ဝမ်းလျားမှောက်ခြင်းဖြင့် ပျော်ရွှင်မှုကို ရယူပါ

Wednesday, June 22, 2011

ကမ္ဘာကျော် ၀မ်းလျားမှောက် ကစားနည်းက အခု ထိုင်းမှာ ခေတ်စားနေပါတယ်။
ဝမ်းလျားမှောက်တဲ့အခါ မျက်နှာကိုလည်း မှောက်ထားရမယ်၊ လက် ၂ဘက်က ကိုယ်မှာ ကပ်ထား ဆိုတာက ဒီကစားနည်းရဲ့ စည်းကမ်းပါ။

ဒီပုံစံကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာ အများတကာမြင်အောင် ပြတာလည်း စည်းကမ်းထဲ မပါပေမယ့် လုပ်နေကြလေရဲ့။ အွန်လိုင်းမှာ အပြိုင်အဆိုင် ဖော်ပြကြလို့လည်း ဒီယဉ်ကျေးမှုက ကျယ်ပြန့်လာတာပါ။

ဘယ်မှာ ဆော့မလဲ???
လူမြင်ကွင်းဖြစ်လေ၊ လူများများပါလေ ပိုကောင်းလေပါပဲ တဲ့။ ထူးခြားတဲ့နေရာတွေမှာ ရှာဖွေ မှောက်ကြတဲ့အတွက် ပြိုင်ဆိုင်မှုက ပို ကြီးလာပါတယ်။

ဘယ်က အစပြုသလဲ???
၁၉၉၇ တုန်းက ဗြိတိန်မှာ စပြီး လူကြိုက်များလာ ဆိုပဲ။ ၂၀၀၃ မှာ တောင်ကိုရီးယား၊ မနှစ်ကတော့ ယူအက်စ် နဲ့ အိုင်ယာလန်၊ ဒီနှစ်တော့ ထိုင်း၊ နယူးဇီလန်၊ သြစီ။

ထိုင်းနိုင်ငံမှာတော့ ရွေးကောက်ပွဲ ၀င်မယ့် အနှိပ်ခန်းလုပ်ငန်းရှင်ဟောင်း ချူဝစ် (Chuvit Kamolvisit)က ဒီအခွင့်အရေးကို အပြည့်အ၀ သုံးတတ်ပါတယ်။

မဲဆွယ်ခရီး တနေရာမှာ ချူဝစ် ၀မ်းလျားမှောက်နေတာကို အင်တာနက် တနေရာမှာ တွေ့ရပါတယ်။

တချို့ကလည်း ၀တ်လစ်စလစ် ၀တ်စုံနဲ့ ကစားပါတယ်။ အင်တာနက်မှာ တင်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေပါ။
ဒီလို ဖော်ပြရင် ရာဇ၀တ်မှုမြောက်မယ်လို့ ဆိုင်ရာက သတိပေးပါတယ်။ ဆယ်ကျော်သက်တွေကို ထိန်းကြဖို့လည်း မိဘတွေကို သတိပေးပါတယ်။

အင်တာနက်မှာ မြင်ရတဲ့ ၀မ်းလျားမှောက်ပုံတွေထဲမှာ ထိုင်းက သံဃာတပါး လို့ ယူဆရတဲ့ပုံက အထင်ရှားဆုံးထဲ ပါပါတယ်။ ဒီဓာတ်ပုံထဲက ပုဂ္ဂိုလ် ဘယ်သူလဲ ဆိုတာ သတင်းပေးနိုင်ရင် ဒေါ်လာ ၂၀၀ ပေးမယ်လို့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခတဦးက ပြောပါသတဲ့။

ဝမ်းလျားမှောက်တာ မကောင်းဘူး၊ ထိုင်တာ ပိုကောင်းတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒီတော့လည်း ထိုင်တဲ့ ပုံတွေ facebook ပေါ် ရောက်လာပြန်ရော။

ဒီ အပြောင်းအလဲမှာ မှောက်တာရော ထိုင်တာရော ပါဝင်တဲ့ တူးအင်ဝမ်းပုံလည်း ချက်ချင်း တက်လာပါတယ်။ အင်တာနက် မြန်နှုန်းမြင့်မှုကို ခံစားရတဲ့ ထိုင်းနိုင်ငံသားများကတော့ ခေတ်နဲ့ လိုက်လျောညီထွေ နေတတ်တာပါပေတယ်လို့ ဆိုရမလား။


ကဲ - ကမ္ဘာအရပ်ရပ်က ၀ိုင်းဝန်း အားပေးပုံတွေကို ကြည့်ပါအုံး။ လူမျိုးမရွေး အသက်အရွယ်မရွေး တက်ကြွနေကြပါပြီ။



မြန်မာပြည်မှာလည်း ဒါမျိုး ခေတ်စားလာနိုင်ပါတယ်။
facebook လည်း အသုံးများလာပြီမို့ အကုန်အကျ မရှိတဲ့ ဒီကစားနည်းက မြန်မာပြည်သားတို့ရဲ့ အင်တာနက်စာမျက်နှာမှာ နည်းနည်းတော့ ရောက်လာမှာပါ။




:)

4 comments :

  1. Anonymous said... :

    မှောက်ကောင်းလွန်းလို ့ၾသစေတ်းလ် ဆစ်ဒနီမြို့ မှာ တစ်ယောက် ၀၇ံတာက ပြုတ်ကျသေသွားပြီး။ အမေရိကန်မှာလဲ ကျိုးပဲ့ ကုန်ပြီး ဟာသလုပ်ကောင်းလို့ ဘ၀ပါဆုံးသွားကြတယ်။

  1. Anonymous said... :

    ဒီလို အဆန်းထွင်တာ ဘာမှကောင်းကြိုး မရဘူးလိုထင်ပါတယ်

  1. Anonymous said... :

    ဒီပုံ‌တွေကြိုမင်ရ‌တော့...ဆူနာမီတုန်းကအ‌လောင်း
    ‌တွေကိုမြင်‌ယောင်မိ‌တယ်..တပုံစံထဲဘဲ...အလ
    ကား‌နေရင်းကိုယ့်ဟာကိုယ်‌သေချင်းဆိုးနဲ့‌သေခိုင်း‌နေ
    ကြသလိုဘဲ..။

  1. GEE said... :

    အညောင်းပြေမှာကတေါ့ သေချာတယ် :D

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved