မန္တလေးမှာ ဗုံးထပ်ပေါက်ပြန်ပြီလား

Friday, June 24, 2011

ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွား။ ၈၄လမ်း ၃၁၊ ၃၂ ကြား စိန်စပယ်ဖူး ရွှေဆိုင်နှင့် ပရိယတ္တိသာသနအသင်း အနီးတွင်ဖြစ်ကြောင်း သိရပြီး မွန်းလွဲ ၃နာရီခန့်က အချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

ပေါက်ကွဲမှု မဖြစ်ပွားမီ အချိန်ကပင် လမ်းကို ကြိုတင်ပိတ်ထားပြီးနောက် ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံတစ်ဦးက ပြောကြားပါသည်။

ဆက်လက်သိရှိရသော သတင်းများအရ ၈၄လမ်း ၃၁၊၃၂ ကြားတွင်ဖြစ်ပွားခဲသော ပေါက်ကွဲမှုဖြစ်စဉ်မှာ အမှိုက်ပုံအနီး ပြစ်ထားသော အမှိုက်ပုံးတွင် ဆောနစ်ဗုံး ဟုရေးသားပြီး ကပ်ထားသော အရာတစ်ခုကို တာဝန်ရှိသူများမှ တွေ့ရှိခဲ့ပြီးနောက် ဗုံးကို ပေါက်ကွဲစေပြီး ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

(Eleven Media Group ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ ကူးယူဖော်ပြတာပါ။)

1 comments :

  1. Anonymous said... :

    အာဏာသိမ်းပွဲကြီးစပါတော့မယ်...သမိုင်းဆိုတာ
    နှစ် ၅၀..၁၀၀ နေမှတပတ်လယ်မယ်ထင်နေတာ
    စစ်အုပ်စုလက်ထက်မှာ နှစ် ၂၀ တောင်မကြာ..
    သန်းရွှေ၊မောင်အေး၊ရွှေမန်း၊ရှစ်လုံး၊ကျော်စန်း၊
    အောင်သောင်း...တေဇ..
    အလှည့်ကြ..မနွဲ့ စတန်းပေါ့ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved