ဂျာမနီဝန်ကြီးချုပ် အင်ဂျယ်လာ မာကယ် (Angela Merkel) က မြန်မာပြည် နိုင်ငံရေး၊ လူ့အခွင့်အရေးအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ အာဆီယံကို ဒီကနေ့ တိုက်တွန်းလိုက်တဲ့အကြောင်း AFP သတင်းတပုဒ်က ဆိုပါတယ်။
"မြန်မာပြည်အကြောင်း ပြောဆိုနေပုံတွေ၊ မြန်မာပြည်က အာဆီယံဥက္ကဋ္ဌဖြစ်ချင်နေတာတွေကြောင့် ကျမ နည်းနည်း စိုးရိမ်မိတယ်" လို့ ၀န်ကြီးချုပ်က စင်္ကာပူမှာလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ ပြောလိုက်တာပါ။
ဆွေးနွေးပွဲမှာ အစိုးရအရာရှိတွေ၊ သံတမန်တွေ၊ ပညာရှင်တွေ တက်ပါတယ် တဲ့။
"မြန်မာပြည် လက်ရှိ ခေါင်းဆောင်ပိုင်းက ဒီမိုကရေစီကို တကယ် ဖော်ဆောင်မယ့်ပုံ မပေါ်ဘူး" လို့ သူက ပြောလိုက်ပါတယ်။
"ဒေသတွင်း နိုင်ငံတွေက ဒါတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ်လို့ ကျမတို့ ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီမိုကရေစီ နဲ့ လွတ်မြောက်ရေး ဆိုတာက ဒေသတွင်း အရေးအရာတွေ မဟုတ်တော့ဘူး၊ ကျမတို့ အားလုံးနဲ့ သက်ဆိုင်တဲ့ ကမ္ဘာ့ရေးရာ ဖြစ်နေပါပြီ" လို့ ဂျာမနီဝန်ကြီးချုပ်က ဆိုပါတယ်။
reuters photo
Yes,I have totally agreed and support Frau Angela Merkel briefing in ASEAN. Some ASEAN leaders pretend to support this so called New Government,which is totally back up by dictator Than Shwe 's opinio Government. They will march and follow same idea like before. Those who knows,will not support this Uniform Changed Government.The country is still inthe shadows of Regime,and lack of everything.Please do not trust this new Government,with old rulers.