ - အမျိုးသမီး)
အမျိုးသမီး သတင်းသမားတဦး ပေးသည့် သဲလွန်စဖြစ်သည်း)
အဖြေ ၃ - သတင်းသမားဆိုတာ ဟိုလူ့ကို မေးခွန်းထုတ်၊ ဒီလူ့ကို မေးခွန်းထုတ်ပြီး သတင်းတွေ ရေးရတာပါ။ ဒီအလုပ်လုပ်တယ် ဆိုရင် တရားဝင် စပ်စုပိုင်ခွင့် ရှိသလို ဖြစ်နေတော့ သတင်းလောကထဲ ရောက်လာတော့တာပေါ့။ :)
ဘာကြောင့် သတင်းထောက်ဖြစ်ချင်လည်း သိပါပီ ဟိဟိ